Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဗျာဒိတ် 3:10 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

10 နင်ဟ ငါရဲ့ သည်းခံခြင်းနဲ့ စပ်ဆိုင်သော နှုတ်ကပတ်တရားဟို စောင့်ဆှောက်သောကျောန့် မြေကြီးအပေါ်နှိုက် နေသောသူလို့ဟို စုံစမ်းစေခြင်းငှာ၊ လောကီနိုင်ငံအရပ်ရပ်လို့ဟို ပျံနှံ့လာသော စုံစမ်းရာကာလတွင် နင့်ဟို ငါ စောင့်ဆှောက်မယ်။

Faic an caibideil Dèan lethbhreac




ဗျာဒိတ် 3:10
30 Iomraidhean Croise  

နိုင်ငံတော်နဲ့ဆိုင်လဲ့ သတင်းကောင်း အကျောန်းဟို ကမ္ဘာတဝန်းလုံးဆိ လူမျိုးအပေါင်းလို့အား သက်သေခံ ဟောပြောပင်းမှ ကပ်ကမ္ဘာကုန်ဆုံးချိန် ရောက်လိမ့်မယ်။


စုံစမ်းသွေးဆောင်ခြင်းဟို မကျရောက်စေရန် ဆုတောင်းယွေ့ စောင့်နေကြလော့၊ စိတ်ဝိညာဉ်ဟ ဆန္ဒဆိသော်လည်း ခန္ဓာကိုယ်ဟ အားနည်းအယ်” ဟု ပေတရုအား မိန့်အယ်။


အပစ်သွေးဆောင်ရာဟို မလိုက်ပါစေဘဲ၊ အကောင်းလဲ့အမှုအရာမှလည်း ကယ်နုတ်မန့်။’ ဟု ဆုတောင်းကြလော့။


အခု၊ နင်လို့ဟို ငါ အမန်အကန် ပြောတာဟ ကမ္ဘာအရပ်ရပ်တွင် ဧဝံဂေလိတရားဟို ဟောပြောတဲ့ နေရာတိုင်းနှိုက်၊ ဟေအမျိုးသမီးဟို သူပြုခဲ့သောအမှုဟိုလည်း အမှတ်တရအဖြစ် ပြောကြားကြလိမ့်မယ်” ဟု ပြောအယ်။


အေးကာလနှိုက် ရောမ အင်ပါယာဆိ သန်းခေါင်စာရင်းဟို ယူရန် ဧကရာဇ် ဩဂုတ္တုဟ အမိန့်ထုတ်ပြန်အယ်။


“ဟေလောကထဲမှ ယူယွေ့ ငါနှိုက် အပ်ပေးသောသူအား ငါဟ ကိုယ်တော်ရဲ့နာမဟို ပြမန့်ပီ။ အဲသူလို့ဟို ကိုယ်တော်ဟ ပိုင်သဖြင့် အကျွန်ုပ်အား ပေးလေအယ်၊ သူလို့ဟ ကိုယ်တော်ရဲ့ နှုတ်ကပတ်တရားဟို လိုက်နာကြပါပီ။


နင်လို့ရဲ့ ယုံကြည်ခြင်းဟ ကမ္ဘာတဝန်းလုံးတွင် ကျော်ကြားလျက် ဆိသောကျောန့် ငါဟ နင်လို့အားလုံးအတွက် ငါရဲ့ ဘုရားသခင်ဟို ယေရှု ခရစ်တော်အားဖြင့် ပထမဦးစွာ ကျေးဇူးတင်အယ်။


နင်လို့ တွေ့ကြုံရလဲ့ စုံစမ်းနှောင့်ယှက်ခြင်းများဟ လူအပေါင်းလို့ တွေ့ကြုံနေကြသော သာမန် စုံစမ်းနှောင့်ယှက်ခြင်းသာ ဖြစ်အယ်။ ဘုရားသခင်ဟ သစ္စာဆိသောသူ ဖြစ်သဖြင့် နင်လို့အား မိမိလို့ ခံနိန်တာထက် ပိုယွေ့ စုံစမ်းနှောင့်ယှက်ခြင်းဟို ခံစေလိမ့်မယ် မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်း ခံရချိန်နှိုက် ခံနိန်သော ခွန်အားဟို ပေးပင်း အဲစုံစမ်းနှောင့်ယှက်ခြင်းမှ ထွက်မြောက်သော လမ်းဟိုလည်း စီရင်ပြုပြင်ပေးလိမ့်မယ်။


အေးကျောန့် ဆိုးညစ်သော နေ့ရက်ကာလနှိုက် ကြံ့ကြံ့ခံယွေ့ အလုံးစုံလို့ဟို ပီးမြောက်စေလျက် ရပ်တည်နိန်ရန် ဘုရားသခင်ရဲ့ လက်နက်များဟို ဆောင်ယူကြလော့။


