1 အဲပင်းရင် ဖလားခုနေလုံး ဆိသော ခေါန်းခင်တမန် ခုနေပါးထဲမှ တပါးဟ လာယွေ့ ငါနဲ့ စကားပြောလျက် “လာမန့်၊ ရမ်းဆာ့သော ယေလို့အပေါ် ထိန်နေသော ပြေ့တန်ဆာမကြီး ခံရမဲ့ တရားစီရင်ခြင်းဟို နင့်အား ငါပြမယ်။
သူလို့ဟ “လမ်းခရီးမှာတုန်းဟ ကိုယ်တော် ငါလို့ဟို စကားပြောသောအခါနဲ့၊ ကျမ်းစာအနက်ဟို ဖွင့်ပြသောအခါတွင် ငါလို့ စိတ်နေလုံးထဲမှာ မီးလျှံထနေသလို ဖြစ်နေခဲ့တာ မဟုတ်လော” ဟု အချင်းချင်း ပြောဆိုကြအယ်။
ခုတုံးပင် လူနေယောက်ဟ ပေါ်လာပင်း ယေရှုနဲ့ စကားပြောလျက်နေအယ်။ သူလို့ဟ ဧလိယနဲ့ မောရှေ ဖြစ်ကြအယ်။
ဟေဟာဟ ယေရှု ခရစ်တော်ရဲ့ ဗျာဒိတ်တော် ဖြစ်အယ်။ ဟေဗျာဒိတ်တော်ဟ မကြာမီအတွင်း ဖြစ်ပျက်ရမဲ့အရာများဟို မိမိရဲ့ အစေခံလို့အား ပြသရန် ခရစ်တော်နှိုက် ဘုရားသခင် ပေးအပ်သောအရာ ဖြစ်အယ်။ ခရစ်တော်ဟ မိမိရဲ့ ခေါန်းခင်တမန်ဟို စေလွှတ်ယွေ့ မိမိအစေခံ ယောဟန်အား ဟေဗျာဒိတ်တော် အရိပ်အယောင်ဟို ဖော်ပြအယ်။
အဲပင်းရင် ခေါန်းခင်နှိုက် ကြီးမားယွေ့ အံ့ဩဖွယ်ကောင်းလဲ့ အခြားနိမိတ်လက္ခဏာ တည်းဟူသော နောက်ဆုံး ဘေးဒဏ် ခုနေပါးဟို ငါမျော်ရအယ်။ အဲဘေးဒဏ်များအားဖြင့် ဘုရားသခင်ရဲ့ ပြင်းစွာသော ဒေါသဟ ပြေ့စုံခြင်းဟို ရောက်မယ်ဖြစ်အယ်။
မြို့ကြီးဟ သုံးပိုင်း ကွဲသွားယွေ့ တိုင်းနိုင်ငံလို့ရဲ့ မြို့များဟလည်း ပြိုလဲကြကုန်အယ်။ ဘုရားသခင်ဟ ပြင်းစွာသော အမျက်တော်ရဲ့ စပျစ်ယေဖလားဟို တိုက်ခြင်းငှာ ဗာဗုလုန်မြို့ကြီးဟို အောက်မေ့အယ်။
အဲပင်းရင် ကြီးမားသော အခွင့်အာဏာပါလျက် ခေါန်းခင်မှ ဆင်းသက်လာသော အခြား ခေါန်းခင်တမန် တပါးဟို ငါ မျော်ရအယ်။ သူရဲ့ အရောင်အဝါဟ ကမ္ဘာမြေပြင် တဝန်းလုံးဟို ထွန်းလင်းတောက်ပစေအယ်။
အကျောန်းမှာ ကိုယ်တော်ရဲ့ တရားစီရင်ချက်လို့ဟ မန်ကန်ယွေ့ ဖြောင့်မတ်အယ်။ မတရားသော မေထုန်ပြုခြင်းအားဖြင့် မြေကြီးအား ပျက်စီးစေလဲ့ ပြေ့တန်ဆာမကြီးဟို ကိုယ်တော်ဟ စီရင်လျက် သူရဲ့ လက်နှိုက် စွန်းထင်းသော ကိုယ်တော်ရဲ့ အစေခံလို့ရဲ့ အသွေးအတွက် လက်တုံ့ပြန်ပီ” ဟု ဆိုကြအယ်။
အဲပင်းရင် ခေါန်းခင်တမန်ဟ “သိုးသငယ်ရဲ့ မင်္ဂလာ ညစာစားပွဲဟို ဖိတ်ခေါ်ခြင်း ခံရသောသူလို့ဟ မင်္ဂလာ ဆိကြအယ်ဟု ရေးထားလော့” ဟူယွေ့ ငါ့အား မြွတ်ဆိုပင်းရင် “ဟေအရာလို့ဟ ဘုရားသခင်ရဲ့ ဖြောင့်မန်သော နှုတ်ကပတ်တော်များ ဖြစ်ကြအယ်” ဟု မြွတ်ဆိုလေအယ်။
ငါနဲ့ စကားပြောသော ခေါန်းခင်တမန်နှိုက် အဲမြို့ဟို လည်းကောင်း၊ မြို့ထင်ခါးနဲ့ မြို့ရိုးလို့ဟို လည်းကောင်း တိုင်းရန် တိုင်းစရာ ဆွေကျူရိုး ဆိအယ်။
အဲပင်းရင် နောက်ဆုံးသော ဘေးဒဏ် ခုနေပါးနဲ့ ပြေ့နေသော ဖလား ခုနေလုံးဟို ကိုင်ဆောင်လဲ့ ခေါန်းခင်တမန် ခုနေပါးထဲမှ တပါးဟ လာယွေ့ ငါနဲ့ စကားပြောလျက် “လာမန့်၊ သိုးသငယ်ရဲ့ ပေါင်အိုမဖြစ်သော သတို့သမီးဟို နင့်အား ငါ ပြမယ်” ဟု ဆိုအယ်။
အဲပင်းရင် ငါကျေ့လိုက်ရာ ခေါန်းခင်နှိုက် ဖွင့်ထားလဲ့ ထင်ခါးတခု ဆိအယ်။ အဲအခါ ဆေ့ဦးစွာ ငါ့အား မိန့်တာဟို ငါကြားရလဲ့ တံပိုးခရာသံလို အသံဟ “ဟေအရပ်ဟို တက်လော့။ ဟေအဖြစ်အပျက်များ နောက်တွင် ဖြစ်ပျက်ရမဲ့အရာလို့ဟို နင့်အား ငါ ပြမယ်” ဟု ဆိုအယ်။