Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဗျာဒိတ် 20:12 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

12 တဖန် သေလွန်သောသူ အကြီးအငယ်လို့ဟ ပလ္လင်တော် ဆေ့နှိုက် ရပ်နေကြတာဟို ငါ မျော်ရအယ်။ စာစောင်များဟို ဖွင့်ထားယွေ့ အသက်စာစောင် တည်းဟူသော အခြားသော စာစောင်ဟိုလည်း ဖွင့်ထားအယ်။ သေလွန်သောသူလို့ဟ အဲစာစောင်များတွင် ရေးထားလဲ့အတိုင်း မိမိလို့ ပြုသောအမှုများနဲ့အညီ တရားစီရင်ခြင်းဟို ခံရကြအယ်။

Faic an caibideil Dèan lethbhreac




ဗျာဒိတ် 20:12
34 Iomraidhean Croise  

ငါအမန်အကန် နင်လို့အားပြောတာဟ တရားဆုံးဖြတ်ရာနေ့နှိုက် နင်လို့ထက် တုရုမြို့နဲ့ ဇိဒုန်မြို့ဟို ဘုရားသခင်ဟ ကရုဏာပိုပင်းပြမယ်။


အကျောန်းမှာ လူသားဟ မိမိအဖရဲ့ ဘုန်းအသရေဟို ဆောင်လျက် ခေါန်းခင်တမန်များနဲ့ အတူ ကြွလာလိမ့်မယ်။ အဲအခါ လူအပေါင်းလို့အား မိမိလို့ရဲ့ အကျင့်အလျောက် အကျိုးအပစ်ဟို ဆပ်ပေးလိမ့်မယ်။


အဲလိုလဲ နတ်ဆိုးများဟ နင်လို့စကားဟို နားထောင်သောကျောန့် ဝမ်းမသာကျနဲ့။ နင်လို့ရဲ့ နာမယ်များဟို ခေါန်းခင်မှာ ရေးထားတဲ့အတွက်ကျောန့် ဝမ်းသာကြလော့” ဟု ပြောအယ်။


သူလို့တတ်တိုင်းလည်း မျော်လင့်သလိုမျိုး ဖြောင့်မတ်သောသူများ ဖြစ်စေ၊ မဖြောင့်မတ်သောသူများ ဖြစ်စေ နောင်တွင် ဆှင်ပြန်ထမြောက်ကြလိမ့်မယ်လို့ ဘုရားသခင်ဟို အမှီပြုယွေ့ မျှော်လင့်နေအယ်။


ဘုရားသခင်ဟ လူအယောက်စီတိုင်းဟို မိမိလို့ လုပ်ခဲ့လဲ့အရာအတိုင်း အကျိုးအပစ်ဟို ပေးလိမ့်မယ်။


အဲလိုမို့ သခင်ဘုရား ကြွလာမမူမီ စလိုအရာဟိုမျှ အချိန်မတန်ဘဲ မစီရင်ကြနဲ့။ အဲသခင်ဟ မိုက်ထဲနှိုက် အောန်းထားသောအရာလို့ဟို အလင်းဟို ယူဆောင်လာပင်း စိတ်နေလုံး အကြံစည်လို့ဟို ထင်ဆှားစေလိမ့်မယ်။ အဲအခါ လူအသီးသီးလို့ဟ ဘုရားသခင်ဆေမှ ချီးမွန်းခြင်းဟို ခံရကြလိမ့်မယ်။


အကျောန်းမှာ ငါလို့ဆိသမျှဟ ခရစ်တော်ရဲ့ တရားပလ္လင်ဆေ့နှိုက် ထင်ဆှားရမယ်။ ငါလို့ဟ ငါလို့ရဲ့ ကိုယ်ခန္ဓာ နေအိုင်နှိုက် ဆိနေစဉ် ငါလို့ပြုခဲ့လဲ့ ကောင်းသောအမှု အဲဟာမဟုတ်ရင် မကောင်းသောအမှုလို့အတွက် ထိုက်သင့်သော အကျိုးအပစ်ဟို ငါလို့ အသီးသီးခံရကြလိမ့်မယ်။


ငါရဲ့ ရဲဘော်စစ်ဖြစ်သူ နင့်ဟိုလည်း အဲအမျိုးသမီးလို့ဟို ကူညီမစရန် ငါ တောင်းပန်အယ်။ သူလို့ဟ ဧဝံဂေလိတရား ဟောပြောရာတွင် ငါနဲ့အတူ အထူး ကြိုးစားအားထုတ် လုပ်ဆောင်သူများ ဖြစ်ကြအယ်။ အဲသို့ လုပ်ဆောင်ခဲ့သူများတွင် ကလေမင်နဲ့တကွ ဘုရားသခင်ရဲ့ အသက်စာစောင် စာရင်းတွင် ပါဆိသူ အခြား ငါရဲ့ လုပ်ဖော်ဆောင်ဖက်များလည်း ပါဝင်အယ်။


လူမျိုးလို့ဟ အမျက်ထွက်ကြတာ ဖြစ်ယွေ့ အမျက်တော်ဟလည်း သက်ရောက်လာအယ်။ သေလွန်သောသူလို့ဟို တရားစီရင်ရန် လည်းကောင်း၊ ကိုယ်တော်ရဲ့ အစေခံများ၊ ပရောဖက်များ၊ သန့်ဆှင်းသူများနဲ့ ကိုယ်တော်ရဲ့ နာမတော်ဟို ကြောက်ရွံ့ရိုသေသောသူ အကြီးအငယ်လို့အား ဆုလာဘ်ပေးရန် လည်းကောင်း၊ မြေကြီးဟို ဖျက်ဆီးသောသူလို့ဟို ဖျက်ဆီးရန် လည်းကောင်း အချိန်ရောက်လာအယ်” ဟု ဆှောက်ကြအယ်။


