Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဗျာဒိတ် 14:4 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

4 အဲသူလို့ဟ မိန်းမများအားဖြင့် ညစ်ညူးစေခြင်း မခံခဲ့သောသူများ ဖြစ်ကြအယ်။ အကျောန်းမှာ သူလို့ဟ လူပျိုစစ်စစ် ဖြစ်ကြအယ်။ သူလို့ဟ သိုးသငယ် သွားလေရာဟို လိုက်ပါသောသူများ ဖြစ်ကြပင်း ဘုရားသခင်နဲ့ သိုးသငယ်လို့အတွက် အဦးသီးအဖြစ် လူလို့အထဲမှ ရွေးနုတ်ခံရသောသူများ ဖြစ်ကြအယ်။

Faic an caibideil Dèan lethbhreac




ဗျာဒိတ် 14:4
32 Iomraidhean Croise  

အကျောန်းမှာ ယောက်ျားများ အိုင်ထောင် မပြုနိန်ကြတာဟ ကွဲပြားသော အကျောန်းအမျိုးမျိုးကျောန့် ဖြစ်အယ်။ တချို့မှာ အေးလိုမျိုး မွေးဖွားလာသောကျောန့် ဖြစ်အယ်၊ တချို့မှာ အဲနည်းအတိုင်း ယောက်ျားများဟ သူလို့ နည်းလမ်းအတိုင်း လုပ်ဆောင်သောကျောန့် ဖြစ်အယ်၊ အချို့မှာ ခေါန်းခင်နိုင်ငံတော်အတွက် အိုင်ထောင်ပြုနိန်စွမ်းဟို တတ်တိုင်း စွန့်လွတ်ရသူများလည်း ဆိကြအယ်။ အေးသင်ကြားမှုဟို လက်ခံနိန်သော သူဟ ခံယူစေ” ဟု မိန့်အယ်။


“အေးကာလနှိုက် ခေါန်းခင်နိုင်ငံတော်ဟ မီးဖူးများဟို ယူယွေ့ မင်္ဂလာဆောင်သတို့သားဟို ကြိုဆိုရန် ထွက်သွားလဲ့ အပျိုကညာဆယ်ယောက်လို့နဲ့ တူလိမ့်မယ်။


အဲပင်းရင် ကျမ်းတတ်ဆရာ တယောက်ဟ ကိုယ်တော်ဆေဟို လာယွေ့ “ဆရာ၊ ကိုယ်တော် ဖယ်နားဟိုဘဲ သွားသွား ငါလိုက်မယ်” ဟု ဆှောက်ထားအယ်။


ငါ့သိုးလို့ဟ ငါ့အသံဟို နားထောင်ကြအယ်။ ငါဟ သူလို့ဟို သိယွေ့ သူလို့ဟလည်း ငါ့နောက်ဟို လိုက်ကြအယ်။


ငါရဲ့အမှုဟို ဆောင်ရွက်သောသူဖြစ်ရင် ငါ့နောက်ဟို လိုက်ရမယ်၊ အဲမှသာ ငါဆိရာအရပ်နှိုက် သူဟလည်း ဆိလိမ့်မယ်။ ငါရဲ့အစေဟို ဆောင်ရွက်သောသူဟို ငါ့ရဲ့ခမည်းတော်ဟ ချီးမြှောက်လိမ့်မယ်။


ပေတရုဟလည်း “သခင်ဘုရား၊ ပစာကျောန့် ကိုယ်တော်နဲ့အတူ အခု မလိုက်နိန်တုန်း။ ကိုယ်တော်အတွက် ငါဟ အသက်ဟိုပင် စွန့်ပါမယ်” ဟု ဆှောက်အယ်။


တခါ ယေရှုဟ ဖာရိရှဲလို့အား “ငါဟ လောကရဲ့ အလင်းဖြစ်အယ်၊ ငါ့နောက်ဟို လိုက်သောသူဟ အသက်ရဲ့ အလင်းဟို ရယွေ့ ဖယ်ခါမှ မိုက်တွင် သွားလာရလိမ့်မယ် မဟုတ်” ဟု မိန့်အယ်။


