Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဗျာဒိတ် 3:11 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

11 ငါဟ အလျင်အမြန် လာမယ်။ နင်ရဲ့ သရဖူဟို စသူမျှ မလုမယူစေရန် နင်နှိုက် ဆိသောအရာဟို စွဲကိုင်ထားလော့။

Faic an caibideil Dèan lethbhreac




ဗျာဒိတ် 3:11
19 Iomraidhean Croise  

ပြိုင်ပွဲဝင်ရန် လေ့ကျင့်သောသူတိုင်းပင် ကြပ်တည်းသော စည်းကမ်းများဟို ထိန်းသိမ်းရအယ်။ အေးသူလို့ ဟေသို့ပြုကြခြင်းမှာ ညှိုးနွမ်းပျက်စီးနိန်သော ပန်းဦးရစ်ဟို ရဆိရန် ပြုကြခြင်း ဖြစ်အယ်။ အားပေမဲ့ ငါလို့ဟတော့ မညှိုးနွမ်း မပျက်စီးနိန်သော ပန်းဦးရစ်ဟို ရဆိနိန်ရန် ပြုကြအယ်။


နင်လို့ရဲ့ နူးညံ့သိမ်မွေ့သော စိတ်သဘောဟို လူအပေါင်းလို့အား မျော်စေကြလော့။ သခင်ဘုရား ကြွလာရန် အချိန်နီးပီ။


စသူမဆို အားကစားပြိုင်ပွဲဟို ယှဉ်ပြိုင်သောအခါ စည်းမျဉ်းစည်းကမ်းနဲ့အညီ မယှဉ်ပြိုင်ပါဟ သရဖူဟို ရမယ် မဟုတ်။


အခုအခါတွင် ဖြောင့်မတ်ခြင်း သရဖူဟ ငါ့အတွက် အသင့်ဆိနေအယ်၊ အဲနေ့နှိုက် ဖြောင့်မတ်လဲ့ တရားစီရင်သူဖြစ်သော သခင်ဘုရားဟ အဲသရဖူဟို ငါ့အား ပေးလိမ့်မယ်၊ ငါ့ဟိုသာ မဟုတ်ဘဲ ကိုယ်တော်ရဲ့ ပေါ်ထွန်းခြင်းဟို လိုလားတောင့်တသူ အားလုံးလို့ဟိုလည်း ပေးလိမ့်မယ်။


စုံစမ်းနှောင့်ယှက်ခြင်းဟို သည်းခံသောသူဟ မင်္ဂလာဆိအယ်။ အကျောန်းမှာ စစ်ကြောစုံစမ်းခြင်းဟို ခံပင်းမှ ဘုရားသခင်ဟို ချစ်သောသူလို့အား ကတိထားသော အသက်သရဖူဟို ရလိမ့်မယ်။


ညီအကို မောင်နှမလို့၊ စစ်ကြောစီရင်ခြင်းနဲ့ ကင်းလွတ်မဲ့အကျောန်း အချင်းချင်း ငြင်းခုံပစ်တင်ခြင်းဟို မပြုကြနဲ့။ တရားစီရင်ပိုင်သောသူဟ ထင်ခါးနားမှာ ရပ်နေအယ်။


အချိန်နီးကပ်ပီ ဖြစ်ယွေ့ ဟေပရောဖက်ပြု ဟောပြောသောစကားဟို ဖတ်ကြားသောသူနဲ့ ဟေစကားဟို ကြားနာယွေ့ ၎င်းတွင် ရေးထားသောအရာများဟို လိုက်နာ စောင့်ထိန်းသောသူလို့ဟ မင်္ဂလာဆိကြအယ်။


“ကျေ့လော့၊ ငါဟ သူခိုးလို လာမယ်။ အဝတ်အချည်းစဲဖြင့် သွားလာယွေ့ မိမိအဆှက်ဟို လူလို့ မျော်ရလဲ့အဖြစ်မျိုး မဆိစေရန် မိမိအဝတ်များဟို ထိန်းသိမ်းလျက် သတိနဲ့ စောင့်နေသောသူဟ မင်္ဂလာဆိအယ်” ဟု ဆိုအယ်။


