Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဗျာဒိတ် 20:6 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

6 ပထမ ဆှင်ပြန်ထမြောက်ခြင်းနှိုက် ပါသောသူဟ မင်္ဂလာဆိသူ၊ သန့်ဆှင်းသူ ဖြစ်အယ်။ ဒုတိယသေခြင်းဟ သူလို့အပေါ် စလို အခွင့်အာဏာမျှ မဆိ၊ သူလို့ဟ ဘုရားသခင်နဲ့ ခရစ်တော်ရဲ့ ယဇ်ပုရောဟိတ်များ ဖြစ်ကြပင်း ခရစ်တော်နဲ့အတူ အနှစ်တထောင် စိုးစံကြလိမ့်မယ်။

Faic an caibideil Dèan lethbhreac




ဗျာဒိတ် 20:6
19 Iomraidhean Croise  

ဧည့်သည်များထဲမှ ယေရှုနဲ့ တူတူထိန်နေသူ တဦးဟ အဲစကားဟို ကြားရင် “ဘုရားသခင်ရဲ့ နိုင်ငံတော်မှာ ပွဲဝင်ရတဲ့သူဟ စလောက် မင်္ဂလာဆိသလဲ” ဟု ပြောလေအယ်။


ညီအကို မောင်နှမလို့၊ ဘုရားသခင်ရဲ့ ကရုဏာအားဖြင့် နင်လို့ဟို ငါ တိုက်တွန်း နှိုးဆော်လိုတာဟ နင်လို့ရဲ့ ကိုယ်ခန္ဓာဟို ဘုရားသခင် နှစ်သက်လဲ့ သန့်ဆှင်းယွေ့ အသက်ဆှင်သော ယဇ်အဖြစ် ပူဇော်ကြလော့။ ဟေဟာဟ ကိုယ်တော်အား နင်လို့ ပြုအပ်သော စစ်မန်သော ဝတ်ပြုကိုးကွယ်ခြင်း ဖြစ်အယ်။


အဲလို့ လူပဲ့သငယ်များဖြစ်ကြရင် အမွေခံများလည်း ဖြစ်ကြအယ်။ ငါလို့ဟ ခရစ်တော်နဲ့အတူ ဘုန်းတော်ချီးမြောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းဟိုလည်း ကိုယ်တော်နဲ့အတူခံရကြရင် ဘုရားသခင်ရဲ့ အမွေခံများဖြစ်ကြပင်း ခရစ်တော်နဲ့အတူ အမွေဆက်ခံများလည်း ဖြစ်ကြအယ်။


ငါလို့ဟ သည်းခံရင် ကိုယ်တော်နဲ့အတူ စိုးစံလိမ့်မယ်။ ငါလို့ဟ ကိုယ်တော်အား စွန့်ပယ်ရင် ကိုယ်တော်ဟ ငါလို့အား စွန့်ပယ်လိမ့်မယ်။


နင်လို့တတ်တိုင်းလည်း အသက်ဆှင်သော ကျောက်လိုမျိုး ဝိညာဉ်ရေးဆိုင်ရာ အိုင်အဖြစ် တည်ဆောက်ခြင်းဟို ခံကြလော့။ ဟေဟာဟ နင်လို့သည် သန့်ဆှင်းသော ယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင် နှစ်သက်လက်ခံသော ဝိညာဉ်ရေးဆိုင်ရာ ယဇ်များဟို ယေရှု ခရစ်တော်အားဖြင့် ပူဇော်နိန်ရန် ဖြစ်အယ်။


အဲလိုလဲ နင်လို့ဟ ရွေးကောက်ခံရသော အမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ဆှင်းသော တိုင်းသူပြေသား၊ ဘုရားသခင်ရဲ့ လူမျိုး ဖြစ်ကြအယ်။ ဟေဟာဟ နင်လို့ဟို မိုက်ထဲဟ မိမိရဲ့ အံ့ဩဖွယ် အလင်းထဲဟို ခေါ်ယူသော အဆှင်ရဲ့ ကောင်းမြတ်ခြင်းများဟို နင်လို့ ဖော်ပြကြမဲ့အကျောန်း ဖြစ်အယ်။


