6 အဲမိန်းမဟလည်း တောကန္တရထဲဟို ထွက်ပြေးလေအယ်။ အဲအရပ်နှိုက် ရက်ပေါင်း ၁,၂၆၀ တိုင်တိုင် သူ့ဟို ကျေ့ရှုစောင့်ဆှောက်ရန် ဘုရားသခင် ပြင်ဆင်ထားသော နေရာတနေရာ ဆိအယ်။
အဲအခါ မာရ်နတ်ဟ ယေရှုဆေမှ ထွက်သွားပင်းနောက် ခေါန်းခင်တမန်လို့ဟ သူ့ဆေဟို လာယွေ့ ကူညီကြအယ်။
အဲမိန်းမဟ တောကန္တာရထဲဟို မိမိရဲ့ နေရာအရပ်ဟို ပျံ့သန်းသွားနိန်ရန် ကြီးမားသော လင်းယုန်ရဲ့ အတောင်နေခုဟို ရဆိအယ်။ သူဟ အဲအရပ်တွင် မြွေရဲ့ ဆေ့မှောက်မှ လွတ်ယွေ့ သုံးနှစ်ခွဲလုံးလုံး ပြုစုစောင့်ဆှောက်ခြင်းဟို ခံရအယ်။
သူရဲ့ အမြီးဟ ခေါန်းခင်ကြယ် သုံးပုံတပုံဟို ဆွဲယွေ့ မြေကြီးပေါ်ဟို လောချအယ်။ အဲနဂါးဟ လူပဲ့မွေးတော့မဲ့ မိန်းမဆေ့နှိုက် ရပ်လျက် လူပဲ့မွေးသောအခါ သူရဲ့ လူပဲ့ဟို ဝါးမျိုရန် စောင့်နေအယ်။
အဲသားရဲဟလည်း ကြီးစွာသော စကားဟို လည်းကောင်း၊ ဘုရားသခင်အား စော်ကားသော စကားဟို လည်းကောင်း၊ ပြောတတ်သော စလောင်နဲ့ ပြေ့စုံယွေ့ လလေးဆယ်နေလပတ်လုံး စီရင်သောအခွင့်ဟို ရဆိထားအယ်။
အဲပင်းရင် ခေါန်းခင်တမန်ဟ ဝိညာဉ်တော်အားဖြင့် ငါ့အား တောကန္တာရထဲဟို ခေါ်ဆောင်သွားလေအယ်။ ခေါင်းခုနေလုံးနဲ့ ဦးချိုဆယ်ချောင်း ဆိယွေ့ ဘုရားသခင်ဟို စော်ကားသော အမယ်နာမများဖြင့် ပြေ့နေလဲ့ နီမြန်းသော သားရဲပေါ်နှိုက် ထိန်နေသော မိန်းမတယောက်ဟို ငါမျော်အယ်။