နင်လို့ဟ မိမိကိုယ်ကိုလည်းကောင်း၊ သိုးများအားလုံးဟို လည်းကောင်း ဂရုစိုက်ကြလော၊ ကိုယ်တော်ရဲ့ အသွေးတော်အားဖြင့် ဝယ်ယူထားသော ဘုရားသခင်ရဲ့ အသင်းတော်ဟို နင်လို့ အုပ်ထိန်းစေရန် အေးသိုးစုဟို ကြီးကြပ်သူအဖြစ် သန့်ဆှင်းသော ဝိညာဉ်တော်ဟ နင်လို့ဟို ခန့်ထားအယ်။


ညီအကို မောင်နှမလို့၊ သတေဖန်နဲ့ အိုင်သူအိုင်သားများဟ အခါယပြေမှ အဦးဆုံးသော ခရစ်ယာန်များ ဖြစ်ယွေ့ ဘုရားသခင်ရဲ့ လူလို့အား ကူညီမစရန် မိမိလို့ကိုယ်ကို ဆက်ကပ်ထားသူများ ဖြစ်ကျောန်း နင်လို့ သိကြအယ်။


ကိုယ်တော်ဟ နင်လို့ဟို အဖိုးအခ ပေးယွေ့ ဝယ်ယူထားအယ်။ အဲကျောန့် နင်လို့ရဲ့ ကိုယ်ခန္ဓာဟို ဘုရားသခင်ရဲ့ ဘုန်းတော်အတွက် အသုံးပြုကြလော့။


အားပေမဲ့ အိုင်ထောင်ပြုရင် အပစ်တစုံတရာ ကျူးလွန်ခြင်း မဟုတ်၊ အိုင်ထောင်မဆိလဲ့ မိန်းမဟ အိုင်ထောင်ပြုခဲ့သော် စလို အပစ်ဟိုမျှ မကျူးလွန်။ အားပေမဲ့ အိုင်ထောင်သည်လို့ နေ့စဉ် တွေ့ကြုံရမဲ့ ဆင်းရဲဒုက္ခများနဲ့ နင်လို့အား ကင်းစေလိုယွေ့ ဟေသို့ ငါပြောရခြင်း ဖြစ်အယ်။


ဘုရားသခင်ဟ နင်လို့ဟို သဝန်တိုစိတ်ဆိသလို ငါဟ နင်လို့ဟို သဝန်တိုစိတ် ဆိအယ်၊ နင်လို့ဟ ခရစ်တော် တဦးတည်းနဲ့ စုံဖက်ထိမ်းမြားရန် ငါကတိပြုထားလဲ့ အပျိုစင်နဲ့ တူကြအယ်။


ဝိညာဉ်တော်ဟ မိမိလူလို့ဟို ဘုရားသခင် ကတိပြုထားလဲ့အတိုင်း ငါလို့ ခံစားရမယ် ဖြစ်ပင်း ဘုရားသခင်ဟ မိမိပိုင်သောသူလို့အား လုံးလုံးလျားလျား လွတ်မြောက်ခြင်း ခွင့်ပေးမယ် ဖြစ်ကျောန်း ငါလို့အား အာမခံအယ်။ ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ငါလို့ ချီးမွန်းကြပါစို့။


အစွန်းအထင်း၊ အတွန့်အရှုံ့မှစယွေ့ အေးလို့သောအရာ တစုံတခုမျှမဆိဘဲ သန့်ဆှင်းယွေ့ အပစ်ကင်းစင်သည့် ဂုဏ်အသရေဆိသော အသင်းတော်ဟို မိမိအားဆက်သနိန်ရန် အတွက်ဖြစ်အယ်။


အဲသူလို့ဟ လူလို့အား ထိမ်းမြားခြင်း မပြုရန်နဲ့ အချို့သော အစားအစာများဟို ဆှောင်ကြဉ်ကြစေရန် သွန်သင်ကြအယ်။ အားပေမဲ့ ယုံကြည်ယွေ့ သမ္မာတရားဟို သိကျွမ်းသူလို့ဟ ကျေးဇူးတော်ဟို ချီးမွန်းလျက် စားသောက်နိန်ကြစေရန် ဟေအစားအစာများဟို ဘုရားသခင် ဖန်ဆင်းထားအယ်။


