1 အဲပင်းရင် ခေါန်းခင်တမန်ဟ ကျောက်သလင်းလို ကြည်လင်တောက်ပသော အသက်ယေစီးရာ မြစ်ဟို ငါ့အား ပြလေအယ်။ အဲမြစ်ဟ ဘုရားသခင်နဲ့ သိုးသငယ်ရဲ့ ပလ္လင်တော်မှ ထွက်ယွေ့
ဘုရားသခင်ဟ လူသားအားဖြင့် ဘုန်းထင်ဆှားခြင်း ဆိရင်၊ ဘုရားသခင်ဟ မိမိတတ်တိုင်းအားဖြင့် သူရဲ့ဘုန်းတော်ဟို ထင်ဆှားစေလိမ့်မယ်၊ အဲဘုန်းတော်ဟို ခုတုံး သူ့ဟို ထင်ဆှားစေလိမ့်မယ်။
“ခမည်းတော်ဆေမှ နင်လို့ဆေဟို ငါစေလွှတ်မဲ့ ကူညီမစသောသူတည်းဟူသော ခမည်းတော်ဆေမှ လာလဲ့ သမ္မာတရားရဲ့ ဝိညာဉ်တော်ဟ ရောက်လာသောအခါ ငါရဲ့အကျောန်းဟို သက်သေခံလိမ့်မယ်။
အဲလိုလဲ ငါပေးလဲ့ ယေဟို သောက်သူဟ နောက်တဖန် ဖယ်တော့မှ ယေငတ်ခြင်းနဲ့ ကင်းလွတ်လိမ့်မယ်။ အမန်တကယ် ငါပေးလဲ့ ယေဟ အဲသူလို့နှိုက် ထာဝရ အသက်ဆှင်ခြင်းအလိုငှာ ထွက်သောစမ်းယေ ဖြစ်လိမ့်မယ်” ဟု မိန့်လေအယ်။
ကိုယ်တော်ဟ ဘုရားသခင်ရဲ့ လက်ယာဖက်တွင် ချီးမြှင့်ခြင်း ခံပင်းနောက် ခမည်းတော် ကတိထားလဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ဟို ခံယူယွေ့ နင်လို့အခု တွေ့မြင် ကြားသိနေကြလဲ့ ဝိညာဉ်တော်ဟို ငါလို့ အပေါ်သို့ သွန်းလောင်းလေပီ။
ဟေဟာဟ ယေရှု ခရစ်တော်ရဲ့ ဗျာဒိတ်တော် ဖြစ်အယ်။ ဟေဗျာဒိတ်တော်ဟ မကြာမီအတွင်း ဖြစ်ပျက်ရမဲ့အရာများဟို မိမိရဲ့ အစေခံလို့အား ပြသရန် ခရစ်တော်နှိုက် ဘုရားသခင် ပေးအပ်သောအရာ ဖြစ်အယ်။ ခရစ်တော်ဟ မိမိရဲ့ ခေါန်းခင်တမန်ဟို စေလွှတ်ယွေ့ မိမိအစေခံ ယောဟန်အား ဟေဗျာဒိတ်တော် အရိပ်အယောင်ဟို ဖော်ပြအယ်။
အဲမြို့ဟ ဘုရားသခင်ရဲ့ ဘုန်းအသရေတော်နဲ့ ပြေ့စုံယွေ့ အေးအရောင်ဟ ကျောက်မျက်ရတနာနဲ့ တူပင်း ကျောက်သလင်းသဖွယ် ကြည်လင်သော နဂါးသွဲ့ကျောက်လိုမျိုး ဖြစ်အယ်။
တဖန် ကိုယ်တော်ဟ “အမှုပီးပီ။ ငါဟ အာလာဖနဲ့ ဩမေဃ ဖြစ်အယ်။ အစနဲ့ အဆုံး ဖြစ်အယ်။ ယေငတ်သောသူအား အသက်စမ်းယေဟို အလကားကား ငါပေးမယ်။
