Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဗျာဒိတ် 13:10 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

10 သူတပါးဟို ဖမ်းဆီးခေါ်ဆောင်သွားသောသူဟ တတ်တိုင်း ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရလိမ့်မယ်။ ထားဖြင့် သတ်တတ်သောသူဟလည်း တတ်တိုင်း ထားဖြင့် သေရမယ်။ ဟေအရာနှိုက် သန့်ဆှင်းသူလို့လည်း သည်းခံခြင်းနဲ့ သစ္စာစောင့်ခြင်းလို့ ဆိကြအယ်။

Faic an caibideil Dèan lethbhreac




ဗျာဒိတ် 13:10
29 Iomraidhean Croise  

ယေရှုဟ အေးသူအား “နင့်ရဲ့ ထားဟို ထားအိုင်ထဲဟို ပြန်ထည့်လော့ အကျောန်းမှာ ထားဟို ကိုင်သူဟ ထားဖြင့် သေကြေပျက်စီးရလိမ့်မယ်။


အကျောန်းမှာ သူတပါးဟို နင်လို့ စီရင်လဲ့နည်းအတိုင်း ဘုရားသခင်ဟ နင်လို့ဟို စီရင်လိမ့်မယ်၊ အားပင်း သူတပါးလို့ဟို စီရင်ရာတွင် နင်လို့ အသုံးပြုလဲ့နည်းအတိုင်း နင်လို့ဟို စီရင်လိမ့်မယ်။


နင်လို့ဟ တည်ကြည်သောအားဖြင့် နင်လို့ အသက်ဟို ရဆိကြလိမ့်မယ်။


နင်လို့ဟ အရာခပ်သိမ်းဟို စိတ်ဆှည်စွာ သည်းခံနိန်စေရန် ဘုရားသခင်ရဲ့ ဘုန်းတန်ခိုးတော်မှ ရဆိလဲ့ စွမ်းရည်အမျိုးမျိုးဖြင့် ရပ်တည်နိန်ကြပါစေသော။ အဲမှ အလင်း နိုင်ငံတော်တွင် ဘုရားသခင်ရဲ့ လူမျိုးနွယ်အတွက် ထားလဲ့ ကောင်းချီးမင်္ဂလာများဟို နင်လို့အား ခံစားထိုက်သူများဖြစ်သော ခမည်းတော် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ဝမ်းမြောက်စွာ ချီးမွန်းနိန်ကြပါစေသော။


ငါလို့ဟ ပစာအခါမျှ ပျင်းရိသူများ မဖြစ်စေလို၊ အားပေမဲ့ ယုံကြည်ယွေ့ သည်းခံနိန်မှု ဆိသဖြင့် ဘုရားသခင် ကတိထားသော ကျေးဇူးများဟို ခံယူကြများတိုင်းတိုင်း ပြုမှုကျင့်ကြံစေလိုအယ်။


ယေရှုနှိုက် ဆင်းရဲဒုက္ခဟို လည်းကောင်း၊ နိုင်ငံတော်ဟို လည်းကောင်း၊ သည်းခံခြင်းဟို လည်းကောင်း နင်လို့နဲ့အတူ မျှဝေခံစားသူဖြစ်သော နင်လို့ရဲ့ ညီအကို ငါ ယောဟန်ဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ ယေရှုနဲ့ဆိုင်သော သက်သေခံချက်လို့ကျောန့် ပတ်မုဟုခေါ်သော ကျွန်းတွင် ရောက်နေအယ်။


လူမျိုးလို့ဟ အမျက်ထွက်ကြတာ ဖြစ်ယွေ့ အမျက်တော်ဟလည်း သက်ရောက်လာအယ်။ သေလွန်သောသူလို့ဟို တရားစီရင်ရန် လည်းကောင်း၊ ကိုယ်တော်ရဲ့ အစေခံများ၊ ပရောဖက်များ၊ သန့်ဆှင်းသူများနဲ့ ကိုယ်တော်ရဲ့ နာမတော်ဟို ကြောက်ရွံ့ရိုသေသောသူ အကြီးအငယ်လို့အား ဆုလာဘ်ပေးရန် လည်းကောင်း၊ မြေကြီးဟို ဖျက်ဆီးသောသူလို့ဟို ဖျက်ဆီးရန် လည်းကောင်း အချိန်ရောက်လာအယ်” ဟု ဆှောက်ကြအယ်။


