3 တဖန် ခေါန်းခင်နှိုက် အခြားသော နိမိတ်လက္ခဏာဟို ပေါ်လာအယ်။ ခေါင်းခုနေလုံးနဲ့ ဦးချို ဆယ်ချောင်း ဆိယွေ့ သူရဲ့ ခေါင်းများပေါ်တွင် သရဖူခုနေခုဟို ဆောင်းထားလဲ့ နီရဲသော နဂါးကြီးတကောင် ဆိအယ်။
အဲပင်းရင် ခေါန်းခင်နှိုက် ကြီးမားသော နိမိတ်လက္ခဏာဟို ငါမျော်အယ်။ မိန်းမတဦးဟ နေဟို ဝတ်ဆင်လျက်၊ လဟို ခြေအောက်နှိုက် နင်းလျက် ဦးခေါင်းပေါ်တွင် ကြယ်တဆယ့်နေလုံးပါသော သရဖူဟို ဆောင်းထားအယ်။
နဂါးဟ မြေကြီးပေါ်ဟို လောချခြင်း ခံရတာဟို သိသောအခါ သားယောက်ျားဟို ဖွားမျော်သော မိန်းမအား လိုက်ယွေ့ ညှဉ်းဆဲလေအယ်။
အဲအခါ နဂါးဟ အဲမိန်းမအပေါ် အမျက်ထွက်ယွေ့ ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို စောင့်ထိန်းသောသူများနဲ့ ယေရှုနဲ့ဆိုင်လဲ့ သက်သေခံချက်ဟို ရဆိထားသော သူများဖြစ်ကြလဲ့ အဲမိန်းမရဲ့ အမျိုးအနွယ်ထဲမှ ကျန်ဆိသောသူလို့နဲ့ စစ်တိုက်ရန် ထွက်သွားအယ်။
သူရဲ့ အမြီးဟ ခေါန်းခင်ကြယ် သုံးပုံတပုံဟို ဆွဲယွေ့ မြေကြီးပေါ်ဟို လောချအယ်။ အဲနဂါးဟ လူပဲ့မွေးတော့မဲ့ မိန်းမဆေ့နှိုက် ရပ်လျက် လူပဲ့မွေးသောအခါ သူရဲ့ လူပဲ့ဟို ဝါးမျိုရန် စောင့်နေအယ်။
အဲပင်းရင် ခေါန်းခင်နှိုက် စစ်ဖြစ်လေအယ်။ မိက္ခေလနဲ့ သူရဲ့ ခေါန်းခင်တမန်လို့ဟ နဂါးနဲ့ တိုက်ခိုက်ကြအယ်။ နဂါးနဲ့ သူရဲ့ တမန်လို့ဟ ပြန်လည်တိုက်ခိုက်ကြသော်လည်း၊
အဲအခါ ဟေလောကီတနိုင်ငံလုံးဟို လှည့်စားယွေ့ မာရ်နတ် အဲဟာမဟုတ်ရင် စာတန်လို့ ခေါ်သော ဆေ့မြွေဟောင်း တည်းဟူသော နဂါးကြီးဟို လည်းကောင်း၊ သူနဲ့အတူ သူရဲ့ တမန်လို့ဟို လည်းကောင်း၊ မြေကြီးဟို လောချလိုက်ကြအယ်။
အဲပင်းရင် ဦးချိုဆယ်ချောင်းနဲ့ ခေါင်းခုနေလုံးဆိသော သားရဲတကောင်ဟ ပင်လယ်ထဲမှ တက်လာတာဟို ငါမျော်အယ်။ အဲဦးချိုများပေါ်တွင် သရဖူဆယ်ခု ဆိယွေ့ အေး ခေါင်းများပေါ်တွင် ဘုရားသခင်ဟို စော်ကားသော နာမများ ဆိအယ်။
