5 အဲသားရဲဟလည်း ကြီးစွာသော စကားဟို လည်းကောင်း၊ ဘုရားသခင်အား စော်ကားသော စကားဟို လည်းကောင်း၊ ပြောတတ်သော စလောင်နဲ့ ပြေ့စုံယွေ့ လလေးဆယ်နေလပတ်လုံး စီရင်သောအခွင့်ဟို ရဆိထားအယ်။
စသူကမှ နင်လို့ဟို ပစာနည်းနဲ့မှ မလှည့်စားစေနဲ့။ အကျောန်းမှာ ဖောက်ပြန်သင်းခွဲခြင်း ဦးရင်ဖြစ်ယွေ့၊ မတရားသောသူ တည်းဟူသော ပျက်စီးခြင်းရဲ့ သား မပေါ်လာခင် အေးနေ့ရက် ရောက်လာလိမ့်မယ် မဟုတ်။
သူဟ ဘုရားဟု ခေါ်သောအရာနဲ့ ကိုးကွယ်လဲ့အရာတိုင်းကို ဆန့်ကျင်ပင်း အရာအားလုံးလို့ထက် သူ့ကိုယ်သူ ချီးမြှောက်မယ် ဖြစ်အယ်။ သူဟ ဘုရားရဲ့ ဗိမာန်တော်နှိုက်ပင် ဝင်ထိန်ပင်း သူ့ကိုယ်သူ ဘုရားသခင် ဖြစ်အယ်ဟု ကြွေးကြော်လိမ့်မယ်။
အဲပင်းရင် မတရားသောအရာဟ ပေါ်လာပေမဲ့ သခင် ယေရှု ခရစ် ကြွလာသောအခါ ကိုယ်တော်ဟ သူ့ဟို မိမိနှုတ်တော်မှ ထွက်သော လေအားဖြင့် ကွပ်မျက်ယွေ့ မိမိကြွလာခြင်းရဲ့ ရောင်ခြည်အားဖြင့် ပယ်ဖျက်လိမ့်မယ်။
သူလို့ သက်သေခံပင်းသောအခါ တွင်းနက်ကြီးထဲမှ တက်လာသော သားရဲဟ သူလို့ဟို စစ်တိုက်ယွေ့ အောန်မြင်ပင်း သူလို့ဟို သတ်ဖြတ်လိမ့်မယ်။
အဲမိန်းမဟ တောကန္တာရထဲဟို မိမိရဲ့ နေရာအရပ်ဟို ပျံ့သန်းသွားနိန်ရန် ကြီးမားသော လင်းယုန်ရဲ့ အတောင်နေခုဟို ရဆိအယ်။ သူဟ အဲအရပ်တွင် မြွေရဲ့ ဆေ့မှောက်မှ လွတ်ယွေ့ သုံးနှစ်ခွဲလုံးလုံး ပြုစုစောင့်ဆှောက်ခြင်းဟို ခံရအယ်။
အဲမိန်းမဟလည်း တောကန္တရထဲဟို ထွက်ပြေးလေအယ်။ အဲအရပ်နှိုက် ရက်ပေါင်း ၁,၂၆၀ တိုင်တိုင် သူ့ဟို ကျေ့ရှုစောင့်ဆှောက်ရန် ဘုရားသခင် ပြင်ဆင်ထားသော နေရာတနေရာ ဆိအယ်။
သူဟ သန့်ဆှင်းသူလို့ဟို စစ်တိုက်ယွေ့ အောန်နိန်သောအခွင့်ဟို ရဆိပင်း လူမျိုးနွယ်စု၊ လူမျိုး၊ ဘာသာစကားနဲ့ တိုင်းနိုင်ငံအသီးသီးလို့မှ လူလို့အား အုပ်စိုးရသော အခွင့်ဟိုလည်း ရဆိအယ်။