ငါလို့ဟ သည်းခံရင် ကိုယ်တော်နဲ့အတူ စိုးစံလိမ့်မယ်။ ငါလို့ဟ ကိုယ်တော်အား စွန့်ပယ်ရင် ကိုယ်တော်ဟ ငါလို့အား စွန့်ပယ်လိမ့်မယ်။


ညီအကို မောင်နှမလို့၊ သင်္ဘောသဖန်းပင်ဟ သံလွင်သီးများဟို သီးနိန်သလော။ စပျစ်ပင်ဟ သဖန်းသီးများဟို သီးနိန်သလော။ အဲတိုင်းတိုင်း ငန်သောယေဟလည်း ချိုသောယေဟို မဖြစ်စေနိန်။


ချစ်လှစွာသော မိတ်ဆွေလို့၊ နင်လို့ဟို စစ်ဆေးရန် နင်လို့ဆေ ကျရောက်လာမဲ့ ဆင်းရဲဒုက္ခမီးဟို နင်လို့နှိုက် ထူးဆန်းသောအရာ ဖြစ်ပျက်လာသလိုမျိုး အံ့ဩခြင်း မဆိကြနဲ့။


အဲကျောန့် ထာဝရဘုရားဟ ဘုရားဝတ်နှိုက် မွေ့လျော်သောသူလို့ဟို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်ရမယ်ဟို လည်းကောင်း၊ မဖြောင့်မတ်သော သူလို့ဟို တရားစီရင်ရာ နေ့ရက်နှိုက် အပစ်ဒဏ်ခံစေရန် ထိန်းသိမ်းထားရမယ်ဟို လည်းကောင်း သိအယ်။


ယေရှုနှိုက် ဆင်းရဲဒုက္ခဟို လည်းကောင်း၊ နိုင်ငံတော်ဟို လည်းကောင်း၊ သည်းခံခြင်းဟို လည်းကောင်း နင်လို့နဲ့အတူ မျှဝေခံစားသူဖြစ်သော နင်လို့ရဲ့ ညီအကို ငါ ယောဟန်ဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ ယေရှုနဲ့ဆိုင်သော သက်သေခံချက်လို့ကျောန့် ပတ်မုဟုခေါ်သော ကျွန်းတွင် ရောက်နေအယ်။


မြေကြီးပေါ်နှိုက် နေထိန်သောသူလို့ဟ အဲသူလို့ရဲ့ အဖြစ်ကျောန့် ဝမ်းမြောက်လျက် ပျော်ရွှင်ကြကာ တဦးဟို တဦး လက်ဆောင်များ ပေးပို့ကြလိမ့်မယ်။ အကျောန်းမှာ အဲပရောဖက် နေဦးလို့ဟ မြေကြီးပေါ်နှိုက် နေထိန်သောသူလို့ဟို ညှဉ်းဆဲကြအယ်။


သူတပါးဟို ဖမ်းဆီးခေါ်ဆောင်သွားသောသူဟ တတ်တိုင်း ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရလိမ့်မယ်။ ထားဖြင့် သတ်တတ်သောသူဟလည်း တတ်တိုင်း ထားဖြင့် သေရမယ်။ ဟေအရာနှိုက် သန့်ဆှင်းသူလို့လည်း သည်းခံခြင်းနဲ့ သစ္စာစောင့်ခြင်းလို့ ဆိကြအယ်။


သူဟ ပထမ သားရဲဆေ့နှိုက် ပြုခွင့်ရဆိထားသော နိမိတ်လက္ခဏာများအားဖြင့် မြေကြီးပေါ်တွင် နေထိန်သော သူအားလုံးလို့ဟို လှည့်စားယွေ့ ထားဒဏ်ရာ ဆိသော်လည်း အသက်ဆှင်ခဲ့သော သားရဲရဲ့ ရုပ်တုဟို ပြုလုပ်ရန် မြေကြီးပေါ်နှိုက် နေထိန်သောသူလို့အား စေခိုင်းအယ်။


အသေသတ်ခြင်း ခံရလဲ့ သိုးသငယ်ရဲ့ အသက်စာစောင်နှိုက် ကမ္ဘာဦးမှ စယွေ့ နာမယ် မရေးထားသော မြေကြီးပေါ်တွင် နေထိန်သူအားလုံးလို့ဟ အဲသားရဲဟို ကိုးကွယ်ကြလိမ့်မယ်။


ဘုရားသခင်ရဲ့ ပညတ်လို့ဟို လည်းကောင်း၊ ယေရှုနှိုက် ယုံကြည်ခြင်းဟို လည်းကောင်း၊ စောင့်ဆှောက်သော သန့်ဆှင်းသူလို့ဟ ဟေအရာနှိုက် သည်းခံစရာအကျောန်း ဆိအယ်။


