Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဗျာဒိတ် 5:9 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

9 အဲပင်းရင် သူလို့ဟ သီချင်းအသစ်ဟို သီဆိုလျက်၊ “ကိုယ်တော်ဟ စာလိပ်ဟို ယူယွေ့ အေးရဲ့ တံဆိပ်များဟို ဖွင့်ရန် ထိုက်တန်သောသူ ဖြစ်အယ်။ အကျောန်းမှာ ကိုယ်တော်ဟ အသေသတ်ခြင်း ခံရယွေ့ ကိုယ်တော်ရဲ့ အသွေးအားဖြင့် လူမျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနဲ့ တိုင်းနိုင်ငံအသီးသီးလို့ထဲမှ လူလို့ဟို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူအယ်။

Faic an caibideil Dèan lethbhreac




ဗျာဒိတ် 5:9
41 Iomraidhean Croise  

လူသားပင်လျှင် သူတပါးအား အစေခံရန် ကြွလာတာ မဟုတ်။ အဲလိုလဲ သူတပါးရဲ့ အစေဟိုခံရန်နဲ့ မိမိအသက်ဟို စွန့်ယွေ့ လူများအား ရွေးနုတ်ရန် ကြွလာသတည်း” ဟု မိန့်အယ်။


ဟေစာဟ ဘုရားသခင်ရဲ့ ပဋိညာဉ်တော်ဟို တံဆိပ်ခတ်သော လူတို့အပစ် ဖြေလွှတ်ရန်အတွက် သွန်းသော ငါရဲ့ အသွေးဖြစ်အယ်။


နင်လို့ဟ မိမိကိုယ်ကိုလည်းကောင်း၊ သိုးများအားလုံးဟို လည်းကောင်း ဂရုစိုက်ကြလော၊ ကိုယ်တော်ရဲ့ အသွေးတော်အားဖြင့် ဝယ်ယူထားသော ဘုရားသခင်ရဲ့ အသင်းတော်ဟို နင်လို့ အုပ်ထိန်းစေရန် အေးသိုးစုဟို ကြီးကြပ်သူအဖြစ် သန့်ဆှင်းသော ဝိညာဉ်တော်ဟ နင်လို့ဟို ခန့်ထားအယ်။


ကိုယ်တော်ဟ နင်လို့ဟို အဖိုးအခ ပေးယွေ့ ဝယ်ယူထားအယ်။ အဲကျောန့် နင်လို့ရဲ့ ကိုယ်ခန္ဓာဟို ဘုရားသခင်ရဲ့ ဘုန်းတော်အတွက် အသုံးပြုကြလော့။


နင်လို့ဟို ဘုရားသခင်ဟ အဖိုးအခ ပေးယွေ့ ဝယ်ယူထားသဖြင့် လူလို့ဆေ ကျွန်မခံကြနဲ့။


အကျောန်းမှာ ခရစ်တော်ရဲ့ အသွေးတော်အားဖြင့် ငါလို့ဟ လွတ်မြောက်ခြင်းသို့ ရောက်ကြပီ။ ဆိုလိုတာဟ ငါလို့ရဲ့ အပစ်များဟို ခွင့်လွတ်ခြင်း ခံရအယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟ စလောက်ကြီးမားသလဲ။


ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနဲ့ ဝိညာဉ်ရေးဆိုင်ရာ သီချင်းများဟို အချင်းချင်းသီဆိုလျက် သခင်ဘုရားဆေဟို နင်လို့ရဲ့ စိတ်နေလုံးထဲမှ သီဆိုကျူးဧကြလော့။


ဘုရားသခင်ဟ အဲသားတော်အားဖြင့် ငါလို့ဟို ရွေးနုတ်ပီ။ အဲနည်းအားဖြင့် ငါလို့ရဲ့ အပစ်များဟို ဖြေလွှတ်ပီ။


အဲလိုမို့ နင်လို့ဟ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို အုတ်မြစ်လို ခိုင်မာစေရန် ဆက်လက် ထိန်းသိမ်းရကြမယ်၊ နင်လို့ဟ ဧဝံဂေလိတရားဟို ကြားသိရသောအခါ ရဆိခဲ့သော မျော်လင့်ခြင်းမှ နင်လို့တတ်တိုင်း မယိမ်းယိုင်စေနဲ့။ ကမ္ဘာအနှံ့အပြားသို့ ဟောပြောရန်ဖြစ်သော အဲဧဝံဂေလိတရားအတွက် အစေခံဟ ငါ ပေါလုပင် ဖြစ်အယ်။


