21 မြို့ထင်ခါး တဆယ့်နေပေါက်လို့ဟ ပုလဲတဆယ့်နေလုံး ဖြစ်ကြပင်း ထင်ခါးပေါက် တလုံးစီဖြင့် ပြုလုပ်ထားအယ်။ မြို့ရဲ့ လမ်းမဟလည်း ကြည်လင်သော ဖန်လို ဆွေစင် ဖြစ်အယ်။
အဲမိန်းမဟ ခရမ်းရောင်နဲ့ နီမြန်းသော အရောင်လို့ဟို ဝတ်ဆင်ထားလျက် ဆွေ၊ ကျောက်မျက်ရတနာနဲ့ ပုလဲလို့ဖြင့် တန်ဆာဆင်ထားကာ သူရဲ့ လက်နှိုက် ရွံရှာဖွယ်ရာများနဲ့ မိမိရဲ့ မတရားသော မေထုန်ပြုခြင်းရဲ့ ညစ်ညူးသောအရာများဖြင့် ပြေ့နေသော ဆွေမုတ်ဟို ကိုင်ထားအယ်။
ပိတ်ချော၊ ခရမ်းရောင်နဲ့ နီမြန်းသော အဝတ်လို့ဟို ဝတ်ဆင်ထားလျက် ဆွေ၊ ကျောက်မျက်ရတနာနဲ့ ပုလဲလို့ဖြင့် တန်ဆာဆင်ထားသော မြို့ကြီး၊ “နင်ဟ စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ် ဖြစ်ပါအယ် ဟုတ်မောင့်လဲ့။
ငါနဲ့ စကားပြောသော ခေါန်းခင်တမန်နှိုက် အဲမြို့ဟို လည်းကောင်း၊ မြို့ထင်ခါးနဲ့ မြို့ရိုးလို့ဟို လည်းကောင်း တိုင်းရန် တိုင်းစရာ ဆွေကျူရိုး ဆိအယ်။
အဲမြို့ရိုးဟို နဂါးသွဲ့ကျောက်ဖြင့် တည်ဆောက်ထားယွေ့ မြို့ဟ ကြည်လင်သော ဖန်သားနဲ့တူလဲ့ ဆွေစင် ဖြစ်အယ်။
မြို့ရဲ့ လမ်းမအလယ်တဆှောက် စီးဆင်းနေအယ်။ မြစ်ရဲ့ တဖက်တချက်စီနှိုက် အသီးတဆယ့်နေမျိုး သီးယွေ့ မိမိအသီးဟို လစဉ်ပေးတတ်လဲ့ အသက်ပင် ဆိအယ်။ အဲအပင်မှ အရွက်များဟလည်း လူမျိုးတကာလို့ရဲ့ ကျန်းမာခြင်းအတွက် ဖြစ်အယ်။
အဲပြင် ပလ္လင်တော်ဆေ့နှိုက် ကျောက်သလင်းနဲ့တူလဲ့ ဖန်ပင်လယ် ဆိအယ်။ ပလ္လင်တော်ရဲ့ အလယ်နဲ့ ပလ္လင်တော် ပတ်လည်နှိုက် ဆေ့ဘက်နဲ့ နောက်ဘက်တွင် မျက်စေ့များဖြင့် ပြေ့နေသော သတ္တဝါလေးပါး ဆိအယ်။