19 မြို့ကြီးဟ သုံးပိုင်း ကွဲသွားယွေ့ တိုင်းနိုင်ငံလို့ရဲ့ မြို့များဟလည်း ပြိုလဲကြကုန်အယ်။ ဘုရားသခင်ဟ ပြင်းစွာသော အမျက်တော်ရဲ့ စပျစ်ယေဖလားဟို တိုက်ခြင်းငှာ ဗာဗုလုန်မြို့ကြီးဟို အောက်မေ့အယ်။
သူလို့ရဲ့ အလောင်းများဟ မြို့ကြီးများရဲ့ လမ်းပေါ်တွင် ကျန်ရစ်ကြလိမ့်မယ်။ အဲမြို့ဟ သူလို့ရဲ့ အဆှင် လက်ဝါးကပ်တိုင်တွင် တင်ယွေ့ အသတ်ခံရာမြို့ ဖြစ်အယ်။ အေးမြို့ဟ သောဒုံမြို့နဲ့ အဲဂုတ္တုပြေဟို ပုံဆောင်သောမြို့ ဖြစ်အယ်။
အဲပင်းရင် ဖလားခုနေလုံး ဆိသော ခေါန်းခင်တမန် ခုနေပါးထဲမှ တပါးဟ လာယွေ့ ငါနဲ့ စကားပြောလျက် “လာမန့်၊ ရမ်းဆာ့သော ယေလို့အပေါ် ထိန်နေသော ပြေ့တန်ဆာမကြီး ခံရမဲ့ တရားစီရင်ခြင်းဟို နင့်အား ငါပြမယ်။
“နင်မျော်ရသော မိန်းမဟ မြေကြီးရဲ့ ဘုရင်လို့ဟို အုပ်စိုးသော မြို့ကြီး ဖြစ်အယ်” ဟု ငါ့အား ဆိုအယ်။
သူရဲ့ နဖူးပေါ်နှိုက် ရေးထားလဲ့ လျှို့ဝှက်နက်နဲသော အမယ်နာမမှာ “ဗာဗုလုန်မြို့ကြီး၊ ပြေ့တန်ဆာလို့ရဲ့ အမေ့နဲ့ မြေကြီးပေါ်မှ ရွံရှာဖွယ်ရာများရဲ့ အမေ့” ဟူယွေ့ ဖြစ်အယ်။
အဲသူလို့ဟ သူခံရလဲ့ ညှဉ်းဆဲခြင်းဟို ကြောက်သောကျောန့် အဝေးမှ ရပ်လျက် “ကြီးမားသော မြို့၊ အားကြီးသော ဗာဗုလုန်မြို့၊ နင်ဟ စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ် ဖြစ်အယ် ဟုတ်မောင့်လဲ့။ ပစာကို့ နင်ခံရလဲ့ စီရင်ခြင်းဟ တိုတောင်းသော အချိန် တခုအတွင်းနှိုက် ကျရောက်လေပီ” ဟု ဆိုကြလိမ့်မယ်။
သူဟ အသံအကျယ်ရီးဖြင့် ကြွေးကြော်လျက် “ဗာဗုလုန်မြို့ကြီးဟ ပြိုလဲပီ၊ ပြိုလဲပီ။ ၎င်းဟ နတ်ဆိုးလို့ နေထိန်ရာ အရပ်၊ ညစ်ညူးသော နတ်အပေါင်းလို့ရဲ့ ခိုအောင်းရာ အရပ်၊ ညစ်ညူးသော ငက်အမျိုးမျိုးလို့ရဲ့ ခိုအောင်းရာ အရပ်နဲ့ ညစ်ညူးယွေ့ ရွံရှာဖွယ်ကောင်းသော သတ္တဝါအပေါင်းလို့ရဲ့ ခိုအောင်းရာ အရပ် ဖြစ်လေပီ။
အဲပင်းရင် ခွန်အားကြီးသော ခေါန်းခင်တမန် တပါးဟ ကြီးမားလဲ့ ကြိတ်ဆုံလို ကျောက်တုံးတတုံးဟို ချီယူယွေ့ ပင်လယ်ထဲဟို လောချကာ “ဗာဗုလုန်မြို့ကြီးဟ ဟေလို ကြမ်းတမ်းစွာ လောချခြင်းဟို ခံရယွေ့ ဖယ်စခါမျှ တွေ့ရတော့မယ် မဟုတ်။
ပစာကို့ သူရဲ့ အပစ်လို့ဟ ခေါန်းခင်အထိ စုပုံလျက် ဆိယွေ့ သူရဲ့ မတရားမှုများဟို ဘုရားသခင် သတိရပီ။