7 ငါလို့ဟ ဝမ်းမြောက်ရွှင်မြူးလျက် ကိုယ်တော်ရဲ့ ဘုန်းတော်ဟို ချီးမွန်းကြစို့။ အကျောန်းမှာ သိုးသငယ်ရဲ့ မင်္ဂလာဆောင်ပွဲ အချိန်ကျရောက် လာယွေ့ သူရဲ့ သတို့သမီးဟ မိမိတတ်တိုင်း ပြင်ဆင်လေပီ။
သူဟ အဲအကျောန်းဟို စဉ်းစားနေခါ ဘုရားသခင်ရဲ့ ခေါန်းခင်တမန်ဟ သူ့ရဲ့ အိမ်မက်ထဲမှာ ပေါ်လာယွေ့ “ဒါဝိဒ်အမျိုး ယောသပ် နင့်ရဲ့ ပေါင်အိုမ မာရိဟို ယူရမှာ မကြောက်နဲ့။ အကျောန်းမှာ ဟေလူပဲ့စွဲခြင်းဟာ သန့်ဆှင်းသော ဝိညာဉ်တော်ကျောန့် ဖြစ်အယ်။
“ခေါန်းခင်နိုင်ငံတော်ဟ မိမိရဲ့ သားအတွက် မင်္ဂလာဆောင်ဧည့်ခံပွဲ ပြင်ဆင်ထားတဲ့ ဘုရင်တပါး ကြုံတွေ့ရလဲ့ အဖြစ်အပျက်နဲ့ တူအယ်။
မင်္ဂလာဆောင်ပွဲမှ ပြန်လာသော မိမိလို့ရဲ့ သခင်ဟို စောင့်နေသော အစေခံကျွန်လိုမျိုး ဖြစ်ကြလော့။ အဲသူလို့ဟ သခင် ပြန်လာပင်း ထင်ခါးဟို ခေါက်ရင် ခုတုံး ထင်ခါးဟို ဖွင့်ပေးကြအယ်။
မင်္ဂလာဆောင်သတို့သမီးဟို သိမ်းပိုက်ရသူဟ မင်္ဂလာဆောင်သတို့သား ဖြစ်အယ်၊ အဲလိုလဲ သတို့သားရဲ့ မိတ်ဆွေဟ အဆင်သင့်စောင့်ဆိုင်းကာ သတို့သားရဲ့ အသံဟို နားထောင်လျက်နေအယ်၊ သတို့သားရဲ့ အသံဟို ကြားသော် ရမ်းဆာ့ ဝမ်းသာအားရသလို ငါဟလည်း အခု အပြေ့အဝ ဝမ်းသာရလေပီ။
ဘုရားသခင်ဟ နင်လို့ဟို သဝန်တိုစိတ်ဆိသလို ငါဟ နင်လို့ဟို သဝန်တိုစိတ် ဆိအယ်၊ နင်လို့ဟ ခရစ်တော် တဦးတည်းနဲ့ စုံဖက်ထိမ်းမြားရန် ငါကတိပြုထားလဲ့ အပျိုစင်နဲ့ တူကြအယ်။
အကျောန်းမှာ ခရစ်တော်ဟ အသင်းတော်တည်းဟူသော ကိုယ်ခန္ဓာရဲ့ ကယ်တင်ဆှင်ဖြစ်ပင်း အေးအသင်းတော်ရဲ့ ဦးခေါင်းဖြစ်သလိုမျိုး ဖိုးအိုဟလည်း ပေါင်အိုမရဲ့ ဦးခေါင်းဖြစ်အယ်။
အေးကျမ်းစာနှိုက် လျှို့ဝှက်နက်နဲသော သမ္မာတရားဆိအယ်။ ခရစ်တော်နဲ့ အသင်းတော်ဟို ရည်ညွှန်းတာဟို ငါနားလည်အယ်။
ငါလို့ဟ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ဟို ကိုးကွယ်ယွေ့ ဇာတိပကတိနှိုက် ကိုးစားခြင်း မဆိဘဲ ယေရှု ခရစ်နှိုက်သာ ဝါကြွားဝမ်းမြောက်သောသူ ဖြစ်ယွေ့ မန်သော အရေဖျားလှီးခြင်းဟို ခံသောသူ ဖြစ်ကြအယ်။
အဲအချိန်နာရီနှိုက် ပြင်းထန်သော ငလျင်လှုပ်ယွေ့ မြို့ဆယ်ပုံတပုံဟ ပြိုလဲသွားအယ်။ အဲငလျင်ကျောန့် လူပေါင်း ၇,၀၀၀ သေကြအယ်။ ကြွင်းကျန်သော သူလို့ဟ ကြောက်လန့်လျက် ခေါန်းခင်ဘုံဆှင် ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ချီးမွန်းကြအယ်။
အဲပင်းရင် ခေါန်းခင်တမန်ဟ “သိုးသငယ်ရဲ့ မင်္ဂလာ ညစာစားပွဲဟို ဖိတ်ခေါ်ခြင်း ခံရသောသူလို့ဟ မင်္ဂလာ ဆိကြအယ်ဟု ရေးထားလော့” ဟူယွေ့ ငါ့အား မြွတ်ဆိုပင်းရင် “ဟေအရာလို့ဟ ဘုရားသခင်ရဲ့ ဖြောင့်မန်သော နှုတ်ကပတ်တော်များ ဖြစ်ကြအယ်” ဟု မြွတ်ဆိုလေအယ်။
တဖန် သန့်ဆှင်းသော ယေရုရှလင်မြို့သစ်ဟ သတို့သားအတွက် ဆင်မြန်းထားလဲ့ သတို့သမီးလို ပြင်ဆင်လျက် ဘုရားသခင်ဆေ ခေါန်းခင်မှ ဆင်းသက်လာတာဟို ငါ မျော်ရအယ်။
အဲပင်းရင် နောက်ဆုံးသော ဘေးဒဏ် ခုနေပါးနဲ့ ပြေ့နေသော ဖလား ခုနေလုံးဟို ကိုင်ဆောင်လဲ့ ခေါန်းခင်တမန် ခုနေပါးထဲမှ တပါးဟ လာယွေ့ ငါနဲ့ စကားပြောလျက် “လာမန့်၊ သိုးသငယ်ရဲ့ ပေါင်အိုမဖြစ်သော သတို့သမီးဟို နင့်အား ငါ ပြမယ်” ဟု ဆိုအယ်။