25 အဲနေရာနှိုက် ညမဆိသောကျောန့် မြို့ထင်ခါးများဟို စလို နေ့ရက်တွင်မျှ ပိတ်ထားခြင်း မဆိ။
အဲမြို့တွင် ကြီးမားယွေ့ မြင့်လသော မြို့ရိုး ဆိလျက် ထင်ခါး တဆယ့်နေပေါက် ဆိအယ်။ ထင်ခါးများတွင် ခေါန်းခင်တမန် တဆယ့်နေပါး ဆိယွေ့ အဲထင်ခါးများပေါ်နှိုက် ဣသရေလအမျိုး တဆယ့်နေမျိုးလို့ရဲ့ အမယ်နာမများဟို ရေးထိုးထားအယ်။
ငါနဲ့ စကားပြောသော ခေါန်းခင်တမန်နှိုက် အဲမြို့ဟို လည်းကောင်း၊ မြို့ထင်ခါးနဲ့ မြို့ရိုးလို့ဟို လည်းကောင်း တိုင်းရန် တိုင်းစရာ ဆွေကျူရိုး ဆိအယ်။
ဘုရားသခင်ရဲ့ ဘုန်းအသရေတော်ဟ အဲမြို့ဟို ထွန်းလင်းစေရန် သိုးသငယ်ဟ အဲမြို့ရဲ့ မီးဖူး ဖြစ်သောကျောန့် အဲမြို့ဟို ထွန်းလင်းစေရန် နေနဲ့ လလို့ဟို မလိုအပ်။
ညဟ ဆိတော့မှာ မဟုတ်။ ထာဝရအဆှင် ဘုရားသခင်ဟ သူလို့အပေါ် ထွန်းလင်းတာ ဖြစ်ယွေ့ မီးဖူးရဲ့ အလင်းနဲ့ နေရဲ့ အလင်းလို့ လိုအပ်တော့ဝူး။ သူလို့ဟ ကမ္ဘာအဆက်ဆက် စိုးစံကြလိမ့်မယ်။