Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဗျာဒိတ် 6:12 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

12 သိုးသငယ်ဟ ဆဋ္ဌမ တံဆိပ်ဟို ဖွင့်သောအခါ ငါကျေ့လိုက်ရာ ငလျင်ပြင်းထန်စွာ လှုပ်သဖြင့် နေဟ ဆိတ်မွေးနဲ့ လုပ်သော အဝတ်ကြမ်းလို မည်းအယ်။ လတခုလုံးဟ အသွေးလို ဖြစ်အယ်။

Faic an caibideil Dèan lethbhreac




ဗျာဒိတ် 6:12
31 Iomraidhean Croise  

“ခေါရာဇိန်မြို့ ကြောက်စရာကောင်းလဲ့အရာဟ နင့်ဟို စောင့်နေအယ်၊ အေးတိုင်းတိုင်း ဗက်ဇဲဒမြို့လည်း ကြောက်စရာကောင်းလဲ့အရာဟလည်း နင့်ဟို စောင့်နေအယ်၊ နင်လို့ဆေမှာ ပြခဲ့လဲ နိမိတ်လက္ခဏာများဟို တုရုမြို့နဲ့ ဇိဒုန်မြို့တွင်ပြခဲ့ရင် လူများလို့ဟ အရင်အခါဟ လျှော်တေအဝတ်ဟို ဝတ်ပင်း၊ ပြာမှုန့်ဟို သူလို့ပက်ပင်း ထိန်လျက် သူလို့ဟ မိမိလို့ရဲ့အပစ်များမှ ပြန်လှည့်ကျောန်းဟို ပြသမယ်ဖြစ်အယ်။


“အေးနေ့ရက်ရဲ့ ဆင်းရဲဒုက္ခများ ကျရောက်လာပင်းနောက် ခုတုံးပင် နေဟ မိုက်သွားလိမ့်မယ်။ လဟ အလင်းရောင်ပေးလိမ့်မယ် မဟုတ်၊ ကြယ်များဟလည်း ခေါန်းခင်မှ ကြွေလိမ့်မယ်။ ခေါန်းခင်လည်း တုန်လှုပ်ကြလိမ့်မယ်။


လူမျိုးတမျိုးနဲ့ တမျိုး၊ တနိုင်ငံနဲ့ တနိုင်ငံ စစ်ဖြစ်ယွေ့ နေရာအနှံ့တွင် အစာခေါင်းပါးပင်း မြေငလျင်လှုပ်လိမ့်မယ်။


မွန်းတည့်ချိန်မှစယွေ့ မွန်းလွဲသုံးနာရီတိုင်အောန် မြေတပြင်လုံးတွင် မိုက်လေအယ်။


တပ်မှူးနဲ့တကွ ယေရှုဟို စောင့်ကျေ့နေကြသော စစ်သားများဟ မြေငလျင်လှုပ်ခြင်းနဲ့ အခြားအဖြစ်အပျက်များဟိုလည်းကောင်း တွေ့မျော်ကြသောအခါ ရမ်းဆာ့ကြောက်လန့်ကြယွေ့ “ဟေသူဟ အမန်ပင် ဘုရားသခင်ရဲ့သားတော် ဖြစ်အယ်” ဟု ဆိုကြအယ်။


ရုတ်တရက် ပြင်းလဲ့ မြေငလျင်လှုပ်လေအယ်။ အကျောန်းမှာ ဘုရားသခင်ရဲ့ ခေါန်းခင်တမန်ဟ ခေါန်းခင်ဘုံမှ ဆင်းလာယွေ့ ကျောက်တုံးဟို တွန်းဖယ်ပင်း အဲကျောက်တုံးပေါ်မှာ ထိန်နေသောကျောန့် ဖြစ်အယ်။


မွန်းတည့်ချိန်နှိုက် အမိုက်ဟ မွန်းလွဲသုံးနာရီတိုင်အောန် မြေတပြင်လုံးနှိုက် လွှမ်းလေအယ်။


အဲအချိန်နာရီနှိုက် ပြင်းထန်သော ငလျင်လှုပ်ယွေ့ မြို့ဆယ်ပုံတပုံဟ ပြိုလဲသွားအယ်။ အဲငလျင်ကျောန့် လူပေါင်း ၇,၀၀၀ သေကြအယ်။ ကြွင်းကျန်သော သူလို့ဟ ကြောက်လန့်လျက် ခေါန်းခင်ဘုံဆှင် ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ချီးမွန်းကြအယ်။


အဲအခါ လျှပ်ပြက်ခြင်း၊ အသံမြည်ခြင်းနဲ့ မိုးချုန်းခြင်းများ ဖြစ်ပေါ်လာယွေ့ ငလျင်ပြင်းထန်စွာ လှုပ်လေအယ်။ မြေကြီးပေါ်တွင် လူဖြစ်ပေါ်လာချိန်မှစယွေ့ အဲမျှလောက် ကြီးမားယွေ့ ပြင်းထန်သော ငလျင်မျိုးဟ ဖြစ်ခဲ့ဝူး။


စတုတ္ထ ခေါန်းခင်တမန်ဟ သူရဲ့ ဖလားဟို နေပေါ်ဟို သွန်းလောင်းသောအခါ နေဟ လူလို့အား မီးဖြင့် လောင်ရသောအခွင့်ဟို ရအယ်။


စတုတ္ထ ခေါန်းခင်တမန်ဟ တံပိုးခရာဟို မှုတ်လိုက်သောအခါ နေရဲ့ သုံးပုံတပုံ၊ လရဲ့ သုံးပုံတပုံ၊ ကြယ်များရဲ့ သုံးပုံတပုံလို့ဟို ထိပါးတိုက်ခိုက်ခြင်း ခံရသဖြင့် ၎င်းလို့ရဲ့ သုံးပုံတပုံဟ မိုက်သွားလေအယ်။ နေ့ရဲ့ သုံးပုံတပုံဟလည်း အလင်းရောင် ကွယ်ပျောက်လျက် ညဟလည်း အဲတိုင်းတိုင်း ဖြစ်အယ်။


အဲပင်းရင် ခေါန်းခင်တမန်ဟ နံ့သာပူဇော်ရာ မုတ်ဟို ယူယွေ့ ၎င်းဟို ယဇ်ပလ္လင်ရဲ့ မီးနဲ့ ပြေ့စေပင်းရင် မြေကြီးပေါ်ဟို လောချလိုက်ရာ ဆတ်ပျက်ထိုးခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်းနဲ့ ငလျင်လှုပ်ခြင်းများ ဖြစ်ပေါ်လာအယ်။


Lean sinn:

Sanasan


Sanasan