Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဗျာဒိတ် 1:9 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

9 ယေရှုနှိုက် ဆင်းရဲဒုက္ခဟို လည်းကောင်း၊ နိုင်ငံတော်ဟို လည်းကောင်း၊ သည်းခံခြင်းဟို လည်းကောင်း နင်လို့နဲ့အတူ မျှဝေခံစားသူဖြစ်သော နင်လို့ရဲ့ ညီအကို ငါ ယောဟန်ဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ ယေရှုနဲ့ဆိုင်သော သက်သေခံချက်လို့ကျောန့် ပတ်မုဟုခေါ်သော ကျွန်းတွင် ရောက်နေအယ်။

Faic an caibideil Dèan lethbhreac




ဗျာဒိတ် 1:9
35 Iomraidhean Croise  

ယေရှုဟ “နင်လို့သည် ငါရဲ့ မုတ်မှ အမန်ပင် သောက်ရကြပေမဲ့ ငါရဲ့ လက်ယာဘက်နဲ့ လက်ဝဲဘက်လို့နှိုက် ထိန်ရသောအခွင့်ဟို ငါပေးတာ မဟုတ်။ ဟေနေရာဟ ငါ့ရဲ့အဖ ပြင်ဆင်ထားသူများ အတွက်သာ ဖြစ်အယ်” ဟု မိန့်အယ်။


သူလို့ဟ “ငါလို့ တတ်စွမ်းနိန်အယ်” ဟု ဖြေကြအယ်။ ယေရှုဟ “ငါအမန် သောက်ရမဲ့ခွက်ဟို နင်သောက်ရမယ်၊ ငါ နှစ်ခြင်းခံရမဲ့အတိုင်း နှစ်ခြင်း ခံရလိမ့်မယ်။


နင်လို့ဟ ငါ့ဟို အမှီပြုယွေ့ ငြိမ်သက်ခြင်း ဆိစေကြရန် ဟေစကားဟို ငါပြောပီ။ နင်လို့ဟ လောကနှိုက် ဆင်းရဲဒုက္ခဟို ခံရကြလိမ့်မယ်။ အဲလိုလဲ မစိုးရိမ်ကြနဲ့၊ ငါဟ လောကဟို အောန်ပီ” ဟု မိန့်အယ်။


ရက်အနည်းငယ် ကြာသောအခါ အရေအတွက်အားဖြင့် လူ တရာ့နေဆယ်ခန့်သော ယုံကြည်သူများလို့ဟ တနေရာတည်းတွင် စုဝေးကြရာ ပေတရုဟ စကားပြောရန် ထယွေ့၊


တဘဲ့တော်လို့ရဲ့ စိတ်နေလုံးဟို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်းနှိုက် ဆက်ယွေ့ တည်နေကြရန် ခွန်အားပေးကြအယ်။ သူလို့ဟ “ငါလို့သည် ဘုရားသခင်ရဲ့ နိုင်ငံတော်သို့ ဝင်ရန် ရမ်းဆာ့ ဆင်းရဲဒုက္ခများ ဖြတ်သန်းရမယ်” ဟု ဆိုအယ်။


အဲလို့ လူပဲ့သငယ်များဖြစ်ကြရင် အမွေခံများလည်း ဖြစ်ကြအယ်။ ငါလို့ဟ ခရစ်တော်နဲ့အတူ ဘုန်းတော်ချီးမြောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းဟိုလည်း ကိုယ်တော်နဲ့အတူခံရကြရင် ဘုရားသခင်ရဲ့ အမွေခံများဖြစ်ကြပင်း ခရစ်တော်နဲ့အတူ အမွေဆက်ခံများလည်း ဖြစ်ကြအယ်။


အဲလိုလဲ ငါလို့မှာ မမျော်သေးလဲ့အရာဟို မျော်လင့်အယ်ဆိုရင် အေးအရာဟို စိတ်ဆှည်စွာနဲ့ စောင့်ဆိုင်းရအယ်။


အဲလိုမို့ နင်လို့အတွက် မယိမ်းယိုင်သော မျော်လင့်ခြင်း ငါလို့နှိုက် ဆိအယ်။ နင်လို့ဟ ငါလို့ ခံရလဲ့ ဆင်းရဲဒုက္ခမျိုးဟို ခံရလဲ့နည်းတူ ငါလို့ ရဆိလဲ့ နှစ်သိမ့်မှုမျိုးဟိုလည်း ရဆိကျောန်း ငါလို့ သိကြအယ်။


နင်လို့အားလုံးနဲ့ ပတ်သက်ယွေ့ ဟေလိုမျိုး ငါသဘောထားတာဟ သင့်မြတ်ပေအယ်။ အကျောန်းမှာ နင်လို့အားလုံးဟ ငါအချုပ်နှောင်ခံရသော အရာနှိုက် လည်းကောင်း၊ သတင်းကောင်းအတွက် ဖြေဆှင်းချက်ပေးယွေ့ အတည်ပြု ပြောဆိုရာနှိုက် လည်းကောင်း၊ ငါနဲ့အတူ ကျေးဇူးတော်ဟို ဝေမျှသူများဖြစ်ကြသဖြင့် နင်လို့ဟ ငါရဲ့ စိတ်နေလုံးနှိုက် ဆိကြအယ်။