ခေါန်းခင်ဘုံ စာရင်းဝင်သော သားဦးလို့ရဲ့ အသင်းတော်ဟို လည်းကောင်း၊ လူအပေါင်းလို့ဟို တရားစီရင်သော ဘုရားသခင်ဆေဟို လည်းကောင်း၊ စုံလင်ခြင်းဟို ရောက်လဲ့ ဖြောင့်မတ်သောသူလို့ရဲ့ ဝိညာဉ်များဆေဟို လည်းကောင်း၊


ကိုယ်တော်ဟ မိမိဖန်ဆင်းသောအရာလို့တွင် ငါလို့ဟို အဦးသီးသဖွယ် ဖြစ်စေရန် အလိုတော်ဆိလဲ့အတိုင်း သမ္မာတရားနဲ့ဆိုင်သော နှုတ်ကပတ်တော်အားဖြင့် ငါလို့ဟို ဖြစ်ပွားစေအယ်။


အဲလိုလဲ နင်လို့ဟ ရွေးကောက်ခံရသော အမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ဆှင်းသော တိုင်းသူပြေသား၊ ဘုရားသခင်ရဲ့ လူမျိုး ဖြစ်ကြအယ်။ ဟေဟာဟ နင်လို့ဟို မိုက်ထဲဟ မိမိရဲ့ အံ့ဩဖွယ် အလင်းထဲဟို ခေါ်ယူသော အဆှင်ရဲ့ ကောင်းမြတ်ခြင်းများဟို နင်လို့ ဖော်ပြကြမဲ့အကျောန်း ဖြစ်အယ်။


သူလို့ဟ သိုးသငယ်ဟို စစ်တိုက်ယွေ့ သိုးသငယ်ဟ နိန်လိမ့်မယ်။ အကျောန်းမှာ သိုးသငယ်ဟ သခင်လို့ရဲ့ သခင်၊ ဘုရင်လို့ရဲ့ ဘုရင် ဖြစ်အယ်။ ကိုယ်တော်နဲ့အတူ ဆိသော သူလို့ဟလည်း ခေါ်သောသူ၊ ရွေးချယ်သောသူ၊ သစ္စာဆိသောသူ ဖြစ်ကြအယ်။


အဲမြို့နှိုက် ဗိမာန်တော်ဟို ငါ မမျော်ရ။ အကျောန်းမှာ အနန္တတန်ခိုးနဲ့ ပြေ့စုံသော ထာဝရအဆှင် ဘုရားသခင်နဲ့ သိုးသငယ်ဟ အဲမြို့ရဲ့ ဗိမာန်တော် ဖြစ်အယ်။


ဘုရားသခင်ရဲ့ ဘုန်းအသရေတော်ဟ အဲမြို့ဟို ထွန်းလင်းစေရန် သိုးသငယ်ဟ အဲမြို့ရဲ့ မီးဖူး ဖြစ်သောကျောန့် အဲမြို့ဟို ထွန်းလင်းစေရန် နေနဲ့ လလို့ဟို မလိုအပ်။


အဲလိုလဲ သာဒိမြို့နှိုက် မိမိလို့ အဝတ်ဟို မညစ်ညူးစေသောသူဟ ကတစ်သာ ဆိအယ်။ အဲသူလို့ဟ ထိုက်တန်သောသူများ ဖြစ်သောကျောန့် ဖြူသောအဝတ်ဟို ဝတ်လျက် ငါနဲ့အတူ သွားလာရကြလိမ့်မယ်။


အဲပင်းရင် သူလို့ဟ သီချင်းအသစ်ဟို သီဆိုလျက်၊ “ကိုယ်တော်ဟ စာလိပ်ဟို ယူယွေ့ အေးရဲ့ တံဆိပ်များဟို ဖွင့်ရန် ထိုက်တန်သောသူ ဖြစ်အယ်။ အကျောန်းမှာ ကိုယ်တော်ဟ အသေသတ်ခြင်း ခံရယွေ့ ကိုယ်တော်ရဲ့ အသွေးအားဖြင့် လူမျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနဲ့ တိုင်းနိုင်ငံအသီးသီးလို့ထဲမှ လူလို့ဟို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူအယ်။


Lean sinn:

Sanasan


Sanasan