14 “လောဒိကိမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “ဟေအရာဟ အာမင် ဖြစ်သောသူ၊ သစ္စာဆိလဲ့ ဖြောင့်မန်သော သက်သေ၊ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းတွင် အစဦးဖြစ်သူဟ ဟေလို မိန့်အယ်။
ခပ်သိမ်းသောအရာလို့ဟ နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင် ပြုလုပ်အယ်၊ ဖန်ဆင်းခြင်းနဲ့ ကင်းလွတ်လျက် ဖြစ်သောအရာ တစုံတခုမျှ မဆိ။
ယေရှုဟ “ငါသည် ကိုယ့်အကျောန်းဟို သက်သေခံသော်လည်း၊ ငါရဲ့ သက်သေခံချက်ဟ မန်ကန်အယ်၊ ပစာကို့ ငါဟ ပစာအရပ်မှလာယွေ့ ပစာအရပ်သို့ သွားမယ်ဟို သိသောကျောန့် ဖြစ်အယ်။ နင်လို့ဟ ငါပစာအရပ်မှ လာယွေ့ ပစာအရပ်ဟို သွားမယ်ဟို မသိကြ။
အကျောန်းမှာ ဘုရားသခင်ရဲ့ ကတိတော် ဆိသမျှလို့ဟ ကိုယ်တော်နှိုက် “ဟုတ်အယ်” ဟု ဖြစ်ကြအယ်။ အဲလိုမို့ ငါလို့အားဖြင့် ဘုရားသခင်ရဲ့ ဘုန်းအသရေတော် ထင်ဆှားမဲ့အကျောန်း ငါလို့ဟ “အာမင်” ဟု ကိုယ်တော်အားဖြင့် ဆိုကြအယ်။
ခရစ်တော်ဟ မျက်စေ့ဖြင့် မမျော်နိန်သော ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်တော် ဖြစ်အယ်။ ကိုယ်တော်ဟ ဖန်ဆင်းသော အရာအားလုံးလို့တွင် သားဦး ဖြစ်အယ်။
ကိုယ်တော်ဟ အသင်းတော် တည်းဟူသော ကိုယ်ခန္ဓာရဲ့ ဦးခေါင်း ဖြစ်ယွေ့ ကိုယ်တော်ဟ သူ့ကိုယ်ခန္ဓာ အသက်ရဲ့ အရင်းအမြစ် ဖြစ်အယ်။ အဲသူဟ အရာခပ်သိမ်းလို့နှိုက် ပထမနေရာဟို ရနိန်စေရန်အတွက် သေခြင်းမှ ထမြောက်စေသော သားဦး ဖြစ်အယ်။
ငါဟ နင်လို့နဲ့ လောဒိကိမြို့တွင် ဆိလဲ့ သူလို့မှစယွေ့ ငါ့ဟို လူချင်းမမျော်ဖူးသော သူလို့အတွက် စလောက်ရုန်းကန် ကြိုးစားနေတာဟို နင်လို့အား သိစေလိုအယ်။
ဟေစာဟို နင်လို့ ဖတ်ပင်းသောအခါ လောဒိကိမြို့နှိုက်ဆိသော အသင်းတော်ဟိုလည်း ဖတ်စေကြလော့။ အဲတိုင်းတိုင်း လောဒိကိ အသင်းတော်မှ ရလာသောစာဟိုလည်း နင်လို့ ဖတ်ကြလော့။
အဲအသံဟ “နင် မျော်ရသောအရာဟို စာစောင်တွင် ရေးသားယွေ့ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နဲ့ လောဒိကိမြို့လို့နှိုက် ဆိသော အသင်းတော် ခုနေပါးဆေဟို ပေးပို့လော့” ဟု ဆိုအယ်။
သစ္စာဆိသော သက်သေ၊ သေသောသူလို့ထဲမှ ဦးရင် ဖွားမျော်လာသူ၊ ကမ္ဘာမြေကြီးရဲ့ ဆှင်ဘုရင်လို့ဟို အုပ်ချုပ်သူ ဖြစ်သော ယေရှု ခရစ်တော်ဆေမှ လည်းကောင်း ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေ။ ငါလို့ဟို ချစ်ယွေ့ မိမိရဲ့ အသွေးတော်အားဖြင့် ငါလို့ အပစ်များမှ ဖြေလွှတ်ကာ
အဲပင်းရင် ငါကျေ့လိုက်ရာ ခေါန်းခင်ဟ ပွင့်လျက် နေယွေ့ မြင်းဖြူတကောင် ဆိအယ်။ အေးအပေါ်တွင် ထိန်နေသောသူဟ သစ္စာဆိသောသူ၊ မန်ကန်သောသူဟု ခေါ်ခြင်းဟို ခံရအယ်။ သူဟ ဖြောင့်မန်စွာ တရားစီရင်ယွေ့ စစ်တိုက်လေအယ်။
“ဧဖက်မြို့နှိုက် ဆိသော အသင်းတော်ရဲ့ ခေါန်းခင်တမန်ဆေဟို ဟေသို့ ရေးလိုက်လော့။ “ဟေဩဝါဒဟ ကြယ်ခုနေလုံးဟို လက်ယာဘက်တွင် ကိုင်ကာ ဆွေမီးခုံ ခုနေခု အကြားတွင် သွားလာနေသူရဲ့ ဆေမှ ဖြစ်အယ်။
တဖန် ကိုယ်တော်ဟ “အမှုပီးပီ။ ငါဟ အာလာဖနဲ့ ဩမေဃ ဖြစ်အယ်။ အစနဲ့ အဆုံး ဖြစ်အယ်။ ယေငတ်သောသူအား အသက်စမ်းယေဟို အလကားကား ငါပေးမယ်။
ငါဟ အာလဖနဲ့ ဩမေဃလည်း ဖြစ်အယ်။ အဦးဆုံးသောသူနဲ့ နောက်ဆုံးသောသူလည်း ဖြစ်အယ်။ အစနဲ့ အဆုံးလည်း ဖြစ်အယ်” ဟု မိန့်အယ်။
အဲပင်းရင် ခေါန်းခင်တမန်ဟ “ဟေစကားဟ သစ္စာစကား၊ မန်ကန်သော စကား ဖြစ်ကြအယ်။ ပရောဖက်လို့ရဲ့ ဝိညာဉ်များဟို ပိုင်သသော ထာဝရအဆှင် ဘုရားသခင်ဟ မကြာမီအတွင်း ဖြစ်ပျက်ရမဲ့အရာများဟို မိမိအစေခံလို့အား ပြသရန် မိမိရဲ့ ခေါန်းခင်တမန်ဟို စေလွှတ်အယ်” ဟု မြွတ်ဆိုလေအယ်။
“ဖိလဒေလဖိမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “သန့်ဆှင်းသောသူ၊ ဖြောင့်မန်သောသူ၊ ဒါဝိဒ်ရဲ့ သော့ဟို ကိုင်ထားသောသူ၊ စသူမျှ မပိတ်နိန်အောန် ဖွင့်သောသူ၊ စသူမျှ မဖွင့်နိန်အောန် ပိတ်သောသူဟ ဟေလို မိန့်အယ်။