15 ငါနဲ့ စကားပြောသော ခေါန်းခင်တမန်နှိုက် အဲမြို့ဟို လည်းကောင်း၊ မြို့ထင်ခါးနဲ့ မြို့ရိုးလို့ဟို လည်းကောင်း တိုင်းရန် တိုင်းစရာ ဆွေကျူရိုး ဆိအယ်။
အဲမြို့တွင် ကြီးမားယွေ့ မြင့်လသော မြို့ရိုး ဆိလျက် ထင်ခါး တဆယ့်နေပေါက် ဆိအယ်။ ထင်ခါးများတွင် ခေါန်းခင်တမန် တဆယ့်နေပါး ဆိယွေ့ အဲထင်ခါးများပေါ်နှိုက် ဣသရေလအမျိုး တဆယ့်နေမျိုးလို့ရဲ့ အမယ်နာမများဟို ရေးထိုးထားအယ်။
အဲမြို့ဟ စတုရန်းပုံ ဆိယွေ့ အေးရဲ့ အလျားနဲ့ အနံ့ဟ တူညီအယ်။ ခေါန်းခင်တမန်ဟ ဆွေကျူရိုးဖြင့် မြို့ဟို တိုင်းလေရာ မိုင်ပေါင်း ၁,၃၈၀ ခန့် ဆိယွေ့ အေးရဲ့ အလျား၊ အနံ့၊ အမြင့်လို့ဟ တူညီကြအယ်။
မြို့ထင်ခါး တဆယ့်နေပေါက်လို့ဟ ပုလဲတဆယ့်နေလုံး ဖြစ်ကြပင်း ထင်ခါးပေါက် တလုံးစီဖြင့် ပြုလုပ်ထားအယ်။ မြို့ရဲ့ လမ်းမဟလည်း ကြည်လင်သော ဖန်လို ဆွေစင် ဖြစ်အယ်။
အဲနေရာနှိုက် ညမဆိသောကျောန့် မြို့ထင်ခါးများဟို စလို နေ့ရက်တွင်မျှ ပိတ်ထားခြင်း မဆိ။