21 ခေါန်းခင်မှလည်း ပေါင်တရာခန့်လေးသော မိုးသီးကြီးများဟ လူလို့အပေါ်ဟို ကျလေအယ်။ ဟေဘေးဒဏ်ဟ ရမ်းဆာ့ ပြင်းထန်သဖြင့် လူလို့ဟ အဲမိုးသီးရဲ့ ဘေးဒဏ်ကျောန့် ဘုရားသခင်ဟို ကျိန်ဆဲကြအယ်။
အဲပင်းရင် ခေါန်းခင်နှိုက်ဆိသော ဘုရားသခင်ရဲ့ ဗိမာန်တော်ဟ ပွင့်ယွေ့ အဲဗိမာန်တော်ထဲတွင် ကိုယ်တော်ရဲ့ ပဋိညာဉ်သေတ္တာဟို မျော်အယ်။ ဆတ်ပျက်ထိုးခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်း၊ ငလျင်လှုပ်ခြင်းနဲ့ ကြီးမားသော မိုးသီးကျခြင်းလို့လည်း ဖြစ်လေအယ်။
လူလို့ဟ သူလို့ခံရသော နာကျင်ခြင်း ဝေဒနာနဲ့ သူလို့ရဲ့ အနာစိမ်းလို့ကျောန့် ခေါန်းခင်ဘုံဆှင် ဘုရားသခင်ဟို စော်ကားပြောဆိုယွေ့ မိမိလို့ပြုသောအမှုများအတွက် နောင်တမရကြ။
လူလို့ဟ အားကြီးသော အပူဆှိန်ဖြင့် ကျွမ်းလောင်ခြင်း ခံရသဖြင့် ဘေးဒဏ်လို့ဟို အခွင့်အာဏာဆိသော ဘုရားသခင်ရဲ့ နာမတော်ဟို ကျိန်ဆဲကြပေမဲ့ သူလို့ဟ နောင်တလည်း မရကြ၊ ဘုရားသခင်ရဲ့ ဘုန်းတော်ဟို မချီးမွန်းကြ။
ပထမ ခေါန်းခင်တမန်ဟ တံပိုးခရာမှုတ်လိုက်သောအခါ အသွေးနဲ့ ရောလဲ့ မိုးသီးနဲ့ မီးလို့ ဖြစ်ပေါ်လာယွေ့ မြေကြီးပေါ်ဟို လောချခြင်း ခံရအယ်။ အဲအခါ မြေကြီးရဲ့ သုံးပုံတပုံဟ ကျွမ်းယွေ့ သစ်ပင်များရဲ့ သုံးပုံတပုံနဲ့ စိမ်းလဲ့ မြက်ပင် ဆိသမျှလို့ဟလည်း ကျွမ်းသွားအယ်။