5 ပလ္လင်ပေါ်တွင် ထိန်နေသောသူဟလည်း “ကျေ့လော့၊ ငါဟ အရာခပ်သိမ်းလို့ဟို အသစ် ဖြစ်စေအယ်” ဟု မိန့်ပင်း “ရေးထားလော့။ ဟေစကားလို့ဟ သစ္စာစကား၊ မန်ကန်သောစကား ဖြစ်ကြအယ်” ဟု မိန့်အယ်။
အသစ်သော စပျစ်ယေဟို အသစ်သော သားယေဖူးထဲမှာ ထည့်ရအယ်။
အဲကျောန့် စသူမဆို ခရစ်တော်နှိုက်ဆိရင် အသစ်ဖန်ဆင်းခံရသူ ဖြစ်အယ်၊ ဟောင်းသောအရာလို့ဟ ကွယ်ပျောက်သွားယွေ့ ခပ်သိမ်းသောအရာလို့ဟို အသစ်ဖြစ်ကြပီ။
“နောက်တကြိမ်” ဟူသော စကားဟ တုန်လှုပ်နိန်သောအရာလို့ဟို ဖန်ဆင်းခြင်း ခံရလဲ့ တုန်လှုပ်တတ်သော အရာများဟို ဖယ်ဆှားမဲ့ အကျောန်းဟို ဆိုလိုအယ်။
အဲအသံဟ “နင် မျော်ရသောအရာဟို စာစောင်တွင် ရေးသားယွေ့ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နဲ့ လောဒိကိမြို့လို့နှိုက် ဆိသော အသင်းတော် ခုနေပါးဆေဟို ပေးပို့လော့” ဟု ဆိုအယ်။
“အဲလိုမို့ နင် မျော်ခဲ့ရသောအရာများ၊ အခု ဖြစ်နေသောအရာများနဲ့ နောင်တွင် ဖြစ်ပျက်မဲ့အရာများဟို ရေးထားလော့။
အဲပင်းရင် ခေါန်းခင်တမန်ဟ “သိုးသငယ်ရဲ့ မင်္ဂလာ ညစာစားပွဲဟို ဖိတ်ခေါ်ခြင်း ခံရသောသူလို့ဟ မင်္ဂလာ ဆိကြအယ်ဟု ရေးထားလော့” ဟူယွေ့ ငါ့အား မြွတ်ဆိုပင်းရင် “ဟေအရာလို့ဟ ဘုရားသခင်ရဲ့ ဖြောင့်မန်သော နှုတ်ကပတ်တော်များ ဖြစ်ကြအယ်” ဟု မြွတ်ဆိုလေအယ်။
အဲပင်းရင် ဖြူသော ပလ္လင်ကြီးနဲ့ အဲပလ္လင်ပေါ်တွင် ထိန်သောသူဟို ငါ မျော်ရအယ်။ ခေါန်းခင်နဲ့ မြေကြီးဟ အဲသူရဲ့ မျက်မှောက်မှ ပျောက်လွင့်သွားယွေ့ အေးဟာအတွက် နေရာမဆိ။
စသူမဆို ဟေပရောဖက်ပြု ဟောပြောသော စာစောင်ထဲမှ စကားလုံးများဟို နုတ်ပယ်ရင် ဟေစာစောင်နှိုက် ရေးထားသော အသက်ပင်မှ လည်းကောင်း၊ သန့်ဆှင်းသော မြို့တော်မှ လည်းကောင်း၊ အဲသူစပ်ဆိုင်သော အခွင့်ဟို ဘုရားသခင်ဟ နုတ်ပယ်လိမ့်မယ်။
အဲပင်းရင် ခေါန်းခင်တမန်ဟ “ဟေစကားဟ သစ္စာစကား၊ မန်ကန်သော စကား ဖြစ်ကြအယ်။ ပရောဖက်လို့ရဲ့ ဝိညာဉ်များဟို ပိုင်သသော ထာဝရအဆှင် ဘုရားသခင်ဟ မကြာမီအတွင်း ဖြစ်ပျက်ရမဲ့အရာများဟို မိမိအစေခံလို့အား ပြသရန် မိမိရဲ့ ခေါန်းခင်တမန်ဟို စေလွှတ်အယ်” ဟု မြွတ်ဆိုလေအယ်။
ငါဟ ခုတုံးပင် ဝိညာဉ်တော်နှိုက် ဆိလေရာ ကျေ့လော့။ ခေါန်းခင်နှိုက် ပလ္လင်တော် တခုတည်ဆိယွေ့ အဲပလ္လင်တော်ပေါ်တွင် ထိန်နေသော အဆှင်တပါး ဆိအယ်။
အဲလို ပလ္လင်တော်ပေါ်တွင် ထိန်လျက် ကမ္ဘာအဆက်ဆက် အသက်ဆှင်သော သူရဲ့ ဘုန်းတော်၊ ဂုဏ်တော်နဲ့ ကျေးဇူးတော်လို့ဟို သတ္တဝါလေးပါးလို့ဟ ချီးမွန်းကြသောအခါ၊
ပလ္လင်တော်ပေါ်တွင် ထိန်သောသူရဲ့ လက်ယာလက်တော်တွင် စာလိပ်ဟို ငါမျော်အယ်။ အဲစာလိပ်ဟ တံဆိပ်ခုနေခုဖြင့် ခတ်နှိပ်ထားယွေ့ စာမျက်နှာ နေဖက်လုံးတွင် စာများ ရေးသားထားအယ်။