ဗျာဒိတ် 13:14 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား14 သူဟ ပထမ သားရဲဆေ့နှိုက် ပြုခွင့်ရဆိထားသော နိမိတ်လက္ခဏာများအားဖြင့် မြေကြီးပေါ်တွင် နေထိန်သော သူအားလုံးလို့ဟို လှည့်စားယွေ့ ထားဒဏ်ရာ ဆိသော်လည်း အသက်ဆှင်ခဲ့သော သားရဲရဲ့ ရုပ်တုဟို ပြုလုပ်ရန် မြေကြီးပေါ်နှိုက် နေထိန်သောသူလို့အား စေခိုင်းအယ်။ Faic an caibideil |
ဆီမီးရဲ့ အလင်းဟိုလည်း နင့်အထဲနှိုက် ဖယ်စခါမျှ ထွန်းလင်းတော့မှာ မဟုတ်။ မင်္ဂလာဆောင် သတို့သားနဲ့ သတို့သမီးလို့ရဲ့ အသံဟိုလည်း နင့်အထဲနှိုက် ဖယ်စခါမျှ ကြားရတော့မှာ မဟုတ်။ အကျောန်းမှာ နင်ရဲ့ ကုန်သည်လို့ဟ လောကီမှူးမတ်များ ဖြစ်ကြအယ်။ လူမျိုးတကာလို့ဟလည်း နင်ရဲ့ ပြုစားခြင်းဖြင့် လှည့်စားခြင်းဟို ခံခဲ့ရကြအယ်” ဟု ဆိုလေအယ်။
အဲလိုလဲ သားရဲဟ မိစ္ဆာပရောဖက်နဲ့ အတူ အဖမ်းခံရအယ်။ အဲမိစ္ဆာပရောဖက်ဟ သားရဲရဲ့ ဆေ့မှောက်နှိုက် နိမိတ်လက္ခဏာများဟို ပြုလျက် အဲနိမိတ်လက္ခဏာများအားဖြင့် သားရဲရဲ့ တံဆိပ်ဟို ခံယူယွေ့ သူရဲ့ ရုပ်တုဟို ကိုးကွယ်သောသူလို့အား လှည့်စားသောသူ ဖြစ်အယ်။ အဲသူနေဦးစလုံးလို့ဟ ကန့်နဲ့ လောင်သော မီးအိန်ထဲဟို အဆှင်လတ်လတ် လောချခြင်း ခံရကြအယ်။