Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဗျာဒိတ် 7:15 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

15 အဲကျောန့်၊ “သူလို့ဟ ဘုရားသခင်ရဲ့ ပလ္လင်ဆေ့နှိုက် နေယွေ့ ကိုယ်တော်ရဲ့ ဗိမာန်တော်တွင် နေ့ရောညပါ ကိုယ်တော်ဟို ဝတ်ပြုရကြအယ်။ ပလ္လင်ပေါ်တွင် ထိန်သောသူဟလည်း သူလို့နဲ့အတူ ဆိပင်း ကာကွယ်စောင့်ဆှောက်လိမ့်မယ်။

Faic an caibideil Dèan lethbhreac




ဗျာဒိတ် 7:15
25 Iomraidhean Croise  

နှုတ်ကပတ်တော်ဟ လူသားအဖြစ် ခံယူယွေ့ ကျေးဇူးတော်နဲ့ သမ္မာတရားဟို ပြေ့စုံလျက် ငါလို့ထဲတွင် ကျိန်းဝပ်အယ်။ ငါလို့ဟ ကိုယ်တော်ရဲ့ ဘုန်းအသရေဟို မျော်ကြရအယ်၊ အဲဘုန်းအသရေဟ ခမည်းတော်ရဲ့ တပါးတည်းသော သားတော်အဖြစ် ခံယူရဆိလဲ့ ဘုန်းအသရေ ဖြစ်အယ်။


နင်လို့ဟ ဘုရားသခင်ရဲ့ ဗိမာန်တော် ဖြစ်ပင်း၊ နင်လို့အထဲနှိုက် ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ ကျိန်းဝပ်တာဟို မသိကြသလော။


ဘုရားသခင်ရဲ့ ဗိမာန်တော်နဲ့ ရုပ်တုလို့ အကြားနှိုက် စလိုသဘောတူညီမှု ဆိတုန်း။ ငါလို့ဟ အသက်ဆှင်သော ဘုရားသခင်ရဲ့ ဗိမာန်တော် ဖြစ်ကြအယ်။ ဘုရားသခင်တတ်တိုင်း မိန့်လဲ့အတိုင်း၊ “ငါဟ ငါရဲ့ လူလို့တွင် ကျိန်းဝပ်ပင်း သူလို့ထံတွင် စံနေအယ်၊ ငါဟ သူလို့ရဲ့ ဘုရားသခင် ဖြစ်ယွေ့ သူလို့ဟလည်း ငါရဲ့ လူမျိုး ဖြစ်လိမ့်မယ်။”


ငါလို့ရဲ့ ယုံကြည်ခြင်းဟို အစပြုဖြစ်တည်စေယွေ့ စုံလင်စေလဲ့သူဖြစ်သော ယေရှုဟို မျက်မှောက်ပြုကြကုန်စို့၊ ကိုယ်တော်ဟ မိမိဆေ့နှိုက် ပြင်ဆင်ထားသော ဝမ်းမြောက်ခြင်းကျောန့် ဆှက်ဖွယ်အရာများဟိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်နှိုက် ခံပင်းရင် ဘုရားသခင်ရဲ့ ပလ္လင်တော် လက်ယာဘက်နှိုက် ထိန်နေအယ်။


ငါလို့ ပြောဆိုနေသော အကျောန်းအရာများတွင် အရေးကြီးလဲ့အချက်မှာ ငါလို့တွင် အဲသို့သော ယဇ်ပုရောဟိတ်မင်း ဆိခြင်းဖြစ်အယ်၊ ကိုယ်တော်ဟ ခေါန်းခင်ဘုံဆိ တန်ခိုးအာနုဘော်ရဲ့ ပလ္လင် လက်ယာဘက်နှိုက် ထိန်နေအယ်။


အဲပင်းရင် ခေါန်းခင်နှိုက်ဆိသော ဘုရားသခင်ရဲ့ ဗိမာန်တော်ဟ ပွင့်ယွေ့ အဲဗိမာန်တော်ထဲတွင် ကိုယ်တော်ရဲ့ ပဋိညာဉ်သေတ္တာဟို မျော်အယ်။ ဆတ်ပျက်ထိုးခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်း၊ ငလျင်လှုပ်ခြင်းနဲ့ ကြီးမားသော မိုးသီးကျခြင်းလို့လည်း ဖြစ်လေအယ်။


သူဟ ဘုရားသခင်နဲ့ ကိုယ်တော်ရဲ့ နာမဟို လည်းကောင်း၊ ကိုယ်တော် တဲတော်ဟို လည်းကောင်း၊ ခေါန်းခင်နှိုက် စံစားသောသူလို့ဟို လည်းကောင်း၊ ပစ်မားပြောဆိုရန် မိမိရဲ့ စလောင်ဟို ဖွင့်လေအယ်။