အဲပင်းရင် နောက်ဆုံးသော ဘေးဒဏ် ခုနေပါးနဲ့ ပြေ့နေသော ဖလား ခုနေလုံးဟို ကိုင်ဆောင်လဲ့ ခေါန်းခင်တမန် ခုနေပါးထဲမှ တပါးဟ လာယွေ့ ငါနဲ့ စကားပြောလျက် “လာမန့်၊ သိုးသငယ်ရဲ့ ပေါင်အိုမဖြစ်သော သတို့သမီးဟို နင့်အား ငါ ပြမယ်” ဟု ဆိုအယ်။
ဝိညာဉ်တော်နဲ့ သတို့သမီးလို့ဟ “ကြွလာမန့်” ဟု ဆိုကြအယ်။ ကြားနာသောသူဟလည်း “ကြွလာမန့်” ဟု ဆိုကြပါစေ။ ယေငတ်သောသူဟ လာမန့်။ အလိုဆိသောသူဟ အဖိုးဟို မပေးဘဲ အသက်ယေဟို ယူမန့်။
အဲပင်းရင် ခေါန်းခင်တမန်ဟ “ဟေစကားဟ သစ္စာစကား၊ မန်ကန်သော စကား ဖြစ်ကြအယ်။ ပရောဖက်လို့ရဲ့ ဝိညာဉ်များဟို ပိုင်သသော ထာဝရအဆှင် ဘုရားသခင်ဟ မကြာမီအတွင်း ဖြစ်ပျက်ရမဲ့အရာများဟို မိမိအစေခံလို့အား ပြသရန် မိမိရဲ့ ခေါန်းခင်တမန်ဟို စေလွှတ်အယ်” ဟု မြွတ်ဆိုလေအယ်။
ငါဟ အောန်မြင်ယွေ့ ငါ့ခမည်းတော်ရဲ့ ပလ္လင်ပေါ်မှာ ကိုယ်တော်နဲ့အတူ ထိန်နေသလိုမျိုး အောန်မြင်သူအား ပလ္လင်ပေါ်မှာ ငါနဲ့အတူ ထိန်ရသောအခွင့်ဟို ငါ ပေးမယ်။
အဲပြင် ခေါန်းခင်၊ မြေကြီး၊ မြေကြီးအောက် ပင်လယ်အရပ်ရပ်နှိုက် ဆိသမျှသော သတ္တဝါအပေါင်းလို့ဟ၊ “ပလ္လင်ပေါ်တွင် ထိန်နေသောသူနဲ့ သိုးသငယ်ဟ ကမ္ဘာအဆက်ဆက် ချီးမွန်းခြင်းဟို ခံရစေသတည်း။ ဂုဏ်အသရေ၊ ဘုန်းအသရေ၊ တန်ခိုးလို့ဖြင့် ပြေ့စုံစေသတည်း” ဟု ကြွေးကြော်တာဟို ငါ ကြားရအယ်။
အဲအခါ ပလ္လင်တော်မှစသော သတ္တဝါလေးပါးနဲ့ အသက်ကြီးသူလို့ အလယ်နှိုက်၊ အသေသတ်ပင်းသလို သိုးသငယ်ဟ ရပ်လျက်ဆိတာဟို ငါမျော်အယ်။ အဲသိုးသငယ်ဟ မြေကြီးတပြင်လုံးနှိုက် လွှတ်သော ဘုရားသခင်ရဲ့ ဝိညာဉ် ခုနေပါးတည်းဟူသော မျက်စေ့ ခုနေလုံးနဲ့ ချိုခုနေချောင်း ဆိအယ်။
အကျောန်းမှာ ပလ္လင်တော် အလယ်တွင် ဆိသော သိုးသငယ်ဟ သူလို့ဟို အုပ်ထိန်းယွေ့ အသက်ယေ ထွက်ရာ စမ်းယေတွင်းဟို သူလို့ဟို လမ်းပြပို့ဆောင်လိမ့်မယ်။ ဘုရားသခင်ဟလည်း သူလို့ရဲ့ မျက်စေ့မှ မျက်ရည်ဆိသမျှလို့ဟို သုတ်ပေးလိမ့်မယ်” ဟု ဆိုအယ်။