ငါမျော်သော အဲသားရဲဟ ကျားသစ်နဲ့ တူအယ်။ သူရဲ့ ခြေဟ ဝက်ဝံခြေလိုမျိုး ဖြစ်ပင်း သူရဲ့ စလောင်ဟ ခြင်္သေ့စလောင်လိုမျိုး ဖြစ်အယ်။ နဂါးဟ မိမိရဲ့ တန်ခိုး၊ မိမိရဲ့ ပလ္လင်နဲ့ ကြီးမားသော အခွင့်အာဏာဟို သူ့အား ပေးအပ်အယ်။
အဲပြင် နဂါးဟ သားရဲအား အခွင့်အာဏာဟို ပေးအပ်သဖြင့် သူလို့ဟ နဂါးဟို ကိုးကွယ်ကြအယ်။ သူလို့ဟ “စသူသည် သားရဲနဲ့ တူလုန်း။ စသူဟ သူ့ဟို တိုက်ခိုက်နိန်လုန်း” ဟု ဆိုလျက် သားရဲဟိုလည်း ကိုးကွယ်ကြအယ်။
အဲပင်းရင် ခေါန်းခင်နှိုက် ကြီးမားယွေ့ အံ့ဩဖွယ်ကောင်းလဲ့ အခြားနိမိတ်လက္ခဏာ တည်းဟူသော နောက်ဆုံး ဘေးဒဏ် ခုနေပါးဟို ငါမျော်ရအယ်။ အဲဘေးဒဏ်များအားဖြင့် ဘုရားသခင်ရဲ့ ပြင်းစွာသော ဒေါသဟ ပြေ့စုံခြင်းဟို ရောက်မယ်ဖြစ်အယ်။
အဲပင်းရင် နဂါးရဲ့ စလောင်ထဲမှ လည်းကောင်း၊ သားရဲရဲ့ စလောင်ထဲမှ လည်းကောင်း၊ မိစ္ဆာပရောဖက်လို့ရဲ့ စလောင်ထဲမှ လည်းကောင်း၊ ဖားနဲ့တူလဲ့ ညစ်ညူးသော ဝိညာဉ်သုံးပါး ထွက်လာတာဟို ငါမျော်အယ်။
နင်မျော်ရသော ဦးချိုဆယ်ချောင်းဟ တိုင်းနိုင်ငံဟို မရသေးလဲ့ ဘုရင်ဆယ်ပါး ဖြစ်ကြပေမဲ့ သူလို့ဟ သားရဲနဲ့အတူ မင်းအာဏာစက်ဟို တိုတောင်းသောအချိန် တခုအတွင်း ရဆိကြလိမ့်မယ်။
နင်မျော်ရသော ဦးချို ဆယ်ချောင်းနဲ့ သားရဲလို့ဟ အဲပြေ့တန်ဆာဟို မုန်းယွေ့ သူ့ဟို လုံးလုံး ပျက်စီးစေကာ အဝတ်မပါ အချည်းစဲ ဖြစ်စေကြလိမ့်မယ်။ သူရဲ့ အသားဟိုလည်း ကိုက်စားယွေ့ သူ့ဟို မီးရှို့ကြလိမ့်မယ်။
အဲအခါ ခေါန်းခင်တမန်ဟ “နင်သည် ပစာကျောန့် အံ့ဩလုန်း။” အဲမိန်းမနဲ့ သူ့ဟို သယ်ဆောင်သော ခေါင်းခုနေလုံးနဲ့ ဦးချိုဆယ်ချောင်းဆိလဲ့ သားရဲလို့ရဲ့ လျှို့ဝှက်နက်နဲသောအရာဟို နင့်အား ငါပြောမယ်။
သူရဲ့ မျက်စေ့လို့ဟ မီးလျှံလို ဖြစ်ပင်း သူရဲ့ ဦးခေါင်းပေါ်နှိုက် သရဖူများဟို ဆောင်းထားအယ်။ သူနှိုက် ရေးထားသော နာမတခု ဆိယွေ့ အေးဟာဟို သူတတ်တိုင်းမှ တပါး စသူမျှ မသိ။
သူဟ မာရ်နတ် စာတန်ဖြစ်လဲ့ ဆေ့မြွေဟောင်း တည်းဟူသော နဂါးဟို ဖမ်းလျက် အနှစ်တထောင် တုပ်ချေထားအယ်။