12 သူလို့ဟ၊ “အာမင်၊ ငါလို့ရဲ့ ကမ္ဘာအဆက်ဆက် ကောင်းကြီးမင်္ဂလာ၊ ဘုန်းအသရေ၊ ပညာနဲ့တကွ ကျေးဇူးတော် ချီးမွန်းခြင်း၊ ဂုဏ်အသေရေ၊ တန်ခိုးနဲ့ အစွမ်းသတ္တိ ဆိစေသတည်း။ အာမင်” ဟု ပြောဆိုကြအယ်။
အပစ်သွေးဆောင်ရာဟို မလိုက်ပါစေဘဲ၊ အကောင်းလဲ့အမှုအရာမှလည်း ကယ်နုတ်မန့်။’ ဟု ဆုတောင်းကြလော့။
အကျောန်းမှာ အရာအားလုံးဟို ဖန်ဆင်းခဲ့သောသူဟ သူဖြစ်အယ်၊ အရာခပ်သိမ်းဟ သူအားဖြင့် တည်ဆိလာပင်း သူ့အတွက် ဖြစ်အယ်။ ဘုရားသခင်ရဲ့ ဘုန်းတော် အမြဲတမ်း ထင်ဆှားပါစေ၊ အာမင်။
နင်လို့ဟ စိတ်နေလုံးအားဖြင့် သာလျှင် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းယွေ့ ဆုတောင်းပြုရင် ပရိသတ် ဝတ်ပြုခြင်းနှိုက် သာမန်လူတယောက်ဟ နင်လို့ ပြောဆိုသမျှ စကားများဟို နားမလည်နိန်သဖြင့် ပစာသို့ နင်လို့ရဲ့ ဆုတောင်းဟို “အာမင်” ဟု ဝန်ခံနိန်မလုန်း။
ခပ်သိမ်းသောအရာလို့ဟ နင်လို့အတွက် ဖြစ်ကြအယ်၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ခံစားရသောသူ ပိုမိုများပြားလာတာနဲ့အမျှ ဘုရားသခင်ရဲ့ ဘုန်းအသရေ ထင်ဆှားစေရန် ချီးမွန်းလဲ့ ဆုတောင်းခြင်းလည်း ပိုမိုများပြားလာလိမ့်မယ်။
ကိုယ်တော်နှိုက် အမြစ်တွယ်ယွေ့ တည်ဆောက်ခြင်း ခံရကာ နင်လို့ သင်ယူခဲ့လဲ့အတိုင်း ယုံကြည်ခြင်းနှိုက် တည်မြဲစေကြလော။ ကျေးဇူးတော် ချီးမွန်းခြင်းနဲ့ ပြေ့စုံကြလော။
နင်လို့ ပြုသမျှသောအရာလို့ဟိုလည်း စကားပြောဆိုမှု ဖြစ်စေ၊ လုပ်ဆောင်မှု ဖြစ်စေ အရာခပ်သိမ်းလို့ဟို သခင် ယေရှုရဲ့ နာမဟို ထောက်ယွေ့ ကိုယ်တော်အားဖြင့် ခမည်းတော် ဘုရားသခင်ဟို ကျေးဇူးတင်ကြလော့။
ငါလို့ရဲ့ ကယ်တင်ဆှင်၊ တဆူတည်းသော ဘုရားသခင်နှိုက် ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်အားဖြင့် ဘုန်းအသရေတော်၊ အာနုဘော်၊ တန်ခိုးအရှိန်အဝါနဲ့ အာဏာစက်လို့ဟ မခင်ကာလ အစဉ်အဆက်၊ အခု ကာလနဲ့ နောင်လာမယ့်ကာလ အစဉ်မပြတ် ဆိပါစေသော။ အာမင်။
အသက်ဆှင်သောသူလည်း ဖြစ်အယ်။ ငါဟ ဦးရင် သေတာ ဖြစ်ယွေ့ ကမ္ဘာအဆက်ဆက် အသက်နဲ့ ပြေ့စုံအယ်။ သေခြင်းနဲ့ မရဏာနိုင်ငံဟိုလည်း ငါ အစိုးရအယ်။
အသက်ကြီးသူ ၂၄ ပါးနဲ့ သတ္တဝါလေးပါးလို့ဟ ပျပ်ဝပ်ယွေ့ ပလ္လင်တော်ပေါ်မှာ ထိန်သော ဘုရားသခင်ဟို ကိုးကွယ်လျက် “အာမင်၊ ဟာလေလုယာ” ဟု ဆိုကြအယ်။