Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဗျာဒိတ် 17:2 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

2 မြေကြီးရဲ့ ဆှင်ဘုရင်လို့ဟ သူနဲ့အတူ မတရားသောမေထုန်ပြုကြပင်း သူရဲ့ မတရားသော မေထုန်ပြုခြင်း စပျစ်ယေဖြင့် ယစ်မူးကြအယ်” ဟု ဆိုအယ်။

Faic an caibideil Dèan lethbhreac




ဗျာဒိတ် 17:2
14 Iomraidhean Croise  

“လူတိုင်းဟို စပျစ်ယေကောင်းနဲ့ အဦးဆုံး ဧည့်ခံတတ်အယ်၊ ဧည့်သည်လို့ ရမ်းဆာ့ မူးပင်းနောက် စပျစ်ယေအညံ့ဟို ထည့်ပေးလေ့ ဆိအယ်။ အဲလိုလဲ နင်ဟ စပျစ်ယေကောင်းဟို အခုထိ သိမ်းထားပီ” ဟု ဆိုအယ်။


အဲပင်းရင် ဒုတိယ ခေါန်းခင်တမန်ဟ “ဗာဗုလုန်မြို့ကြီး ပြိုလဲပီ။ မိမိရဲ့ မတရားသော မေထုန်ရဲ့ အဆိပ်အတောက် တည်းဟူသော စပျစ်ယေဟို လူမျိုးအပေါင်းလို့အား တိုက်လေပင်းသော ဗာဗုလုန်မြို့ကြီး ပြိုလဲပီ” ဟု လိုက်ယွေ့ ပြောဆိုအယ်။


အဲဘုရင်လို့ဟ ရည်ရွယ်ချက် တခုတည်း ဆိယွေ့ မိမိလို့ရဲ့ တန်ခိုးနဲ့ အခွင့်အာဏာလို့ဟို သားရဲအား ပေးအပ်ကြလိမ့်မယ်။


အကျောန်းမှာ ဘုရားသခင်ဟ မိမိရဲ့ နှုတ်ကပတ်တော်များ ပြေ့စုံခြင်းဟို ရောက်လဲ့အထိ မိမိလို့ရဲ့ နိုင်ငံများဟို သားရဲဆေ ပေးအပ်ခြင်းအားဖြင့် ဘုရားသခင်ရဲ့ အကြံစည်တော်အတိုင်း ဆောင်ရွက်မဲ့သဘောဟို သူလို့ရဲ့ စိတ်နေလုံးထဲနှိုက် ထည့်သွင်းအယ်။


သူရဲ့ နဖူးပေါ်နှိုက် ရေးထားလဲ့ လျှို့ဝှက်နက်နဲသော အမယ်နာမမှာ “ဗာဗုလုန်မြို့ကြီး၊ ပြေ့တန်ဆာလို့ရဲ့ အမေ့နဲ့ မြေကြီးပေါ်မှ ရွံရှာဖွယ်ရာများရဲ့ အမေ့” ဟူယွေ့ ဖြစ်အယ်။


နင်မျော်သော သားရဲဟ မခင်ဟ ဆိခဲ့ပင်း အခု မဆိ၊ မကြာမီ တွင်းနက်ကြီးထဲဟ တက်လာယွေ့ ပျက်စီးခြင်းဟို ရောက်မယ်ဖြစ်အယ်။ မြေကြီးပေါ်နှိုက် နေထိန်သော သူလို့ထဲတွင် ကမ္ဘာတည်ချိန်မှစယွေ့ အသက်စာစောင်နှိုက် စာရင်းမဝင်သော သူလို့ဟ မခင်ဟ ဆိခဲ့ပင်း အခု မဆိ၊ မကြာမီ ရောက်လာမဲ့ အဲသားရဲဟို မျော်လျက် အံ့ဩကြလိမ့်မယ်။


ဆီမီးရဲ့ အလင်းဟိုလည်း နင့်အထဲနှိုက် ဖယ်စခါမျှ ထွန်းလင်းတော့မှာ မဟုတ်။ မင်္ဂလာဆောင် သတို့သားနဲ့ သတို့သမီးလို့ရဲ့ အသံဟိုလည်း နင့်အထဲနှိုက် ဖယ်စခါမျှ ကြားရတော့မှာ မဟုတ်။ အကျောန်းမှာ နင်ရဲ့ ကုန်သည်လို့ဟ လောကီမှူးမတ်များ ဖြစ်ကြအယ်။ လူမျိုးတကာလို့ဟလည်း နင်ရဲ့ ပြုစားခြင်းဖြင့် လှည့်စားခြင်းဟို ခံခဲ့ရကြအယ်” ဟု ဆိုလေအယ်။


အကျောန်းမှာ လူမျိုးအပေါင်းလို့ဟ သူရဲ့ မတရားသောမေထုန်ပြုခြင်းနဲ့ဆိုင်လဲ့ ပြင်းစွာသော ဒေါသစပျစ်ယေဟို သောက်ကြယွေ့ မြေကြီးရဲ့ ဘုရင်လို့ဟ သူနဲ့အတူ မတရားသောမေထုန် ပြုကြကာ မြေကြီးရဲ့ ကုန်သည်လို့ဟလည်း အဲမြို့ရဲ့ တရားလွန် ကာမဂုဏ်စည်းစိမ် ခံစားမှုဟို အကျောန်းပြုယွေ့ ချမ်းသာကြွယ်ဝကြလေပီ” ဟု ဆိုအယ်။


သူနဲ့အတူ မတရားသောမေထုန် ပြုကြပင်း စည်းစိမ် ခံစားခဲ့ကြသော မြေကြီးရဲ့ ဆှင်ဘုရင်လို့ဟ သူ့ဟို လောင်ကျွမ်းလဲ့ မီးခိုးဟို မျော်ကြသောအခါ သူ့အတွက် ရင်ဘတ် တီးလျက် ငိုကကြလိမ့်မယ်။


အဲကျောန့် သူ့ဟို အိပ်ယာနှိုက် ငါ ချထားမယ်။ သူနဲ့အတူ မတရားသော မေထုန်ဟို ပြုယွေ့ အဲသို့သော အကျင့်ဟို နောင်တမရသော သူလို့ဟိုလည်း ကြီးစွာသော ဆင်းရဲခြင်းဟို ရောက်စေမယ်။


နင်ဟ ငါရဲ့ သည်းခံခြင်းနဲ့ စပ်ဆိုင်သော နှုတ်ကပတ်တရားဟို စောင့်ဆှောက်သောကျောန့် မြေကြီးအပေါ်နှိုက် နေသောသူလို့ဟို စုံစမ်းစေခြင်းငှာ၊ လောကီနိုင်ငံအရပ်ရပ်လို့ဟို ပျံနှံ့လာသော စုံစမ်းရာကာလတွင် နင့်ဟို ငါ စောင့်ဆှောက်မယ်။


မိမိလို့ ပြုခဲ့သော လူအသက်ဟို သတ်ခြင်း၊ သူတပါးဟို ပြုစားခြင်း၊ မတရားသော မေထုန်နှိုက် မှီဝဲခြင်း၊ သူ့ဥစ္စာဟို ခိုးခြင်းလို့အတွက်လည်း နောင်တမရဘဲ နေကြအယ်။


Lean sinn:

Sanasan


Sanasan