18 “နင်မျော်ရသော မိန်းမဟ မြေကြီးရဲ့ ဘုရင်လို့ဟို အုပ်စိုးသော မြို့ကြီး ဖြစ်အယ်” ဟု ငါ့အား ဆိုအယ်။
အေးကာလနှိုက် ရောမ အင်ပါယာဆိ သန်းခေါင်စာရင်းဟို ယူရန် ဧကရာဇ် ဩဂုတ္တုဟ အမိန့်ထုတ်ပြန်အယ်။
သူလို့ရဲ့ အလောင်းများဟ မြို့ကြီးများရဲ့ လမ်းပေါ်တွင် ကျန်ရစ်ကြလိမ့်မယ်။ အဲမြို့ဟ သူလို့ရဲ့ အဆှင် လက်ဝါးကပ်တိုင်တွင် တင်ယွေ့ အသတ်ခံရာမြို့ ဖြစ်အယ်။ အေးမြို့ဟ သောဒုံမြို့နဲ့ အဲဂုတ္တုပြေဟို ပုံဆောင်သောမြို့ ဖြစ်အယ်။
သူရဲ့ အမြီးဟ ခေါန်းခင်ကြယ် သုံးပုံတပုံဟို ဆွဲယွေ့ မြေကြီးပေါ်ဟို လောချအယ်။ အဲနဂါးဟ လူပဲ့မွေးတော့မဲ့ မိန်းမဆေ့နှိုက် ရပ်လျက် လူပဲ့မွေးသောအခါ သူရဲ့ လူပဲ့ဟို ဝါးမျိုရန် စောင့်နေအယ်။
မြို့ကြီးဟ သုံးပိုင်း ကွဲသွားယွေ့ တိုင်းနိုင်ငံလို့ရဲ့ မြို့များဟလည်း ပြိုလဲကြကုန်အယ်။ ဘုရားသခင်ဟ ပြင်းစွာသော အမျက်တော်ရဲ့ စပျစ်ယေဖလားဟို တိုက်ခြင်းငှာ ဗာဗုလုန်မြို့ကြီးဟို အောက်မေ့အယ်။
သူဟ အသံအကျယ်ရီးဖြင့် ကြွေးကြော်လျက် “ဗာဗုလုန်မြို့ကြီးဟ ပြိုလဲပီ၊ ပြိုလဲပီ။ ၎င်းဟ နတ်ဆိုးလို့ နေထိန်ရာ အရပ်၊ ညစ်ညူးသော နတ်အပေါင်းလို့ရဲ့ ခိုအောင်းရာ အရပ်၊ ညစ်ညူးသော ငက်အမျိုးမျိုးလို့ရဲ့ ခိုအောင်းရာ အရပ်နဲ့ ညစ်ညူးယွေ့ ရွံရှာဖွယ်ကောင်းသော သတ္တဝါအပေါင်းလို့ရဲ့ ခိုအောင်းရာ အရပ် ဖြစ်လေပီ။