အဲလိုလဲ ငါ ဆင်းရဲဒုက္ခဟို တွေ့ကြုံရချိန်နှိုက် နင်လို့ ငါ့ဟို ကူညီကြသောအားဖြင့် ကောင်းမွန်စွာ ပြုကြပီ။


သခင်ဘုရားဟ နင်လို့ရဲ့ စိတ်နေလုံးကို ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ခရစ်တော်ရဲ့ သည်းခံခြင်းထဲဟို ပို့ဆောင်ပါစေ။


အဲကျောန့် ငါလို့ရဲ့ သခင်ဘုရားအကျောန်း သက်သေခံတာဟို လည်းကောင်း၊ ငါဟ ကိုယ်တော်အတွက် အကျဉ်းသားဖြစ်တာဟို လည်းကောင်း၊ ဆှက်ကြောက်ခြင်း မဆိဘဲ ဘုရားသခင်ရဲ့ တန်ခိုးတော်အားဖြင့် ကောင်းမြတ်သော သတင်းကောင်းအတွက် ငါနဲ့အတူ ဆင်းရဲဒုက္ခဟို ခံလော့။


ဘုရားသခင်ရဲ့ အလိုတော်ဟို ဆောင်ရွက်ပင်း ကတိတော်ဟို ခံစားရဆိနိန်ရန် နင်လို့နှိုက် လိုအပ်သောအရာမှာ သည်းခံခြင်း ဖြစ်အယ်။


သို့ဖြစ်ယွေ့ အသင်းတော် အကြီးအကဲတဦးဖြစ်ပင်း ခရစ်တော်ရဲ့ ဒုက္ခဝေဒနာများဟို သက်သေခံသူနဲ့ ထင်ဆှားလာတော့မဲ့ ကိုယ်တော်ရဲ့ ဘုန်းအသရေတော်ဟို မျှဝေခံစားသူဖြစ်သော ငါဟ နင်လို့တွင် ဆိသော အသင်းတော် အကြီးအကဲများဟို တိုက်တွန်းနှိုးဆော်အယ်။


ဟေဟာဟ ယေရှု ခရစ်တော်ရဲ့ ဗျာဒိတ်တော် ဖြစ်အယ်။ ဟေဗျာဒိတ်တော်ဟ မကြာမီအတွင်း ဖြစ်ပျက်ရမဲ့အရာများဟို မိမိရဲ့ အစေခံလို့အား ပြသရန် ခရစ်တော်နှိုက် ဘုရားသခင် ပေးအပ်သောအရာ ဖြစ်အယ်။ ခရစ်တော်ဟ မိမိရဲ့ ခေါန်းခင်တမန်ဟို စေလွှတ်ယွေ့ မိမိအစေခံ ယောဟန်အား ဟေဗျာဒိတ်တော် အရိပ်အယောင်ဟို ဖော်ပြအယ်။


ယောဟန်ဟလည်း သူတွေ့မျော်သမျှသော ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ ယေရှု ခရစ်တော်နဲ့ဆိုင်လဲ့ သက်သေခံချက်လို့ဟို သက်သေခံလေအယ်။


ငါ ယောဟန်ဟ၊ အာရှိပြေဆိ အသင်းတော် ခုနေပါးဆေဟို စာရေးလိုက်အယ်။ အခု ဆိလျက် မခင်ဟလည်း ဆိလျက် နောင်အခါကြွလာမဲ့ အဆှင်ဆေမှ လည်းကောင်း၊ ပလ္လင်တော်ဆေ့နှိုက် ဆိသော ဝိညာဉ် ခုနေပါးဆေမှ လည်းကောင်း၊


မိမိ ခမည်းတော် ဘုရားသခင်ဆေ့နှိုက် ငါလို့ဟို ဆှင်ဘုရင်အရာနှိုက် လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာနှိုက် လည်းကောင်း၊ ခန့်ထားသော ယေရှု ခရစ်တော်ဟ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ တန်ခိုးအာနုဘော် ဆိစေသတည်း။ အာမင်။


သူလို့ သက်သေခံပင်းသောအခါ တွင်းနက်ကြီးထဲမှ တက်လာသော သားရဲဟ သူလို့ဟို စစ်တိုက်ယွေ့ အောန်မြင်ပင်း သူလို့ဟို သတ်ဖြတ်လိမ့်မယ်။


ညီအကို မောင်နှမလို့ဟ သိုးသငယ်ရဲ့ အသွေးအားဖြင့် လည်းကောင်း၊ မိမိလို့ သက်သေခံသော နှုတ်ကပတ်တော်အားဖြင့် လည်းကောင်း၊ သူ့ဟို အောန်နိန်ခဲ့ကြအယ်။ သူလို့ဟ အသေခံလဲ့တိုင်အောန် မိမိလို့ အသက်ဟို နှမြောခြင်း မဆိကြ။


