1 “ဧဖက်မြို့နှိုက် ဆိသော အသင်းတော်ရဲ့ ခေါန်းခင်တမန်ဆေဟို ဟေသို့ ရေးလိုက်လော့။ “ဟေဩဝါဒဟ ကြယ်ခုနေလုံးဟို လက်ယာဘက်တွင် ကိုင်ကာ ဆွေမီးခုံ ခုနေခု အကြားတွင် သွားလာနေသူရဲ့ ဆေမှ ဖြစ်အယ်။
အကျောန်းမှာ လူနေယောက် အဲဟာမဟုတ်ရင် သုံးယောက်လို့ဟ ငါ့နာမဖြင့် တနေရာရာတွင် စုဝေးကြသောအခါ အဲနေရာတွင် သူလို့နဲ့ အတူ ငါဆိမယ်” ဟု မိန့်အယ်။
နင်လို့အား ငါပေးသမျှသော ပညတ်လို့ဟို စောင့်ထိန်းကြစေရန် သူလို့အား သွန်သင်ကြလော။ ငါဟ ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောန် နင်လို့နဲ့အတူ အစဉ်မပြတ် ဆိမယ်” ဟု မိန့်အယ်။
ယောဟန်ဟ တောက်လောင်ယွေ့ ထွန်းလင်းသော မီးဖူးလိုမျိုး ဖြစ်အယ်၊ နင်လို့ဟ သူရဲ့ အလင်းနှိုက် ခဏသာပျော်မွေ့ လိုကြအယ်။
သူလို့ဟ ဧဖက်မြို့ဟို ရောက်သောအခါ ပေါလုဟ ပြစ်ကိလနဲ့ အာကုလလို့ဟို မြို့ထဲတွင် ချန်ခဲ့အယ်။ သူဟ တရားဇရပ်ဟို ဝင်ပင်း ယုဒလူများနဲ့ ဆွေးနွေးကြအယ်။
အဲလိုလဲ “ဘုရားသခင် အလိုတော်ဆိရင် ငါ ပြန်လာခဲ့မယ်” ဟု သူလို့ဟို ပြောပင်း ထွက်သွားတယ်။ အဲပင်းရင် ဧဖက်မြို့မှ သင်္ဘောနဲ့ ရွက်လွင့်သွားလေအယ်။
အာပေါလုဟ ကောရိန့်မြို့ဟို ရောက်နေစဉ်၊ ပေါလုဟ အထက် ဒေသတဆှောက်ဟို ဖြတ်သွားပင်းမှ ဧဖက်မြို့ဟို ရောက်အယ်။ တဘဲ့တော် တချို့လို့ဟို အေးမှာ တွေ့သဖြင့်၊
ဘုရားသခင်ရဲ့ ဗိမာန်တော်နဲ့ ရုပ်တုလို့ အကြားနှိုက် စလိုသဘောတူညီမှု ဆိတုန်း။ ငါလို့ဟ အသက်ဆှင်သော ဘုရားသခင်ရဲ့ ဗိမာန်တော် ဖြစ်ကြအယ်။ ဘုရားသခင်တတ်တိုင်း မိန့်လဲ့အတိုင်း၊ “ငါဟ ငါရဲ့ လူလို့တွင် ကျိန်းဝပ်ပင်း သူလို့ထံတွင် စံနေအယ်၊ ငါဟ သူလို့ရဲ့ ဘုရားသခင် ဖြစ်ယွေ့ သူလို့ဟလည်း ငါရဲ့ လူမျိုး ဖြစ်လိမ့်မယ်။”
သူဟ လက်ယာလက်ဖြင့် ကြယ်ခုနေလုံးဟို ကိုင်ယွေ့ ထားအယ်။ သူရဲ့ ခံတွင်းမှ အသွားနေဖက်ပါလဲ့ ထက်သော သန်လျက် ထွက်လာအယ်။ သူရဲ့ မျက်နှာဟလည်း မွန်းတည့်နေလိုမျိုး တောက်ပအယ်။
ငါရဲ့ လက်ယာဘက်တွင် နင်မျော်ရသော ကြယ်ခုနေလုံးနဲ့ ဆွေဆီမီးခုံ ခုနေခုလို့ရဲ့ လျှို့ဝှက်နက်နဲသော အဓိပ္ပာယ်မှာ ကြယ်ခုနေလုံးဟ အသင်းတော် ခုနေပါးရဲ့ စေတမန်များ ဖြစ်ကြပင်း ဆီမီးခုံ ခုနေခုဟ အသင်းတော် ခုနေပါး ဖြစ်ကြအယ်။
အဲပင်းရင် ခေါန်းခင်နှိုက် ကြီးမားသော နိမိတ်လက္ခဏာဟို ငါမျော်အယ်။ မိန်းမတဦးဟ နေဟို ဝတ်ဆင်လျက်၊ လဟို ခြေအောက်နှိုက် နင်းလျက် ဦးခေါင်းပေါ်တွင် ကြယ်တဆယ့်နေလုံးပါသော သရဖူဟို ဆောင်းထားအယ်။
“ပေရဂံမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “အသွားနေဖက်ပါလဲ့ ထက်သော သန်လျက်ဆိသောသူဟ ဟေလို မိန့်အယ်။
“သွာတိရမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “မီးလျှံလို မျက်စေ့နဲ့ တောက်ပသော ကြေးဝါနဲ့တူသော ခြေဆိလဲ့ ဘုရားသခင်ရဲ့ သားတော်ဟ ဟေလို မိန့်အယ်။
“စမုရနမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “ဦးရင်ဆုံးနဲ့ နောက်ဆုံးဖြစ်သောသူ၊ သေခဲ့သော်လည်း ပြန်ယွေ့ အသက်ဆှင်သောသူဟ ဟေလို မိန့်အယ်။
“သာဒိမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “ဘုရားသခင်ရဲ့ ဝိညာဉ်ခုနေပါးနဲ့ ကြယ်ခုနေလုံးဆိသော သူဟ ဟေလို မိန့်အယ်။ နင်ရဲ့ လုပ်ဆောင်မှုများဟို ငါသိအယ်။ နင်ဟ အသက်ဆှင်နေတာဟု နာမယ် ခံထားသော်လည်း သေသောသူ ဖြစ်အယ်။
“လောဒိကိမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “ဟေအရာဟ အာမင် ဖြစ်သောသူ၊ သစ္စာဆိလဲ့ ဖြောင့်မန်သော သက်သေ၊ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းတွင် အစဦးဖြစ်သူဟ ဟေလို မိန့်အယ်။
“ဖိလဒေလဖိမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “သန့်ဆှင်းသောသူ၊ ဖြောင့်မန်သောသူ၊ ဒါဝိဒ်ရဲ့ သော့ဟို ကိုင်ထားသောသူ၊ စသူမျှ မပိတ်နိန်အောန် ဖွင့်သောသူ၊ စသူမျှ မဖွင့်နိန်အောန် ပိတ်သောသူဟ ဟေလို မိန့်အယ်။