Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဗျာဒိတ် 14:2 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

2 အဲပင်းရင် သမုဒ္ဒရာယေသံ၊ ကျယ်လောင်သော မိုးကြိုးသံလိုမျိုး ခေါန်းခင်ဟ အသံဟို ငါကြားအယ်။ အဲလို ငါကြားလဲ့ အသံဟ စောင်းသမားများ စောင်းတီးသော အသံလိုမျိုး ဖြစ်အယ်။

Faic an caibideil Dèan lethbhreac




ဗျာဒိတ် 14:2
29 Iomraidhean Croise  

ငါဟ လူ့ဘာသာစကားနဲ့ ခေါန်းခင်တမန် ဘာသာစကားဟို ပြောနိန်သော်လည်း မေတ္တာ မဆိရင် အသံမြည်သော တံပိုးခရာလို လည်းကောင်း၊ တီးသံဟိုသာ ပေးတတ်လဲ့ လင်းကွင်းလို လည်းကောင်း ဖြစ်အယ်။


သခင်ဘုရားရဲ့ နေ့တွင် ငါဟ ဝိညာဉ်တော်နှိုက် ဆိစဉ် တံပိုးခရာသံလိုမျိုး ကျယ်လောင်သော အသံဟို ငါ့နောက်နှိုက် ကြားရအယ်။


သူရဲ့ ခြေလို့ဟ မီးဖိုတွင် ဖိုထိုးထားလဲ့ တောက်ပသော ကြေးဝါနဲ့ တူအယ်။ သူရဲ့ အသံမှာ ယေတံခွန်ကြီးရဲ့ အသံနဲ့ တူအယ်။


အဲအခါ ခေါန်းခင်မှ အသံကျယ်ရီးဖြင့် “ဟေအရပ်ဟို တက်ကြလော့” ဟု အဲသူနေဦးလို့အား ဆိုတာဟို ကြားရင် သူလို့ဟ မိုးချေးသားဖြင့် ခေါန်းခင်ဘုံဟို တက်သွားကြအယ်။ သူလို့ရဲ့ ရန်သူများဟလည်း ကျေ့နေကြအယ်။


သတ္တမ ခေါန်းခင်တမန်ဟ တံပိုးခရာဟို မှုတ်လိုက်သောအခါ ခေါန်းခင်ဘုံနှိုက် အသံအကျယ်ရီး ထွက်ပေါ်လာလျက် “လောကီနိုင်ငံဟ ငါလို့အဆှင်နဲ့ ခရစ်တော်ရဲ့ နိုင်ငံ ဖြစ်လေပီ။ သူဟလည်း ကမ္ဘာအဆက်ဆက် စိုးစံလိမ့်မယ်” ဟု ဆိုအယ်။


တဖန် မီးနဲ့ရော ထားလဲ့ ဖန်ပင်လယ်လိုမျိုး ဆိသောအရာဟို လည်းကောင်း၊ သားရဲ၊ သူရဲ့ ရုပ်တုနဲ့ သူ့နာမယ်ရဲ့ ကိန်းဂဏန်းလို့အပေါ် အနိန်ရသောသူလို့ဟ ဘုရားသခင်ရဲ့ စောင်းများဟို ကိုင်ဆောင်လျက် အဲဖန်ယေကန်ပေါ်တွင် ရပ်နေကြတာဟို လည်းကောင်း ငါ မျော်ရအယ်။


စောင်းသမား၊ တေးဂီတသမား၊ ပလွေသမား၊ တံပိုးခရာသမားလို့ရဲ့ တီးမှုတ်သံဟို နင့်အထဲနှိုက် ဖယ်စခါမျှ ကြားရတော့မယ် မဟုတ်။ အမျိုးမျိုးသော လက်မှုပညာ တတ်ကျွမ်းသော စလို လက်မှုပညာဟိုမျှ နင့်အထဲနှိုက် ဖယ်စခါမျှ မျော်ရတော့မှာ မဟုတ်။ ကြိတ်ဆုံသံဟိုလည်း ဖယ်စခါမျှ ကြားတော့မှာ မဟုတ်။


အေးလို စာလိပ်ဟို ယူလိုက်သောအခါ သတ္တဝါလေးပါးလိုနဲ့ အသက်ကြီးသူ နေဆယ်လေးပါးလို့ဟ စောင်းများဟို လည်းကောင်း၊ သန့်ဆှင်းသူလို့ရဲ့ ဆုတောင်းချက်များ ဖြစ်ကြသော နံ့သာပေါင်းနဲ့ ပြေ့နေလဲ့ ဆွေဖလားများဟို လည်းကောင်း အသီးသီး ကိုင်ဆောင်လျက် သိုးသငယ်ဆေ့နှိုက် ပျပ်ဝပ်ကြအယ်။


အဲပင်းရင် သိုးသငယ်ဟ တံဆိပ် ခုနေခုထဲမှ တခုဟို ဖွင့်သောအခါ ငါကျေ့ရင် သတ္တဝါလေးပါးလို့ထဲမှ တပါးဟ မိုးချုန်းသံလို အသံဖြင့် “လာလော့” ဟု ဆိုတာဟို ငါ ကြားရအယ်။


ပထမ ခေါန်းခင်တမန်ဟ တံပိုးခရာမှုတ်လိုက်သောအခါ အသွေးနဲ့ ရောလဲ့ မိုးသီးနဲ့ မီးလို့ ဖြစ်ပေါ်လာယွေ့ မြေကြီးပေါ်ဟို လောချခြင်း ခံရအယ်။ အဲအခါ မြေကြီးရဲ့ သုံးပုံတပုံဟ ကျွမ်းယွေ့ သစ်ပင်များရဲ့ သုံးပုံတပုံနဲ့ စိမ်းလဲ့ မြက်ပင် ဆိသမျှလို့ဟလည်း ကျွမ်းသွားအယ်။


Lean sinn:

Sanasan


Sanasan