Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဗျာဒိတ် 4:8 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

8 အဲသတ္တဝါလေးပါး အသီးသီးလို့တွင် တောင်ပံခြောက်ခုစီ ဆိယွေ့ ပတ်ပတ်လည်နဲ့ အတွင်းဘက်နှိုက် မျက်စေ့များဖြင့် ပြေ့လျက် ဆိကြအယ်။ သူလို့ဟ နေ့ရောညပါ ရပ်နားခြင်း မဆိဘဲ၊ “အခုဆိလျက် မခင်ဟလည်း ဆိလျက် နောင်အခါကြွလာမဲ့ အနန္တတန်ခိုးနဲ့ ပြေ့စုံသော ထာဝရအဆှင် ဘုရားသခင်ဟ သန့်ဆှင်းအယ်၊ သန့်ဆှင်းအယ်၊ သန့်ဆှင်းအယ်” ဟု ကြွေးကြော်နေကြအယ်။

Faic an caibideil Dèan lethbhreac




ဗျာဒိတ် 4:8
42 Iomraidhean Croise  

သတိနဲ့ နေကြလော၊ အဲပင်းရင် ငါဟ နင်လို့အပေါင်းအား သုံးနှစ်ပတ်လုံး နေ့ညမပြတ် မျက်ရည်ကျလျက် ဆုံးမသွန်သင်ခဲ့တာဟို သတိရကြလော့။


ငါဟ နင်လို့ရဲ့အဖ ဖြစ်လိမ့်မယ်၊ နင်လို့ဟလည်း ငါရဲ့ လူပဲ့သငယ်များ ဖြစ်ကြလိမ့်မယ်ဟု အနန္တတန်ခိုးနဲ့ ပြေ့စုံသော ဘုရားသခင် မိန့်လေအယ်။”


ငါ့ညီအကိုလို့၊ ငါလို့ အလုပ်တွေ ပင်ပန်းခဲ့တာကို နင်သေချာမှတ်မိကြအယ်၊ ငါလို့ဟ နင်လို့အား ဘုရားသခင်ဆေမှ ဧဝံဂေလိတရားကို ဟောပြောလဲ့အတိုင်း ငါလို့ဟ နင်လို့နှိုက် အနှောက်အယှက်မဖြစ်စေရန် နေ့ရောညပါ လုပ်ဆောင်ခဲ့ကြအယ်။


နင့်တတ်တိုင်း လည်းကောင်း၊ နင်ရဲ့ သွန်သင်ချက်ဟို လည်းကောင်း ဂရုစိုက်ယွေ့ အဲသွန်သင်ချက်လို့နှိုက် အမြဲတည်နေလော။ အကျောန်းမှာ နင်ဟ အဲလိုပြုခြင်းဖြင့် နင့်တတ်တိုင်းနဲ့ နားထောင်သောသူလို့ဟို ကယ်တင်လိမ့်မယ်ဖြစ်သောကျောန့် ဖြစ်အယ်။


နှုတ်ကပတ်တော်ဟို ဟောပြောလော့၊ အချိန်ဆိတာ ဖြစ်စေ၊ မဆိတာ ဖြစ်စေ၊ ကြိုးစားအားထုတ်လော့၊ အပစ်ဟို ဖော်ပြလော့၊ ဆုံးမခြင်းဟို ပြုလော့၊ ရမ်းဆာ့ဆှည်သောစိတ်နဲ့ ဩဝါဒမျိုးဟို ပေးယွေ့ တိုက်တွန်းနှိုးဆော်လော့။


ယေရှု ခရစ်တော်ဟ မနေ့၊ ခနေ့နဲ့ နောင်ကာလ အစဉ်အမြဲ ပြောင်းလဲခြင်း မဆိ။


ငါ ယောဟန်ဟ၊ အာရှိပြေဆိ အသင်းတော် ခုနေပါးဆေဟို စာရေးလိုက်အယ်။ အခု ဆိလျက် မခင်ဟလည်း ဆိလျက် နောင်အခါကြွလာမဲ့ အဆှင်ဆေမှ လည်းကောင်း၊ ပလ္လင်တော်ဆေ့နှိုက် ဆိသော ဝိညာဉ် ခုနေပါးဆေမှ လည်းကောင်း၊


“ငါဟ အာလဖ ဖြစ်အယ်။ ဩမေဃလည်း ဖြစ်အယ်” ဟု အနန္တတန်ခိုးနဲ့ ပြေ့စုံယွေ့ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ဆိသော ထာဝရ အဆှင် ဘုရားသခင် မိန့်အယ်။


“အနန္တတန်ခိုးနဲ့ ပြေ့စုံယွေ့ အခု ဆိလျက် မခင်ဟလည်း ဆိလဲ့ အဆှင် ဘုရားသခင်၊ ကိုယ်တော်ရဲ့ မဟာတန်ခိုးဟို ယူဆောင်ယွေ့ စိုးစံသောကျောန့် ကျေးဇူးတော်ဟို ငါလို့ဟ ချီးမွန်းအယ်။