ဘုရားသခင်ရဲ့ ပညတ်လို့ဟို လည်းကောင်း၊ ယေရှုနှိုက် ယုံကြည်ခြင်းဟို လည်းကောင်း၊ စောင့်ဆှောက်သော သန့်ဆှင်းသူလို့ဟ ဟေအရာနှိုက် သည်းခံစရာအကျောန်း ဆိအယ်။


အကျောန်းမှာ အဲသူလို့ဟ သန့်ဆှင်းသူများနဲ့ ပရောဖက်များရဲ့ အသွေးဟို သွန်းခဲ့ကြတာ ဖြစ်ယွေ့ ကိုယ်တော်ဟ အဲအသွေးလို့ဟို သူလို့အား သောက်ရန် ပေးပီ။ သူလို့ဟ အဲလိုခံရရန် ထိုက်တန်ပေအယ်” ဟု ဆိုတာဟို ငါ ကြားရအယ်။


မခင် ဆိခဲ့ပင်း အခု မဆိသော သားရဲဟ အဋ္ဌမဘုရင် ဖြစ်အယ်။ သူဟ အဲခုနေပါးထဲမှ တပါးလည်း ဖြစ်ပင်း ပျက်စီးခြင်းဟို ရောက်ရလိမ့်မယ်။


နင်မျော်သော သားရဲဟ မခင်ဟ ဆိခဲ့ပင်း အခု မဆိ၊ မကြာမီ တွင်းနက်ကြီးထဲဟ တက်လာယွေ့ ပျက်စီးခြင်းဟို ရောက်မယ်ဖြစ်အယ်။ မြေကြီးပေါ်နှိုက် နေထိန်သော သူလို့ထဲတွင် ကမ္ဘာတည်ချိန်မှစယွေ့ အသက်စာစောင်နှိုက် စာရင်းမဝင်သော သူလို့ဟ မခင်ဟ ဆိခဲ့ပင်း အခု မဆိ၊ မကြာမီ ရောက်လာမဲ့ အဲသားရဲဟို မျော်လျက် အံ့ဩကြလိမ့်မယ်။


ငါဟ နင်ပြုသောအမှုဟို သိအယ်။ နင်ရဲ့ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ အမှုတော်ဆောင်ရွက်ခြင်းနဲ့ သည်းခံခြင်းလို့ဟို ငါ သိအယ်။ နင်ရဲ့ နောက်ပိုင်းလုပ်ဆောင်မှုများဟ ဦးရင် လုပ်ဆောင်မှုများထက် သာလွန်ကျောန်းဟိုလည်း ငါ သိအယ်။


နင် ပြုသောအမှုများမှ စယွေ့ နင်ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ သည်းခံမှုလို့ဟို ငါ သိအယ်။ နင်ဟ ဆိုးယုတ်သောသူလို့ဟို လက်မခံနိန်ကျောန်းနဲ့ မိမိလို့တတ်တိုင်း တမန်တော်ဟု ခေါ်ဆိုကြသော်လည်း တမန်တော် မဟုတ်သောသူလို့ဟို စမ်းသပ်စစ်ဆေးယွေ့ သူလို့ဟ ဝါသောသူများ ဖြစ်ကြတာဟု နင်လို့ တွေ့ဆိကျောန်းဟိုလည်း ငါသိအယ်။


နင်ဟ ငါရဲ့ သည်းခံခြင်းနဲ့ စပ်ဆိုင်သော နှုတ်ကပတ်တရားဟို စောင့်ဆှောက်သောကျောန့် မြေကြီးအပေါ်နှိုက် နေသောသူလို့ဟို စုံစမ်းစေခြင်းငှာ၊ လောကီနိုင်ငံအရပ်ရပ်လို့ဟို ပျံနှံ့လာသော စုံစမ်းရာကာလတွင် နင့်ဟို ငါ စောင့်ဆှောက်မယ်။


အဲကျောန့် နင်ဟ ခံယူယွေ့ နားထောင်ပင်းသောအရာဟို အောက်မေ့ယွေ့ စောင့်ဆှောက်လော့။ နောင်တရလော့။ နင်ဟ သတိနဲ့ စောင့်နေခြင်း မဆိရင် သူခိုးလို ငါလာမယ် ဖြစ်ယွေ့ စလို အချိန်နှိုက် နင်ဆေဟို ငါလာမယ်ဟို နင် လုံးဝသိလိမ့်မယ် မဟုတ်။


Lean sinn:

Sanasan


Sanasan