မိမိ ခမည်းတော် ဘုရားသခင်ဆေ့နှိုက် ငါလို့ဟို ဆှင်ဘုရင်အရာနှိုက် လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာနှိုက် လည်းကောင်း၊ ခန့်ထားသော ယေရှု ခရစ်တော်ဟ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ တန်ခိုးအာနုဘော် ဆိစေသတည်း။ အာမင်။


အဲပင်းရင် ခေါန်းခင်မှ အသံဟ “ရေးထားလော့။ အခုမှစယွေ့ သခင်ဘုရားနှိုက် သေဆုံးလဲ့ သေလွန်သောသူလို့ဟ မင်္ဂလာ ဆိကြအယ်” ဟု ပြောဆိုတာဟို ငါကြားရအယ်။ ဝိညာဉ်တော်ဟလည်း “မန်အယ်။ သူလို့ဟ မိမိလို့ရဲ့ ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့် ရကြလိမ့်မယ်။ သူလို့ ပြုသောအမှုများဟလည်း သူလို့နဲ့ လိုက်ပါလာကြအယ်” ဟု မိန့်အယ်။


“ဝိညာဉ်တော်ဟ အသင်းတော်လို့အား မိန့်သောအရာဟို နားဆိသောသူဟ ကြားပါစေ။ “အောန်မြင်သောသူဟ ဒုတိယ သေခြင်းဘေးနဲ့ ကင်းလွတ်လိမ့်မယ်။


အဲပင်းရင် သေခြင်းနဲ့ မရဏာနိုင်ငံလို့ဟ မီးအိန်ထဲဟို လောချခြင်း ခံရကြအယ်။ (ဟေမီးအိန်ဟ ဒုတိယသေခြင်း ဖြစ်အယ်။)


အဲလိုလဲ ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံဆှာဖွယ်သောသူ၊ လူ့အသက်ဟို သတ်သောသူ၊ မတရားသော မေထုန်နှိုက် မှီဝဲသောသူ၊ ပြုစားသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သစ္စာပျက်သောသူအပေါင်းလို့ဟ ကန့်နဲ့ လောင်သော မီးအိန်ထဲနှိုက် မိမိလို့ အဖို့ဟို ရကြလိမ့်မယ်။ ဟေဟာဟ ဒုတိယ သေခြင်း ဖြစ်အယ်” ဟု မိန့်အယ်။


ညဟ ဆိတော့မှာ မဟုတ်။ ထာဝရအဆှင် ဘုရားသခင်ဟ သူလို့အပေါ် ထွန်းလင်းတာ ဖြစ်ယွေ့ မီးဖူးရဲ့ အလင်းနဲ့ နေရဲ့ အလင်းလို့ လိုအပ်တော့ဝူး။ သူလို့ဟ ကမ္ဘာအဆက်ဆက် စိုးစံကြလိမ့်မယ်။


ယေရှုဟ “ကျေ့လော့၊ ငါဟ အလျင်အမြန် လာမယ်။ ဟေစာစောင်ထဲမှ ပရောဖက်ပြုဟောပြောသော စကားလို့ဟို လိုက်နာ စောင့်ထိန်းသောသူဟ မင်္ဂလာဆိအယ်” ဟု မိန့်အယ်။


ငါဟ အောန်မြင်ယွေ့ ငါ့ခမည်းတော်ရဲ့ ပလ္လင်ပေါ်မှာ ကိုယ်တော်နဲ့အတူ ထိန်နေသလိုမျိုး အောန်မြင်သူအား ပလ္လင်ပေါ်မှာ ငါနဲ့အတူ ထိန်ရသောအခွင့်ဟို ငါ ပေးမယ်။


သူလို့ဟို ငါလို့ရဲ့ ဘုရားသခင်အတွက် နိုင်ငံတခုနဲ့ ယဇ်ပုရောဟိတ်များ ဖြစ်စေသဖြင့် သူလို့ဟ မြေကြီးပေါ်တွင် အုပ်စိုးရကြလိမ့်မယ်” ဟု ဆိုကြအယ်။


Lean sinn:

Sanasan


Sanasan