15 “ကျေ့လော့၊ ငါဟ သူခိုးလို လာမယ်။ အဝတ်အချည်းစဲဖြင့် သွားလာယွေ့ မိမိအဆှက်ဟို လူလို့ မျော်ရလဲ့အဖြစ်မျိုး မဆိစေရန် မိမိအဝတ်များဟို ထိန်းသိမ်းလျက် သတိနဲ့ စောင့်နေသောသူဟ မင်္ဂလာဆိအယ်” ဟု ဆိုအယ်။
“သို့ဖြစ်ယွေ့ နင်လို့ဟလည်း အေးနေ့အေးအချိန်ဟို မသိကြသဖြင့် သတိနဲ့စောင့်နေကြလော့” ဟု ယေရှုဟ အဆုံးသတ် ပြောဆိုအယ်။
စုံစမ်းသွေးဆောင်ခြင်းဟို မကျရောက်စေရန် ဆုတောင်းယွေ့ စောင့်နေကြလော့၊ စိတ်ဝိညာဉ်ဟ ဆန္ဒဆိသော်လည်း ခန္ဓာကိုယ်ဟ အားနည်းအယ်” ဟု ပေတရုအား မိန့်အယ်။
အဲပင်းရင် ကိုယ်တော်ဟ “နင်လို့ဟ စုံစမ်းနှောင့်ယှက်ခြင်းသို့ မကျရောက်စေရန် ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဆန္ဒဆိအယ်၊ အဲလိုလဲ ကိုယ်ခန္ဓာဟ အားနည်းအယ်” ဟု သူလို့အား ပြောလေအယ်။
အေးလိုမို့ ကျရောက်လာလိမ့်မယ် ဖြစ်သော အမှုအရာလို့နဲ့ ကင်းလွတ်ယွေ့ လူသားရဲ့ ဆေ့နှိုက် မတ်တတ်ရပ်နိန်ရန် နိုးနိုးကြားကြား ဆိပင်း အစဉ် ဆုတောင်းလျက် စောင့်နေကြလော့” ဟု ပြောလေအယ်။
သတိနဲ့ နေကြလော၊ အဲပင်းရင် ငါဟ နင်လို့အပေါင်းအား သုံးနှစ်ပတ်လုံး နေ့ညမပြတ် မျက်ရည်ကျလျက် ဆုံးမသွန်သင်ခဲ့တာဟို သတိရကြလော့။
ဟေသို့ ခေါန်းခင် နေအိုင်ဟို ဝင်စားသောအခါ ငါလို့ဟ ကိုယ်ခန္ဓာမဲ့ဖြစ်မယ် မဟုတ်။
အဲလိုလဲ ညီအကိုလို့၊ နင်လို့ဟ မိုက်ထဲနှိုက် မဆိသောကျောန့် အေးနေ့ရက်ဟ သူခိုးလိုမျိုး နင်လို့ အံ့ဩလိမ့်မယ် မဟုတ်။
အဲလိုမို့ ငါလို့ဟ တခြားသောသူများလိုမျိုး အိပ်မွေယွေ့ မနေရကြပေမဲ့ သမ္မာသတိဆိလျက် နိုးကြားစွာ စောင့်နေကြစို့။
ခပ်သိမ်းသောအရာလို့ဟ နောက်ဆုံးချိန် နီးကပ်လာပီ။ အေးလိုမို့ ဆုတောင်းခြင်းအမှုဟို လုပ်နိန်ရန် တည်ငြိမ် မန်ကန်သော စိတ်နဲ့ သမ္မာသတိ ဆိကြလော့။
အဲလိုလဲ သခင်ဘုရားရဲ့ နေ့ရက်ဟ သူခိုးလာသလိုမျိုး ရောက်လာလိမ့်မယ်။ အဲနေ့ရက်နှိုက် ခေါန်းခင်ဟ ကျယ်လောင်သော အသံဖြင့် ကွယ်ပျောက်သွားယွေ့ လောကဓာတ်လို့ဟ ပြင်းထန်သော အပူရှိန်ဖြင့် ပျက်သုဉ်းသွားလိမ့်မယ်။ မြေကြီးမှစယွေ့ ၎င်းပေါ်နှိုက် ပြုလုပ်သော အရာလို့ဟလည်း လောင်ကျွမ်းလိမ့်မယ်။
ယေရှုဟ “ကျေ့လော့၊ ငါဟ အလျင်အမြန် လာမယ်။ ဟေစာစောင်ထဲမှ ပရောဖက်ပြုဟောပြောသော စကားလို့ဟို လိုက်နာ စောင့်ထိန်းသောသူဟ မင်္ဂလာဆိအယ်” ဟု မိန့်အယ်။
ငါဟ အလျင်အမြန် လာမယ်။ နင်ရဲ့ သရဖူဟို စသူမျှ မလုမယူစေရန် နင်နှိုက် ဆိသောအရာဟို စွဲကိုင်ထားလော့။
နင်ဟ ချမ်းသာလာစေရန် မီးဖြင့် ဖိုထိုးယွေ့ သန့်စင်ထားသော ဆွေဟို လည်းကောင်း၊ နင်ရဲ့ အဝတ် အချည်းစဲဆိယွေ့၊ အဆှက်ဟို မပေါ်စေရန် နင်ဝတ်ဖို့ ဖြူသောဝတ်ရုံဟို လည်းကောင်း၊ နင်ရဲ့ မျက်စေ့ ပြန်မျော်စေရန် မျက်စေ့ခတ်ဖို့ မျက်စဉ်းဟို လည်းကောင်း ငါ့ဆေမှ ဝယ်ယူရန် နင့်အား ငါ အကြံပေးအယ်။