3 အနှစ်တထောင် ကုန်ဆုံးသည်အထိ လူများလို့ဟို နောက်ထပ် မလှည့်စားနိန်ရန် သူ့ဟို တွင်းနက်ကြီးထဲဟို လောချလျက် ပိတ်လှောင်ထားယွေ့ တံဆိပ်ခတ်လေအယ်။ အနှစ်တထောင် ကုန်ပင်းမှ တဖန် ခဏ လွှတ်ရဦးမယ်။
အကျောန်းမှာ မေဆှိယ အတုယောင်များနဲ့ ပရောဖက်အတု အယောင်များ ပေါ်ပေါက်လာပင်း ဖြစ်နိန်ပါက ရွေးချယ်ထားသော သူများဟိုပင် ဝါနိန်ရန် ကြီးမားသော နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်သောအရာများဟို ပြကြလိမ့်မယ်။
သို့ဖြစ်ယွေ့ အေးသူလို့ဟ လုတ်တိုင်းဂူသို့ သွားပင်းရင် ကျောက်တုံးဟို တံဆိပ်ခတ်နှိပ်ကာ အစောင့်တပ်များဟို ချထားကြအယ်။
လူအချို့လို့ဟ လမ်းမြေတွင်ကျလဲ့ မျိုးစေ့နဲ့ တူအယ်။ သူလို့ဟ တရားစကားကြားတာနဲ့ တပြိုင်နက်၊ စာတန်ဟ လာယွေ့ သူလို့နှိုက် ကြဲထားသော တရားတော်ဟို နုတ်ယူသွားအယ်။
နတ်ဆိုးများဟ တွင်းနက်ထဲဟို မပို့ဖို့ ယေရှုဟို တောင်းပန်ကြအယ်။
အားပေမဲ့ မြွေဟ မိမိရဲ့ ပရိယာယ်အားဖြင့် ဧဝဟို လှည့်ဖြားသလို အကျောန်းတစုံတခုကျောန့် နင်လို့ရဲ့ စိတ်နေလုံးဟ ခရစ်တော်အပေါ်နှိုက် ထားဆိလဲ့ ရိုးသားဖြူစင်ခြင်းမှ သွေဖယ်သွားမယ်ဟို ငါ စိုးရိမ်အယ်။
အဲလိုလဲ ချစ်သောသူလို့ ထာဝရဘုရားအတွက် နေ့ရက်တရက်ဟ အနှစ်တထောင်လိုမျိုး လည်းကောင်း၊ အနှစ်တထောင်ဟ နေ့ရက်တရက်လိုမျိုး လည်းကောင်း ဖြစ်အယ်ဟူသော အချက်တခုဟို မမေ့လျော့ကြနဲ့။
အဲအခါ ဟေလောကီတနိုင်ငံလုံးဟို လှည့်စားယွေ့ မာရ်နတ် အဲဟာမဟုတ်ရင် စာတန်လို့ ခေါ်သော ဆေ့မြွေဟောင်း တည်းဟူသော နဂါးကြီးဟို လည်းကောင်း၊ သူနဲ့အတူ သူရဲ့ တမန်လို့ဟို လည်းကောင်း၊ မြေကြီးဟို လောချလိုက်ကြအယ်။
သူဟ ပထမ သားရဲဆေ့နှိုက် ပြုခွင့်ရဆိထားသော နိမိတ်လက္ခဏာများအားဖြင့် မြေကြီးပေါ်တွင် နေထိန်သော သူအားလုံးလို့ဟို လှည့်စားယွေ့ ထားဒဏ်ရာ ဆိသော်လည်း အသက်ဆှင်ခဲ့သော သားရဲရဲ့ ရုပ်တုဟို ပြုလုပ်ရန် မြေကြီးပေါ်နှိုက် နေထိန်သောသူလို့အား စေခိုင်းအယ်။
မြေကြီးရဲ့ ဆှင်ဘုရင်လို့ဟ သူနဲ့အတူ မတရားသောမေထုန်ပြုကြပင်း သူရဲ့ မတရားသော မေထုန်ပြုခြင်း စပျစ်ယေဖြင့် ယစ်မူးကြအယ်” ဟု ဆိုအယ်။
နင်မျော်သော သားရဲဟ မခင်ဟ ဆိခဲ့ပင်း အခု မဆိ၊ မကြာမီ တွင်းနက်ကြီးထဲဟ တက်လာယွေ့ ပျက်စီးခြင်းဟို ရောက်မယ်ဖြစ်အယ်။ မြေကြီးပေါ်နှိုက် နေထိန်သော သူလို့ထဲတွင် ကမ္ဘာတည်ချိန်မှစယွေ့ အသက်စာစောင်နှိုက် စာရင်းမဝင်သော သူလို့ဟ မခင်ဟ ဆိခဲ့ပင်း အခု မဆိ၊ မကြာမီ ရောက်လာမဲ့ အဲသားရဲဟို မျော်လျက် အံ့ဩကြလိမ့်မယ်။
အဲပင်းရင် ခေါန်းခင်တမန် တပါးဟ တွင်းနက်ကြီးရဲ့ သော့နဲ့ သံကြိုးကြီးဟို ကိုင်လျက် ခေါန်းခင်ဟ ဆင်းသက်လာတာဟို ငါမျော်အယ်။