3 ခြင်္သေ့ဟောက်သလို ကျယ်လောင်လဲ့ အသံဖြင့် ကြွေးကြော်လေအယ်။ အဲလိုကြွေးကြော်သောအခါ မိုးချုန်းသံ ခုနေချက်လို့ဟ အသံများဖြင့် မြည်လေအယ်။
အဲပင်းရင် သမုဒ္ဒရာယေသံ၊ ကျယ်လောင်သော မိုးကြိုးသံလိုမျိုး ခေါန်းခင်ဟ အသံဟို ငါကြားအယ်။ အဲလို ငါကြားလဲ့ အသံဟ စောင်းသမားများ စောင်းတီးသော အသံလိုမျိုး ဖြစ်အယ်။
အဲပင်းရင် ခေါန်းခင်နှိုက် ကြီးမားယွေ့ အံ့ဩဖွယ်ကောင်းလဲ့ အခြားနိမိတ်လက္ခဏာ တည်းဟူသော နောက်ဆုံး ဘေးဒဏ် ခုနေပါးဟို ငါမျော်ရအယ်။ အဲဘေးဒဏ်များအားဖြင့် ဘုရားသခင်ရဲ့ ပြင်းစွာသော ဒေါသဟ ပြေ့စုံခြင်းဟို ရောက်မယ်ဖြစ်အယ်။
အဲအခါ သတ္တဝါလေးပါးထဲမှ တပါးဟ ကမ္ဘာအဆက်ဆက် အသက်ဆှင်သော ဘုရားသခင်ရဲ့ ပြင်းစွာသော ဒေါသဖြင့် ပြေ့နေလဲ့ ဆွေဖလား ခုနေလုံးဟို အဲခေါန်းခင်တမန် ခုနေပါးလို့အား ပေးလေအယ်။
ပလ္လင်တော်ထဲမှ ဆတ်ပျက်ထိုးခြင်း၊ အသံမြည်ဟည်းခြင်းနဲ့ မိုးချုန်းခြင်းများ ဖြစ်ပေါ်လေအယ်။ ဘုရားသခင်ရဲ့ ဝိညာဉ် ခုနေပါးဖြစ်သော မီးဖူး ခုနေလုံးဟလည်း ပလ္လင်ဆေ့နှိုက် ထွန်းလင်းလျက် ဆိအယ်။
အဲပင်းရင် ခေါန်းခင်တမန်ဟ နံ့သာပူဇော်ရာ မုတ်ဟို ယူယွေ့ ၎င်းဟို ယဇ်ပလ္လင်ရဲ့ မီးနဲ့ ပြေ့စေပင်းရင် မြေကြီးပေါ်ဟို လောချလိုက်ရာ ဆတ်ပျက်ထိုးခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်းနဲ့ ငလျင်လှုပ်ခြင်းများ ဖြစ်ပေါ်လာအယ်။