အဲအခါ နဂါးဟ အဲမိန်းမအပေါ် အမျက်ထွက်ယွေ့ ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို စောင့်ထိန်းသောသူများနဲ့ ယေရှုနဲ့ဆိုင်လဲ့ သက်သေခံချက်ဟို ရဆိထားသော သူများဖြစ်ကြလဲ့ အဲမိန်းမရဲ့ အမျိုးအနွယ်ထဲမှ ကျန်ဆိသောသူလို့နဲ့ စစ်တိုက်ရန် ထွက်သွားအယ်။


သူတပါးဟို ဖမ်းဆီးခေါ်ဆောင်သွားသောသူဟ တတ်တိုင်း ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရလိမ့်မယ်။ ထားဖြင့် သတ်တတ်သောသူဟလည်း တတ်တိုင်း ထားဖြင့် သေရမယ်။ ဟေအရာနှိုက် သန့်ဆှင်းသူလို့လည်း သည်းခံခြင်းနဲ့ သစ္စာစောင့်ခြင်းလို့ ဆိကြအယ်။


ဘုရားသခင်ရဲ့ ပညတ်လို့ဟို လည်းကောင်း၊ ယေရှုနှိုက် ယုံကြည်ခြင်းဟို လည်းကောင်း၊ စောင့်ဆှောက်သော သန့်ဆှင်းသူလို့ဟ ဟေအရာနှိုက် သည်းခံစရာအကျောန်း ဆိအယ်။


အဲအခါ ငါဟ အဲခေါန်းခင်တမန်ဟို ကိုးကွယ်ရန် သူရဲ့ ခြေရင်းနှိုက် ပျပ်ဝပ်လျက် သူဟ “အဲလိုမပြုနဲ့။ ငါဟ နင်မှစယွေ့ ယေရှုနဲ့ဆိုင်လဲ့ သက်သေခံချက်ဟို ရဆိထားသော နင့်ညီအကိုလို့ရဲ့ လုပ်ဖော်ဆောင်ဖက် အစေခံလည်း ဖြစ်အယ်။ ဘုရားသခင်ဟို ကိုးကွယ်လော့” ဟု ဆိုအယ်။ အကျောန်းမှာ ယေရှုနဲ့ ဆိုင်လဲ့ သက်သေခံချက်ဟ ပရောဖက်ပြု ဟောပြောခြင်းရဲ့ ဝိညာဉ် ဖြစ်အယ်။


ပလ္လင်များဟိုလည်း ငါမျော်အယ်။ ပလ္လင်ပေါ်မှာ ထိန်သောသူလို့ဟ တရားစီရင်ရသော အခွင့်ဟို ရကြအယ်။ တဖန် ယေရှုနဲ့ဆိုင်သော သက်သေခံချက်အတွက် လည်းကောင်း၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတွက် လည်းကောင်း၊ ခေါင်းဖြတ်ခံရသော သူလို့ရဲ့ ဝိညာဉ်များမှ စယွေ့ သားရဲနဲ့ သူရဲ့ ရုပ်တုဟို မကိုးကွယ်၊ သူရဲ့ တံဆိပ်ဟိုလည်း မိမိလို့ရဲ့ နဖူး အဲဟာမဟုတ်ရင် လက်တွင် မခံယူသောသူလို့ဟို ငါ မျော်ရအယ်။ သူလို့ဟ အသက်ပြန်ဆှင်ယွေ့ အနှစ်တထောင်ပတ်လုံး ခရစ်တော်နဲ့အတူ စိုးစံကြအယ်။


နင်ဟ ငါရဲ့ သည်းခံခြင်းနဲ့ စပ်ဆိုင်သော နှုတ်ကပတ်တရားဟို စောင့်ဆှောက်သောကျောန့် မြေကြီးအပေါ်နှိုက် နေသောသူလို့ဟို စုံစမ်းစေခြင်းငှာ၊ လောကီနိုင်ငံအရပ်ရပ်လို့ဟို ပျံနှံ့လာသော စုံစမ်းရာကာလတွင် နင့်ဟို ငါ စောင့်ဆှောက်မယ်။


သိုးသငယ်ဟ ပဉ္စမ တံဆိပ်ဟို ဖွင့်သောအခါ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျောန့် လည်းကောင်း၊ သစ္စာဆိလဲ့ သက်သေခံချက်ကျောန့် လည်းကောင်း၊ အသေသတ်ခြင်း ခံရသော သူလို့ရဲ့ ဝိညာဉ်များဟို ယဇ်ပလ္လင်အောက်တွင် ငါမျော်ရအယ်။


ငါဟလည်း “သခင်၊ ကိုယ်တော် သိအယ်” ဟု ပြန်ဆှောက်ရင်၊ အဲသူဟ “ဟေသူလို့သည် ရမ်းဆာ့သော ဆင်းရဲဒုက္ခထဲမှ ထွက်လာသောသူများ ဖြစ်ကြအယ်။ သူလို့ဟ မိမိလို့ရဲ့ ဝတ်လုံများဟို သိုးသငယ်ရဲ့ အသွေးအားဖြင့် လျှော်ဖွတ်လျက် ဖြူစေကြအယ်။


Lean sinn:

Sanasan


Sanasan