Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဗျာဒိတ် 19:20 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

20 အဲလိုလဲ သားရဲဟ မိစ္ဆာပရောဖက်နဲ့ အတူ အဖမ်းခံရအယ်။ အဲမိစ္ဆာပရောဖက်ဟ သားရဲရဲ့ ဆေ့မှောက်နှိုက် နိမိတ်လက္ခဏာများဟို ပြုလျက် အဲနိမိတ်လက္ခဏာများအားဖြင့် သားရဲရဲ့ တံဆိပ်ဟို ခံယူယွေ့ သူရဲ့ ရုပ်တုဟို ကိုးကွယ်သောသူလို့အား လှည့်စားသောသူ ဖြစ်အယ်။ အဲသူနေဦးစလုံးလို့ဟ ကန့်နဲ့ လောင်သော မီးအိန်ထဲဟို အဆှင်လတ်လတ် လောချခြင်း ခံရကြအယ်။

Faic an caibideil Dèan lethbhreac




ဗျာဒိတ် 19:20
30 Iomraidhean Croise  

“မားသောပရောဖက်လို့ဟို သတိထားကြလော့။ သူလို့ဟ သိုးရေခြုံလျက် နင်လို့ဆေဟို လာပေမဲ့လည်း အတွင်းစိတ်ဟ ရက်စက်သော ဝံပုလွေလိုမျိုး ဖြစ်ကြအယ်။


ဘုရားသခင်ရဲ့ အမျက်တော်မုတ် စလိုအရာမှ မရောစပ်ဘဲ လောင်းထည့်လဲ့ ကိုယ်တော်ရဲ့ ပြင်းစွာသော အမျက် စပျစ်ယေဟို သောက်လိမ့်မယ်။ အဲသူဟ သန့်ဆှင်းသော ခေါန်းခင်တမန်များနဲ့ သိုးသငယ်ရဲ့ ဆေ့မှောက်တွင် ကန့်နဲ့ မီးလို့ထဲနှိုက် ညှဉ်းဆဲခြင်းဟို ခံရလိမ့်မယ်။


နင်မျော်ရသော ဦးချိုဆယ်ချောင်းဟ တိုင်းနိုင်ငံဟို မရသေးလဲ့ ဘုရင်ဆယ်ပါး ဖြစ်ကြပေမဲ့ သူလို့ဟ သားရဲနဲ့အတူ မင်းအာဏာစက်ဟို တိုတောင်းသောအချိန် တခုအတွင်း ရဆိကြလိမ့်မယ်။


အဲအခါ သားရဲမှ စယွေ့ မြေကြီးရဲ့ ဆှင်ဘုရင်များနဲ့ ၎င်းလို့ရဲ့ ဗိုလ်ခြေများဟ မြင်းစီးသောသူနဲ့ သူရဲ့ ဗိုလ်ခြေဟို စစ်တိုက်ရန် စုဝေးကြတာဟို ငါ မျော်ရအယ်။


သူလို့ဟို လှည့်စားသော မာရ်နတ်ဟလည်း သားရဲနဲ့ မိစ္ဆာပရောဖက်လို့ဆိရာ ကန့်နဲ့ ရောသော မီးအိန်ထဲဟို လောချခြင်း ခံရအယ်။ သူလို့ဟ အဲနေရာနှိုက် နေ့ရောညပါ ကမ္ဘာအဆက်ဆက် ညှဉ်းဆဲခြင်းဟို ခံရကြလိမ့်မယ်။


အဲလိုလဲ ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံဆှာဖွယ်သောသူ၊ လူ့အသက်ဟို သတ်သောသူ၊ မတရားသော မေထုန်နှိုက် မှီဝဲသောသူ၊ ပြုစားသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သစ္စာပျက်သောသူအပေါင်းလို့ဟ ကန့်နဲ့ လောင်သော မီးအိန်ထဲနှိုက် မိမိလို့ အဖို့ဟို ရကြလိမ့်မယ်။ ဟေဟာဟ ဒုတိယ သေခြင်း ဖြစ်အယ်” ဟု မိန့်အယ်။


အပြင်နှိုက် ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသော မေထုန်နှိုက် မှီဝဲသောသူ၊ လူအသက်ဟို သတ်သောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ ဝါပြောခြင်းဟို နှစ်သက်ယွေ့ ပြုသောသူအပေါင်းလို့ဟ ဆိကြအယ်။


ဗျာဒိတ်ရူပါရုံနှိုက် ငါမျော်သော မြင်းလို့နဲ့ မြင်းစီးသူရဲလို့မှာ ဟေလို ဖြစ်အယ်။ မြင်းစီးသူရဲလို့နှိုက် မီးလျှံရောင်၊ နက်ပြာရောင်၊ ကန့်လို ဝါသော ရင်အုပ်တန်ဆာများ ဆိကြအယ်။ မြင်းလို့ရဲ့ ဦးခေါင်းဟ ခြင်္သေ့ရဲ့ ဦးခေါင်းနဲ့ တူယွေ့ သူလို့ရဲ့ ခံတွင်းထဲမှ မီးလျှံ၊ မီးခိုးနဲ့ ကန့်များ ထွက်နေကြအယ်။


Lean sinn:

Sanasan


Sanasan