3 အဲလိုလဲ ခေါန်းခင်၊ မြေကြီး၊ မြေကြီးအောက်နှိုက် အဲစာလိပ်ဟို ဖွင့်နိန်သူ၊ ကျေ့နိန်သူ တယောက်မျှ မဆိ။
ကျမ်းစာဟောတာဟ၊ “စသူဟ ဘုရားသခင်ရဲ့ စိတ်ဟို သိနိန်လုန်း။ စသူဟ ကိုယ်တော်အား အကြံဉာဏ်ပေးနိန်လုန်း။
အဲကျောန့်၊ ယေရှုရဲ့ နာမတော်ဟို ဂုဏ်ပြုသောအားဖြင့် အထက်ခေါန်းခင်အရပ်နှိုက် လည်းကောင်း၊ မြေကြီးပေါ်နှိုက် လည်းကောင်း၊ မြေကြီးအောက်နှိုက် လည်းကောင်း၊ ဆိဆိသမျှလို့ဟ ဒူးထောက်ကြလိမ့်မယ်။
အဲပြင် ခေါန်းခင်၊ မြေကြီး၊ မြေကြီးအောက် ပင်လယ်အရပ်ရပ်နှိုက် ဆိသမျှသော သတ္တဝါအပေါင်းလို့ဟ၊ “ပလ္လင်ပေါ်တွင် ထိန်နေသောသူနဲ့ သိုးသငယ်ဟ ကမ္ဘာအဆက်ဆက် ချီးမွန်းခြင်းဟို ခံရစေသတည်း။ ဂုဏ်အသရေ၊ ဘုန်းအသရေ၊ တန်ခိုးလို့ဖြင့် ပြေ့စုံစေသတည်း” ဟု ကြွေးကြော်တာဟို ငါ ကြားရအယ်။
အဲစာလိပ်ဟို ဖွင့်ရန်၊ ကျေ့ရန် ထိုက်တန်သူတစုံတဦးမျှ မတွေ့ရသောကျောန့် ငါဟ ရမ်းဆာ့ ငိုကအယ်။