15 သူရဲ့ ခြေလို့ဟ မီးဖိုတွင် ဖိုထိုးထားလဲ့ တောက်ပသော ကြေးဝါနဲ့ တူအယ်။ သူရဲ့ အသံမှာ ယေတံခွန်ကြီးရဲ့ အသံနဲ့ တူအယ်။
အဲပင်းရင် ခွန်အားကြီးသော ခေါန်းခင်တမန်တပါးဟ မိုးချေးသားဟို ခြုံလျက် ခေါန်းခင်မှ ဆင်းလာတာဟို ငါမျော်အယ်။ သူရဲ့ ဦးခေါင်းပေါ်တွင် သက်တံ့ဆိယွေ့ သူရဲ့ မျက်နှာဟ နေလို ဖြစ်ပင်း သူရဲ့ ခြေဟ မီးခဲတိုင်လို ဖြစ်အယ်။
အဲပင်းရင် သမုဒ္ဒရာယေသံ၊ ကျယ်လောင်သော မိုးကြိုးသံလိုမျိုး ခေါန်းခင်ဟ အသံဟို ငါကြားအယ်။ အဲလို ငါကြားလဲ့ အသံဟ စောင်းသမားများ စောင်းတီးသော အသံလိုမျိုး ဖြစ်အယ်။
အဲပင်းရင် ရမ်းဆာ့သော လူအစုဝေးရဲ့ အသံနဲ့ လည်းကောင်း၊ ရမ်းဆာ့သော ယေဟုန်ရဲ့ အသံ လည်းကောင်း၊ ပြင်းထန်သော မိုးကြိုးသံနဲ့ လည်းကောင်း တူလဲ့အသံဟ “ဟာလေလုယာ၊ အနန္တတန်ခိုးနဲ့ ပြေ့စုံသော ငါလို့ရဲ့ ဘုရားသခင် ထာဝရဘုရားဟ စိုးစံတာ ဖြစ်ယွေ့
“သွာတိရမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “မီးလျှံလို မျက်စေ့နဲ့ တောက်ပသော ကြေးဝါနဲ့တူသော ခြေဆိလဲ့ ဘုရားသခင်ရဲ့ သားတော်ဟ ဟေလို မိန့်အယ်။