သူလို့ဟို လှည့်စားသော မာရ်နတ်ဟလည်း သားရဲနဲ့ မိစ္ဆာပရောဖက်လို့ဆိရာ ကန့်နဲ့ ရောသော မီးအိန်ထဲဟို လောချခြင်း ခံရအယ်။ သူလို့ဟ အဲနေရာနှိုက် နေ့ရောညပါ ကမ္ဘာအဆက်ဆက် ညှဉ်းဆဲခြင်းဟို ခံရကြလိမ့်မယ်။


အဲမြို့နှိုက် ဗိမာန်တော်ဟို ငါ မမျော်ရ။ အကျောန်းမှာ အနန္တတန်ခိုးနဲ့ ပြေ့စုံသော ထာဝရအဆှင် ဘုရားသခင်နဲ့ သိုးသငယ်ဟ အဲမြို့ရဲ့ ဗိမာန်တော် ဖြစ်အယ်။


ကျိန်ဆဲခြင်း ခံရသောအရာ တစုံတခုမျှ ဆိတော့မှာ မဟုတ်။ ဘုရားသခင်နဲ့ သိုးသငယ်ရဲ့ ပလ္လင်တော်ဟ အဲမြို့တွင် ဆိယွေ့ ကိုယ်တော်ရဲ့ အစေခံလို့ဟ ကိုယ်တော်ဟို ကိုးကွယ်ကြလိမ့်မယ်။


ညဟ ဆိတော့မှာ မဟုတ်။ ထာဝရအဆှင် ဘုရားသခင်ဟ သူလို့အပေါ် ထွန်းလင်းတာ ဖြစ်ယွေ့ မီးဖူးရဲ့ အလင်းနဲ့ နေရဲ့ အလင်းလို့ လိုအပ်တော့ဝူး။ သူလို့ဟ ကမ္ဘာအဆက်ဆက် စိုးစံကြလိမ့်မယ်။


အဲပလ္လင်ရဲ့ ပတ်ဝန်းကျင်နှိုက် အခြားသော ပလ္လင်နေဆယ်လေး ပလ္လင် ဆိအယ်။ အဲပလ္လင်လို့အပေါ်နှိုက် အသက်ကြီးသူ နေဆယ်လေးပါးလို့ဟ ဖြူသောအဝတ်ဟို ဝတ်ဆင်လျက် ခေါင်းပေါ်နှိုက် ဆွေသရဖူဟို ဆောင်းလျက် ထိန်နေကြအယ်။


အဲသတ္တဝါလေးပါး အသီးသီးလို့တွင် တောင်ပံခြောက်ခုစီ ဆိယွေ့ ပတ်ပတ်လည်နဲ့ အတွင်းဘက်နှိုက် မျက်စေ့များဖြင့် ပြေ့လျက် ဆိကြအယ်။ သူလို့ဟ နေ့ရောညပါ ရပ်နားခြင်း မဆိဘဲ၊ “အခုဆိလျက် မခင်ဟလည်း ဆိလျက် နောင်အခါကြွလာမဲ့ အနန္တတန်ခိုးနဲ့ ပြေ့စုံသော ထာဝရအဆှင် ဘုရားသခင်ဟ သန့်ဆှင်းအယ်၊ သန့်ဆှင်းအယ်၊ သန့်ဆှင်းအယ်” ဟု ကြွေးကြော်နေကြအယ်။


အဲလို ပလ္လင်တော်ပေါ်တွင် ထိန်လျက် ကမ္ဘာအဆက်ဆက် အသက်ဆှင်သော သူရဲ့ ဘုန်းတော်၊ ဂုဏ်တော်နဲ့ ကျေးဇူးတော်လို့ဟို သတ္တဝါလေးပါးလို့ဟ ချီးမွန်းကြသောအခါ၊


အဲပင်းရင် ငါကျေ့လိုက်ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုးနဲ့ ဘာသာစကား အသီးသီးလို့မှ စသူမျှ မရေတွက်နိန်လဲ့ ရမ်းဆာ့သော လူအပေါင်းလို့အထဲမှ ဝတ်လုံဖြူဟို ဝတ်ဆင်လျက် စွန်ပလွံခက်များ ကိုင်ဆောင်ကာ ပလ္လင်တော်နဲ့ သိုးသငယ်ဆေ့တွင် ရပ်နေကြအယ်။


Lean sinn:

Sanasan


Sanasan