အသေသတ်ခြင်း ခံရလဲ့ သိုးသငယ်ရဲ့ အသက်စာစောင်နှိုက် ကမ္ဘာဦးမှ စယွေ့ နာမယ် မရေးထားသော မြေကြီးပေါ်တွင် နေထိန်သူအားလုံးလို့ဟ အဲသားရဲဟို ကိုးကွယ်ကြလိမ့်မယ်။


နင်မျော်သော သားရဲဟ မခင်ဟ ဆိခဲ့ပင်း အခု မဆိ၊ မကြာမီ တွင်းနက်ကြီးထဲဟ တက်လာယွေ့ ပျက်စီးခြင်းဟို ရောက်မယ်ဖြစ်အယ်။ မြေကြီးပေါ်နှိုက် နေထိန်သော သူလို့ထဲတွင် ကမ္ဘာတည်ချိန်မှစယွေ့ အသက်စာစောင်နှိုက် စာရင်းမဝင်သော သူလို့ဟ မခင်ဟ ဆိခဲ့ပင်း အခု မဆိ၊ မကြာမီ ရောက်လာမဲ့ အဲသားရဲဟို မျော်လျက် အံ့ဩကြလိမ့်မယ်။


ပလ္လင်တော်မှ ထွက်လာသော အသံဟလည်း “ဘုရားသခင်ရဲ့ အစေခံအပေါင်းလို့နဲ့ ဘုရားသခင်ဟို ကြောက်ရွံ့သောသူ အကြီးအငယ်အပေါင်းလို့၊ ငါလို့ရဲ့ ဘုရားသခင်ဟို ချီးမွန်းကြလော့” ဟု ဆိုအယ်။


သူရဲ့ လူပဲ့သငယ်လို့ဟိုလည်း သေဘေးဖြင့် ငါ အဆုံးစီရင်မယ်။ အဲအခါ ငါဟ စိတ်နေလုံးနဲ့ အတွင်းသဘောဟို စစ်ဆေးသောသူဖြစ်ကျောန်း အသင်းတော်အားလုံး သိရကြလိမ့်မယ်။ နင်လို့အသီးသီးဟိုလည်း မိမိလို့ ပြုသောအမှုများနဲ့အညီ အကျိုးအပစ်ဟို ငါ ပေးမယ်။


အဲပင်းရင် ဖြူသော ပလ္လင်ကြီးနဲ့ အဲပလ္လင်ပေါ်တွင် ထိန်သောသူဟို ငါ မျော်ရအယ်။ ခေါန်းခင်နဲ့ မြေကြီးဟ အဲသူရဲ့ မျက်မှောက်မှ ပျောက်လွင့်သွားယွေ့ အေးဟာအတွက် နေရာမဆိ။


ပင်လယ်ဟ မိမိနှိုက် ဆိသော လူသေလို့ဟို ပေးအပ်လေအယ်။ သေခြင်းနဲ့ မရဏာနိုင်ငံလို့ဟလည်း မိမိနှိုက် ဆိသော လူသေလို့ဟို ပေးအပ်ကြအယ်။ အဲအခါ လူအသီးသီးလို့ဟ မိမိလို့ ပြုသောအမှုများနဲ့အညီ တရားစီရင်ခြင်းဟို ခံရကြအယ်။


အသက်စာစောင်နှိုက် စာရင်းမဝင်သောသူ ဆိသမျှလို့ဟလည်း မီးအိန်ထဲဟို လောချခြင်း ခံရကြအယ်။


မစင်ကြယ်သောအရာ တစုံတခုမျှ အဲမြို့ထဲဟို ဝင်ရလိမ့်မယ် မဟုတ်။ ရွံရှာဖွယ်သောအမှုနဲ့ ဝါပြောသောသူဟလည်း ဝင်ရလိမ့်မယ် မဟုတ်။ သိုးသငယ်တော်ရဲ့ အသက်စာစောင်တွင် စာရင်းဝင်သော သူလို့သာ ဝင်ရကြလိမ့်မယ်။


ယေရှုဟ “ကျေ့လော့၊ ငါဟ အလျင်အမြန် လာမယ်။ ငါပေးမဲ့ အကျိုးအပစ်ဟို ယူဆောင်လာယွေ့ လူအသီးသီးလို့အား မိမိလို့ ပြုသောအမှုအတိုင်း ငါဆပ်ပေးမယ်။


အောန်မြင်သောသူဟ အေးလိုပင် ဖြူသော ဝတ်လုံဟို ဝတ်ဆင်ရလိမ့်မယ်။ ငါဟလည်း သူရဲ့ နာမယ်ဟို အသက်စာစောင်မှ လုံးဝပယ်လောမယ် မဟုတ်။ ငါဟ သူရဲ့ နာမယ်ဟို ငါ့ခမည်းတော်ဆေ့နှိုက် လည်းကောင်း၊ ကိုယ်တော်ရဲ့ ခေါန်းခင်တမန်များဆေ့နှိုက် လည်းကောင်း ဝန်ခံမယ်။


Lean sinn:

Sanasan


Sanasan