ခရစ်တော်ဟ ငါလို့ဟို ခပ်သိမ်းသော တရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နဲ့ ကောင်းသောအမှုနှိုက် စိတ်အားထက်သန်လဲ့ မိမိပိုင်သော လူမျိုးဟို မိမိအတွက် သန့်ဆှင်းစေရန် ငါလို့အတွက် မိမိကိုယ်ကို စွန့်အယ်။


အေးလို ဝန်ခံသောသူလို့ဟ မိမိလို့ နေရင်းပြေဟို ကြိုးစားဆှာဖွေကျောန်း ထင်ဆှားစေကြအယ်။


အဲလိုလဲ မားယွင်းသော ပရောဖက်များဟ လူမျိုးတော်ထဲနှိုက် ပေါ်လာသလိုမျိုး နင်လို့ထဲနှိုက်လည်း ဆရာအတုအယောင်များ ပေါ်လာကြလိမ့်မယ်။ အေးသူလို့ဟ ပျက်စီးခြင်းဟို ရောက်စေမယ့် မားယွင်းသော အယူဝါဒများဟို လျှို့ဝှက်စွာ ယူဆောင်လာယွေ့ မိမိလို့ဟို ရွေးနှုတ်ဝယ်ယူသော သခင်ဟိုပင် ငြင်းပယ်ကာ မိမိလို့အပေါ် လျင်မြန်သော ပျက်စီးခြင်းဟို ကျရောက်စေကြလိမ့်မယ်။


အားပေမဲ့ ဘုရားသခင်ဟ အလင်းနှိုက် ဆိသလို ငါလို့ဟလည်း အလင်းနှိုက် အသက်ဆှင် ဆော့က်လှမ်းရင် ငါလို့ဟ အချင်းချင်းနှိုက် မိတ်သဟာယဖွဲ့ခြင်း ဆိယွေ့ ဘုရားသခင်ရဲ့ သားတော် ယေရှုရဲ့ အသွေးတော်ဟ ငါလို့ဟို အပစ်ဆိသမျှလို့မှ စင်ကြယ်စေအယ်။


အဲသခင်ဟ ငါလို့ အပစ်များအတွက် အသနားခံခြင်း ပူဇော်သကာ ဖြစ်အယ်။ ငါလို့ အပစ်များအတွက် သာမက လောကီသားအပေါင်းလို့ရဲ့ အပစ်များအတွက်လည်း ဖြစ်အယ်။


အဲပင်းရင် ခေါန်းခင်တမန်ဟ “နင်သည် ရမ်းဆာ့သော လူမျိုးများ၊ တိုင်းနိုင်ငံများ၊ ဘာသာစကားများ၊ ဆှင်ဘုရင်များရဲ့ အကျောန်းနဲ့ စပ်လျဉ်းလဲ့ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်ဟို နောက်တဖန် ဟောပြောလိမ့်မယ်” ဟု ငါ့အား ဆိုအယ်။


အဲအခါ လူမျိုး၊ လူမျိုးနွယ်စု၊ ဘာသာစကားနဲ့ တိုင်းနိုင်ငံအသီးသီးလို့မှ လူလို့ဟ သူလို့ရဲ့ အလောင်းများဟို သုံးရက်ခွဲတိုင်အောန် ကျေ့ရှုကြပင်း အဲသူလို့ဟို လုတ်တိုင်းနှိုက် သင်္ဂြိုဟ်ရန် ခွင့်မပြုဘဲ နေကြလိမ့်မယ်။


သူဟ သန့်ဆှင်းသူလို့ဟို စစ်တိုက်ယွေ့ အောန်နိန်သောအခွင့်ဟို ရဆိပင်း လူမျိုးနွယ်စု၊ လူမျိုး၊ ဘာသာစကားနဲ့ တိုင်းနိုင်ငံအသီးသီးလို့မှ လူလို့အား အုပ်စိုးရသော အခွင့်ဟိုလည်း ရဆိအယ်။


