12 “ပေရဂံမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “အသွားနေဖက်ပါလဲ့ ထက်သော သန်လျက်ဆိသောသူဟ ဟေလို မိန့်အယ်။
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ အသက်ဆှင်ယွေ့ ထက်မြက်ကာ အသွားနေဖက်ပါလဲ့ သံလျက်ဆိသမျှလို့ထက် သာယွေ့ ထက်သဖြင့် အသက်နဲ့ ဝိညာဉ်လို့အထိ လည်းကောင်း၊ အရိုးအဆစ်နဲ့ ခြင်ဆီလို့အထိ လည်းကောင်း၊ ထိုးဖောက်ပိုင်းခြား တတ်အယ်။ စိတ်နေလုံးရဲ့ အကြံအစည်နဲ့ သဘောထားလို့ဟိုလည်း ထိုးထွင်း သိမျော်အယ်။
အဲအသံဟ “နင် မျော်ရသောအရာဟို စာစောင်တွင် ရေးသားယွေ့ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နဲ့ လောဒိကိမြို့လို့နှိုက် ဆိသော အသင်းတော် ခုနေပါးဆေဟို ပေးပို့လော့” ဟု ဆိုအယ်။
သူဟ လက်ယာလက်ဖြင့် ကြယ်ခုနေလုံးဟို ကိုင်ယွေ့ ထားအယ်။ သူရဲ့ ခံတွင်းမှ အသွားနေဖက်ပါလဲ့ ထက်သော သန်လျက် ထွက်လာအယ်။ သူရဲ့ မျက်နှာဟလည်း မွန်းတည့်နေလိုမျိုး တောက်ပအယ်။
လူမျိုးတကာလို့ဟို နှိမ်နှင်းရန် ထက်သော သန်လျက်ဟ သူရဲ့ စလောင်တွင်းမှ ထွက်နေအယ်။ သူဟ သူလို့ဟို သံလှံတံဖြင့် အုပ်စိုးလိမ့်မယ်။ သူဟ အနန္တတန်ခိုးနဲ့ ပြေ့စုံသော ဘုရားသခင်ရဲ့ အမျက်တော်ဆိုင်ရာ ပြင်းစွာသော ဒေါသစပျစ်ယေရဲ့ စပျစ်သီးနယ်ရာကျင်းဟို နင်းနယ်လိမ့်မယ်။
ကြွင်းသောသူလို့ဟ မြင်းစီးသောသူရဲ့ စလောင်တွင်းထဲဟ ထွက်သော သန်လျက်နဲ့ ကွပ်မျက်ခြင်းဟို ခံရကြအယ်။ သူလို့ရဲ့ အသားဟို ငက်အပေါင်းလို့ဟ ဝစွာ စားရကြအယ်။
“ဧဖက်မြို့နှိုက် ဆိသော အသင်းတော်ရဲ့ ခေါန်းခင်တမန်ဆေဟို ဟေသို့ ရေးလိုက်လော့။ “ဟေဩဝါဒဟ ကြယ်ခုနေလုံးဟို လက်ယာဘက်တွင် ကိုင်ကာ ဆွေမီးခုံ ခုနေခု အကြားတွင် သွားလာနေသူရဲ့ ဆေမှ ဖြစ်အယ်။
အဲကျောန့် နောင်တရကြလော့။ မရရင် နင်ဆိရာဟို ငါဟ အလျင်အမြန် လာမယ်။ ငါ့ခံတွင်းမှ သန်လျက်ဖြင့် သူလို့ဟို တိုက်ခိုက်မယ်။