နင် ခံစားရတော့မဲ့ ဒုက္ခဝေဒနာများဟို မကြောက်နဲ့၊ ကျေ့ရှုလော့။ နင်ဟ စုံစမ်းခြင်းဟို ခံရမဲ့အကျောန်း မာရ်နတ်ဟ နင်လို့အထဲမှ အချို့လို့ဟို ထောင်ထဲနှိုက် ထည့်ထားလိမ့်မယ်။ နင်လို့ဟ ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခဟို ခံရကြလိမ့်မယ်။ အသေခံရလဲ့တိုင်အောန် သစ္စာစောင့်လော့။ အဲလိုပြုရင် အသက်သရဖူဟို နင့်အား ငါ ပေးမယ်။


ပစာအရပ်တွင် နင် နေထိန်တာဟို ငါသိအယ်၊ နင်ဟ စာတန်ရဲ့ ပလ္လင်ဆိရာအရပ်တွင် နေထိန်အယ်။ ငါရဲ့ ဘက်မှာ သစ္စာဆိစွာ သက်သေခံသူ အန္တိပဟ စာတန် နေထိန်ရာတွင် အသတ်ခံရချိန်နှိုက်ပင် နင်ဟ ငါရဲ့ သစ္စာဟို စောင့်ယွေ့ ယုံကြည်ခြင်းဟို မဖယ်လော။


နင်လို့နှိုက် ဆိသောအရာဟိုသာ ငါ ကြွလာလဲ့တိုင်အောန် စွဲကိုင်ထားကြလော့။


ယေရှုဟ “ကျေ့လော့၊ ငါဟ အလျင်အမြန် လာမယ်။ ငါပေးမဲ့ အကျိုးအပစ်ဟို ယူဆောင်လာယွေ့ လူအသီးသီးလို့အား မိမိလို့ ပြုသောအမှုအတိုင်း ငါဆပ်ပေးမယ်။


ဟေအကျောန်းအရာများဟို သက်သေခံသောသူဟ “မန်အယ်၊ ငါဟ အလျင်အမြန် လာမယ်” ဟု မိန့်အယ်။ အာမင်၊ သခင် ယေရှု ကြွလာမန့်။


ယေရှုဟ “ကျေ့လော့၊ ငါဟ အလျင်အမြန် လာမယ်။ ဟေစာစောင်ထဲမှ ပရောဖက်ပြုဟောပြောသော စကားလို့ဟို လိုက်နာ စောင့်ထိန်းသောသူဟ မင်္ဂလာဆိအယ်” ဟု မိန့်အယ်။


အဲကျောန့် နင်ဟ ခံယူယွေ့ နားထောင်ပင်းသောအရာဟို အောက်မေ့ယွေ့ စောင့်ဆှောက်လော့။ နောင်တရလော့။ နင်ဟ သတိနဲ့ စောင့်နေခြင်း မဆိရင် သူခိုးလို ငါလာမယ် ဖြစ်ယွေ့ စလို အချိန်နှိုက် နင်ဆေဟို ငါလာမယ်ဟို နင် လုံးဝသိလိမ့်မယ် မဟုတ်။


အသက်ကြီးသူ နေဆယ်လေးပါးလို့ဟ ပလ္လင်တော်ပေါ်မှာ ထိန်သောသူဆေ့နှိုက် ပျပ်ဝပ်လျက်၊ ကမ္ဘာအဆက်ဆက် အသက်ဆှင်သောသူဟို ကိုးကွယ်ကာ မိမိလို့ရဲ့ သရဖူများဟို ပလ္လင်တော်ဆေ့တွင် ချထားပင်း၊


အဲပလ္လင်ရဲ့ ပတ်ဝန်းကျင်နှိုက် အခြားသော ပလ္လင်နေဆယ်လေး ပလ္လင် ဆိအယ်။ အဲပလ္လင်လို့အပေါ်နှိုက် အသက်ကြီးသူ နေဆယ်လေးပါးလို့ဟ ဖြူသောအဝတ်ဟို ဝတ်ဆင်လျက် ခေါင်းပေါ်နှိုက် ဆွေသရဖူဟို ဆောင်းလျက် ထိန်နေကြအယ်။


Lean sinn:

Sanasan


Sanasan