သူလို့ခံရလဲ့ ညှဉ်းဆဲခြင်းရဲ့ မီးခိုးဟ ကမ္ဘာအဆက်ဆက် တက်လျက်နေအယ်။ သားရဲနဲ့ သူရဲ့ ရုပ်တုဟို ကိုးကွယ်ယွေ့ သူ့နာမယ်ရဲ့ တံဆိပ်ဟို ခံယူသောသူဟ နေ့ရောညပါ သက်သာရာ ရလိမ့်မယ် မဟုတ်” ဟု အသံအကျယ်ရီးနဲ့ ကြွေးကြော်လေအယ်။


ပလ္လင်တော်ဆေ့နှိုက် လည်းကောင်း၊ သတ္တဝါလေးပါးနဲ့ အသက်ကြီးသူလို့ ဆေ့နှိုက် လည်းကောင်း၊ သူလို့ဟ အသစ်သော သီချင်းဟို ဆိုကြအယ်။ မြေကြီးမှ ရွေးနုတ်သောသူ ၁၄၄,၀၀၀ မှတပါး စသူမှ အဲသီချင်းဟို သင်ယွေ့ မရနိန်။


သူလို့ဟ ဘုရားသခင်ရဲ့ အစေခံ မောရှေရဲ့ သီချင်းနဲ့ သိုးသငယ်တော်ရဲ့ သီချင်းများဟို သီဆိုကာ “အနန္တတန်ခိုးနဲ့ ပြေ့စုံသော ထာဝရအဆှင် ဘုရားသခင်၊ ကိုယ်တော်ပြုသောအမှုလို့ဟ ကြီးမြတ်ယွေ့ အံ့ဩဖွယ်ကောင်းလပါအယ်။ လူမျိုးတကာလို့ရဲ့ ဘုရင်၊ ကိုယ်တော်ရဲ့ နည်းလမ်းလို့ဟ ဖြောင့်မတ်ယွေ့ မန်ကန်အယ်။


အဲအခါ သတ္တဝါလေးပါးထဲမှ တပါးဟ ကမ္ဘာအဆက်ဆက် အသက်ဆှင်သော ဘုရားသခင်ရဲ့ ပြင်းစွာသော ဒေါသဖြင့် ပြေ့နေလဲ့ ဆွေဖလား ခုနေလုံးဟို အဲခေါန်းခင်တမန် ခုနေပါးလို့အား ပေးလေအယ်။


အဲဝိညာဉ်လို့ဟ နိမိတ်လက္ခဏာများဟို ပြုသောနတ်ဆိုးလို့ရဲ့ ဝိညာဉ်များ ဖြစ်ကြအယ်။ ၎င်းလို့ဟ ကမ္ဘာတဝန်းလုံးဆိ ဘုရင်များဟို အနန္တတန်ခိုးဆှင် ဘုရားသခင်ရဲ့ နေ့ရက်ကြီးများနဲ့ဆိုင်သော စစ်ပွဲအတွက် စုဝေးစေရန် အဲဘုရင်များဆေဟို ထွက်ခွာသွားကြအယ်။


ယဇ်ပလ္လင်ဟလည်း “မန်အယ်၊ အနန္တတန်ခိုးနဲ့ ပြေ့စုံသော ထာဝရအဆှင် ဘုရားသခင်၊ ကိုယ်တော်ရဲ့ စီရင်ချက်လို့ဟ မန်ကန်ယွေ့ တရားမျှတပါအယ်” ဟု ပြောဆိုတာဟို ငါ ကြားရအယ်။


လူမျိုးတကာလို့ဟို နှိမ်နှင်းရန် ထက်သော သန်လျက်ဟ သူရဲ့ စလောင်တွင်းမှ ထွက်နေအယ်။ သူဟ သူလို့ဟို သံလှံတံဖြင့် အုပ်စိုးလိမ့်မယ်။ သူဟ အနန္တတန်ခိုးနဲ့ ပြေ့စုံသော ဘုရားသခင်ရဲ့ အမျက်တော်ဆိုင်ရာ ပြင်းစွာသော ဒေါသစပျစ်ယေရဲ့ စပျစ်သီးနယ်ရာကျင်းဟို နင်းနယ်လိမ့်မယ်။


အသက်ကြီးသူ ၂၄ ပါးနဲ့ သတ္တဝါလေးပါးလို့ဟ ပျပ်ဝပ်ယွေ့ ပလ္လင်တော်ပေါ်မှာ ထိန်သော ဘုရားသခင်ဟို ကိုးကွယ်လျက် “အာမင်၊ ဟာလေလုယာ” ဟု ဆိုကြအယ်။


အဲမြို့နှိုက် ဗိမာန်တော်ဟို ငါ မမျော်ရ။ အကျောန်းမှာ အနန္တတန်ခိုးနဲ့ ပြေ့စုံသော ထာဝရအဆှင် ဘုရားသခင်နဲ့ သိုးသငယ်ဟ အဲမြို့ရဲ့ ဗိမာန်တော် ဖြစ်အယ်။


“ဖိလဒေလဖိမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “သန့်ဆှင်းသောသူ၊ ဖြောင့်မန်သောသူ၊ ဒါဝိဒ်ရဲ့ သော့ဟို ကိုင်ထားသောသူ၊ စသူမျှ မပိတ်နိန်အောန် ဖွင့်သောသူ၊ စသူမျှ မဖွင့်နိန်အောန် ပိတ်သောသူဟ ဟေလို မိန့်အယ်။


အဲပလ္လင်ရဲ့ ပတ်ဝန်းကျင်နှိုက် အခြားသော ပလ္လင်နေဆယ်လေး ပလ္လင် ဆိအယ်။ အဲပလ္လင်လို့အပေါ်နှိုက် အသက်ကြီးသူ နေဆယ်လေးပါးလို့ဟ ဖြူသောအဝတ်ဟို ဝတ်ဆင်လျက် ခေါင်းပေါ်နှိုက် ဆွေသရဖူဟို ဆောင်းလျက် ထိန်နေကြအယ်။


အဲပြင် ပလ္လင်တော်ဆေ့နှိုက် ကျောက်သလင်းနဲ့တူလဲ့ ဖန်ပင်လယ် ဆိအယ်။ ပလ္လင်တော်ရဲ့ အလယ်နဲ့ ပလ္လင်တော် ပတ်လည်နှိုက် ဆေ့ဘက်နဲ့ နောက်ဘက်တွင် မျက်စေ့များဖြင့် ပြေ့နေသော သတ္တဝါလေးပါး ဆိအယ်။


အဲလို ပလ္လင်တော်ပေါ်တွင် ထိန်လျက် ကမ္ဘာအဆက်ဆက် အသက်ဆှင်သော သူရဲ့ ဘုန်းတော်၊ ဂုဏ်တော်နဲ့ ကျေးဇူးတော်လို့ဟို သတ္တဝါလေးပါးလို့ဟ ချီးမွန်းကြသောအခါ၊


အဲအခါ ပလ္လင်တော်မှစသော သတ္တဝါလေးပါးနဲ့ အသက်ကြီးသူလို့ အလယ်နှိုက်၊ အသေသတ်ပင်းသလို သိုးသငယ်ဟ ရပ်လျက်ဆိတာဟို ငါမျော်အယ်။ အဲသိုးသငယ်ဟ မြေကြီးတပြင်လုံးနှိုက် လွှတ်သော ဘုရားသခင်ရဲ့ ဝိညာဉ် ခုနေပါးတည်းဟူသော မျက်စေ့ ခုနေလုံးနဲ့ ချိုခုနေချောင်း ဆိအယ်။


အဲပင်းရင် သိုးသငယ်ဟ တံဆိပ် ခုနေခုထဲမှ တခုဟို ဖွင့်သောအခါ ငါကျေ့ရင် သတ္တဝါလေးပါးလို့ထဲမှ တပါးဟ မိုးချုန်းသံလို အသံဖြင့် “လာလော့” ဟု ဆိုတာဟို ငါ ကြားရအယ်။


အဲပင်းရင် သတ္တဝါလေးပါးလို့ အလယ်မှ ထွက်ပေါ်လာသော စကားသံနဲ့တူလဲ့ အသံဟ “ဂျုံဆန်တမုတ်ဟို ဒေနာရိတပြား၊ မုယောဆန် သုံးမုတ်ဟိုလည်း ဒေနာရိတပြား ဖြစ်အယ်။ အဲလိုလဲ ဆီနဲ့ စပျစ်ဝိုင်ဟို မပျက်စေနဲ့” ဟု ဆိုတာဟို ငါ ကြားရအယ်။


ခေါန်းခင်တမန်အပေါင်းလို့ဟ ပလ္လင်တော်၊ အသက်ကြီးသူလို့နဲ့ သတ္တဝါလေးပါးလို့ရဲ့ ပတ်လည်နှိုက် ရပ်နေကြအယ်။ သူလို့ဟလည်း ပလ္လင်ဆေ့နှိုက် ပျပ်ဝပ်လျက် ရှိခိုးကာ၊


အဲကျောန့်၊ “သူလို့ဟ ဘုရားသခင်ရဲ့ ပလ္လင်ဆေ့နှိုက် နေယွေ့ ကိုယ်တော်ရဲ့ ဗိမာန်တော်တွင် နေ့ရောညပါ ကိုယ်တော်ဟို ဝတ်ပြုရကြအယ်။ ပလ္လင်ပေါ်တွင် ထိန်သောသူဟလည်း သူလို့နဲ့အတူ ဆိပင်း ကာကွယ်စောင့်ဆှောက်လိမ့်မယ်။


Lean sinn:

Sanasan


Sanasan