အဲပင်းရင် အခြားသော ခေါန်းခင်တမန် တပါးဟ ခေါန်းခင်အလယ်နှိုက် ပျံသန်းနေတာဟို ငါ မျော်အယ်။ သူဟ မြေကြီးပေါ်တွင် နေထိန်ကြသူများ တည်းဟူသော တိုင်းနိုင်ငံ၊ လူမျိုးနွယ်စု၊ ဘာသာစကား အမျိုးမျိုးပြောဆိုသော လူမျိုးအသီးသီးလို့အား ဟောပြောရန် ထာဝရတည်လဲ့ သတင်းကောင်းဟို ယူဆောင်လာအယ်။


အဲဝိညာဉ်လို့ဟ နိမိတ်လက္ခဏာများဟို ပြုသောနတ်ဆိုးလို့ရဲ့ ဝိညာဉ်များ ဖြစ်ကြအယ်။ ၎င်းလို့ဟ ကမ္ဘာတဝန်းလုံးဆိ ဘုရင်များဟို အနန္တတန်ခိုးဆှင် ဘုရားသခင်ရဲ့ နေ့ရက်ကြီးများနဲ့ဆိုင်သော စစ်ပွဲအတွက် စုဝေးစေရန် အဲဘုရင်များဆေဟို ထွက်ခွာသွားကြအယ်။


မြေကြီးရဲ့ ဆှင်ဘုရင်လို့ဟ သူနဲ့အတူ မတရားသောမေထုန်ပြုကြပင်း သူရဲ့ မတရားသော မေထုန်ပြုခြင်း စပျစ်ယေဖြင့် ယစ်မူးကြအယ်” ဟု ဆိုအယ်။


နင်မျော်သော သားရဲဟ မခင်ဟ ဆိခဲ့ပင်း အခု မဆိ၊ မကြာမီ တွင်းနက်ကြီးထဲဟ တက်လာယွေ့ ပျက်စီးခြင်းဟို ရောက်မယ်ဖြစ်အယ်။ မြေကြီးပေါ်နှိုက် နေထိန်သော သူလို့ထဲတွင် ကမ္ဘာတည်ချိန်မှစယွေ့ အသက်စာစောင်နှိုက် စာရင်းမဝင်သော သူလို့ဟ မခင်ဟ ဆိခဲ့ပင်း အခု မဆိ၊ မကြာမီ ရောက်လာမဲ့ အဲသားရဲဟို မျော်လျက် အံ့ဩကြလိမ့်မယ်။


နင် ခံစားရတော့မဲ့ ဒုက္ခဝေဒနာများဟို မကြောက်နဲ့၊ ကျေ့ရှုလော့။ နင်ဟ စုံစမ်းခြင်းဟို ခံရမဲ့အကျောန်း မာရ်နတ်ဟ နင်လို့အထဲမှ အချို့လို့ဟို ထောင်ထဲနှိုက် ထည့်ထားလိမ့်မယ်။ နင်လို့ဟ ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခဟို ခံရကြလိမ့်မယ်။ အသေခံရလဲ့တိုင်အောန် သစ္စာစောင့်လော့။ အဲလိုပြုရင် အသက်သရဖူဟို နင့်အား ငါ ပေးမယ်။


နင်ပြုလဲ့အမှုဟို ငါ သိအယ်။ စသူမျှ မပိတ်နိန်သော ထင်ခါးဟို နင်ရဲ့ ဆေ့နှိုက် ငါ ဖွင့်ထားပီ။ အကျောန်းမှာ နင်ဟ ခွန်အား ကတစ်သာဆိသော်လည်း ငါရဲ့ နှုတ်ကပတ်တော်ဟို လိုက်နာစောင့်ထိန်းယွေ့ ငါရဲ့ နာမဟို မပယ်လော။


အဲသူလို့ဟ “သန့်ဆှင်းယွေ့ ဖြောင့်မန်သော အနန္တတန်ခိုးဆှင်၊ ငါလို့ရဲ့ အသွေးအတွက် မြေကြီးပေါ်မှာ နေထိန်လဲ့သူလို့ဟို တရားမစီရင်၊ လက်တုံ့လည်း မပြန်ဘဲ စလောက်ကြာအောန် နေတာလုန်း” ဟု အသံကျယ်ရီးနဲ့ ကြွေးကြော်အယ်။


အဲပင်းရင် ငါ ကျေ့လိုက်ရာ ခေါန်းခင်အလယ်တွင် ပျံသန်းနေသော လင်းယုန်တကောင်ဟ “ခေါန်းခင်တမန် သုံးပါးလို့ မှုတ်တော့မဲ့ ကျန်ဆိလဲ့ တံပိုးခရာလို့ရဲ့ အသံကျောန့် မြေကြီးပေါ်တွင် နေထိန်သော သူလို့ဟ အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာ ဆိကြအယ်” ဟု အသံအကျယ်ရီးနဲ့ ဆိုတာဟို ငါ ကြားရအယ်။


Lean sinn:

Sanasan


Sanasan