အသေသတ်ခြင်း ခံရလဲ့ သိုးသငယ်ရဲ့ အသက်စာစောင်နှိုက် ကမ္ဘာဦးမှ စယွေ့ နာမယ် မရေးထားသော မြေကြီးပေါ်တွင် နေထိန်သူအားလုံးလို့ဟ အဲသားရဲဟို ကိုးကွယ်ကြလိမ့်မယ်။


အဲပင်းရင် အခြားသော ခေါန်းခင်တမန် တပါးဟ ခေါန်းခင်အလယ်နှိုက် ပျံသန်းနေတာဟို ငါ မျော်အယ်။ သူဟ မြေကြီးပေါ်တွင် နေထိန်ကြသူများ တည်းဟူသော တိုင်းနိုင်ငံ၊ လူမျိုးနွယ်စု၊ ဘာသာစကား အမျိုးမျိုးပြောဆိုသော လူမျိုးအသီးသီးလို့အား ဟောပြောရန် ထာဝရတည်လဲ့ သတင်းကောင်းဟို ယူဆောင်လာအယ်။


သူလို့ဟ ဘုရားသခင်ရဲ့ အစေခံ မောရှေရဲ့ သီချင်းနဲ့ သိုးသငယ်တော်ရဲ့ သီချင်းများဟို သီဆိုကာ “အနန္တတန်ခိုးနဲ့ ပြေ့စုံသော ထာဝရအဆှင် ဘုရားသခင်၊ ကိုယ်တော်ပြုသောအမှုလို့ဟ ကြီးမြတ်ယွေ့ အံ့ဩဖွယ်ကောင်းလပါအယ်။ လူမျိုးတကာလို့ရဲ့ ဘုရင်၊ ကိုယ်တော်ရဲ့ နည်းလမ်းလို့ဟ ဖြောင့်မတ်ယွေ့ မန်ကန်အယ်။


အဲပင်းရင် အေးခေါန်းခင်တမန်ဟ “နင်မျော်ရသော ပြေ့တန်ဆာ ထိန်နေလဲ့ ယေများဟ တိုင်းနိုင်ငံများ၊ ဘာသာစကားအမျိုးမျိုး ပြောဆိုသော လူမျိုးများနဲ့ ပြေသူပြေသားများ ဖြစ်ကြအယ်။


“ငါလို့ရဲ့ အဆှင် ဘုရားသခင်၊ ကိုယ်တော်ဟ ခပ်သိမ်းသောအရာလို့ဟို ဖန်ဆင်းသဖြင့် အဲအရာလို့ဟ ကိုယ်တော်ရဲ့ အလိုတော်အားဖြင့် တည်ယွေ့ ဖန်ဆင်းခြင်း ခံရပီ ဖြစ်သောကျောန့် ကိုယ်တော်ဟ ဘုန်းတော်၊ ဂုဏ်တော်နဲ့ တန်ခိုးတော်လို့ဟို ခံယူထိုက်အယ်” ဟု ဆိုကြအယ်။


သူလို့ဟ ကျယ်လောင်သော အသံဖြင့်၊ “အသေသတ်ခြင်း ခံရသော သိုးသငယ်ဟ တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအသရေနဲ့ ကောင်းချီးမင်္ဂလာလို့ဟို ခံယူထိုက်သောသူ ဖြစ်အယ်” ဟု ကြွေးကြော်အယ်။


အဲအခါ ပလ္လင်တော်မှစသော သတ္တဝါလေးပါးနဲ့ အသက်ကြီးသူလို့ အလယ်နှိုက်၊ အသေသတ်ပင်းသလို သိုးသငယ်ဟ ရပ်လျက်ဆိတာဟို ငါမျော်အယ်။ အဲသိုးသငယ်ဟ မြေကြီးတပြင်လုံးနှိုက် လွှတ်သော ဘုရားသခင်ရဲ့ ဝိညာဉ် ခုနေပါးတည်းဟူသော မျက်စေ့ ခုနေလုံးနဲ့ ချိုခုနေချောင်း ဆိအယ်။


Lean sinn:

Sanasan


Sanasan