Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဖိလိပ္ပိ 4:8 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

8 နောက်ဆုံးအနေဖြင့် ညီအကို မောင်နှမလို့၊ မန်ကန်သောအရာ၊ မွန်မြတ်သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာနဲ့ အသရေဆိသောအရာ တည်းဟူသော ကောင်းမြတ်သောအရာနဲ့ ချီးမွန်းဖွယ်သောအရာလို့ဖြင့် စိတ်နေလုံးဟို ပြေ့စေကြလော့။

Faic an caibideil Dèan lethbhreac




ဖိလိပ္ပိ 4:8
67 Iomraidhean Croise  

အဲပင်းရင် သူလို့ဟ မိမိလို့ရဲ့ တဘဲ့များဟို ဟေရုဒ်ရဲ့ ပါတီဝင်တချို့နဲ့အတူ အထံတော်ဟို စေလွှတ်ပင်းရင် “ဆရာ၊ ဆရာဟ သမ္မာတရားဟို ပြောကျောန်း ငါလို့သိအယ်။ တခြားသူများ စလိုထင်ကျောန်းဟို ဂရုမစိုက်ဘဲ လူလို့အတွက် ဘုရားသခင်ရဲ့ အလိုတော်အကျောန်း သမ္မာတရားဟို သွန်သင်အယ်။ ပစာကို့ စသူရဲ့ အဆင့်အတန်းဟိုမှ အလေးမထားပါ။


ယောဟန်ဟ ဖြောင့်မတ် သန့်ဆှင်းသောသူဖြစ်ကျောန်းဟို ဟေရုဒ် သိသဖြင့် ကြောက်ယွေ့၊ သူ့အား ဘေးမဲ့လုံခြုံစွာ ထားအယ်။ ဟေရုဒ်ဟ ယောဟန်ရဲ့ သွန်သင်ချက်များဟို ကြားနာရလဲ့ အချိန်တိုင်း စိတ်အနှောင့်အယှက် ဖြစ်တတ်သော်လည်း နှစ်သက်စွာ နားထောင်အယ်။


ယေရှုဟ အေးသူလို့အား၊ “နင်လို့ဟ လူလို့ဆေ့မှာ မိမိတတ်တိုင်း ဖြောင့်မတ်ကျောန်း ဖော်ပြတတ်သူများ ဖြစ်ကြအယ်၊ အဲလိုလဲ ဘုရားသခင်ဟ နင်လို့ရဲ့ စိတ်နေလုံးဟို သိဆိအယ်။ လူလို့ အမြတ်တနိုးထားသောအရာဟ ဘုရားသခင်ရဲ့ ဆေ့နှိုက် စက်ဆုပ်ဖွယ် ဖြစ်အယ်။


အေးအချိန်နှိုက် ယေရုရှလင်မြို့တွင် ရှုမောင် နာမယ်ဆိသော လူတယောက် ဆိအယ်။ သူဟ ဘုရားသခင်ဟို ကြည်ညိုယွေ့ ဖြောင့်မတ်သောသူ ဖြစ်ပင်း၊ ဣသရေလလူမျိုးလို့ သက်သာခြင်း ရရန် စောင့်မျော်နေသူ ဖြစ်အယ်၊ သန့်ဆှင်းသော ဝိညာဉ်တော်ဟ သူအပေါ်နှိုက် တည်ယွေ့


ယုဒပြေ အရိမဿဲမြို့သား ယောသပ်ဟုခေါ်သော ယုဒတရားလွှတ်တော် အဖွဲ့ဝင်တဦး ဆိအယ်။ သူဟ သူတော်ကောင်းဖြစ်လျက် ဘုရားသခင်ရဲ့ နိုင်ငံတော်တည်မဲ့ အချိန်ဟို စောင့်မျော်လျက် နေအယ်။ သူဟ တရားလွှတ်တော် အဖွဲ့ဝင်ဖြစ်သော်လည်း တရားလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ချက်ဟို သဘောမတူခဲ့ပေ။


မိမိအလိုအလျောက် ဟောပြောသောသူဟ မိမိရဲ့ ဘုန်းအသရေဟို ဆှာတတ်အယ်၊ အဲလိုလဲ မိမိဟို စေလွှတ်သောသူရဲ့ ဘုန်းအသရေဟို ဆှာသောသူဟတော့ ဖြောင့်မန်သောသူဖြစ်ပင်း အဲသူနှိုက် အမား မဆိ။


အဲသူလို့ဟလည်း “တပ်မှူးကောနေလိဟ ငါလို့အား စေလွှတ်အယ်” ဟု ပြန်ဖြေအယ်။ “ဘုရားသခင်ရဲ့ ခေါန်းခင်တမန်ဟ သူ့အား နင့်ဟို မိမိနေအိုင်ဟို ဖိတ်ခေါ်ယွေ့ နင့်ဆေမှ တရားစကားဟို နားထောင်ရန် ပြောခဲ့အယ်။ သူဟ ဖြောင့်မတ်ယွေ့ ဘုရားသခင်ဟို ကြောက်ရွံ့သောသူ ဖြစ်ပင်း ယုဒလူမျိုးအားလုံးလို့ရဲ့ လေးစားခံရသောသူလည်း ဖြစ်အယ်” ဟု ဆိုကြအယ်။


“အေးမြို့မှာ အာနနိလို့ နာမယ်ဆိလဲ့ လူတယောက် ဆိအယ်။ သူဟ ပညတ်တရားဟို နာခံယွေ့ ဘုရားဝတ်နှိုက် မွေ့လျော်တဲ့သူ ဖြစ်ပင်း ဒမာသက်မြို့ဆိ ယုဒအမျိုးသား အပေါင်းလို့ရဲ့ ရိုသေလေးစားခြင်းဟိုလည်း ခံရအယ်။


အဲလိုမို့ ငါ့ မိတ်ဆွေလို့၊ နင်လို့အထဲမှ ဝိညာဉ်တော်နဲ့ လည်းကောင်း၊ ဉာဏ်ပညာနဲ့ ပြေ့ဝယွေ့ ဂုဏ်သတင်းကောင်းသော လူခုနေဦးဟို ရွေးချယ်ကြလော့။ ငါလို့ဟ အေးသူလို့ဟို ဟေတာဝန်အတွက် ခန့်ထားမယ်၊


နေ့ရဲ့ အလင်းနှိုက် နေသော လူများအနေဖြင့် ငါလို့ဟ မိမိကိုယ်ကို မန်ကန်စွာ ပြုမူကြပါစို့၊ ပွဲလုပ်ခြင်း၊ သောက်စားမူးယဇ်ခြင်း၊ အကျင့်ယိုယွင်းခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ ရန်ဖြစ်ခြင်းနဲ့ မနာလိုခြင်းလို့ဟို ဆှောင်ကြစို့။


အကျောန်းမှာ အကောင်းလုပ်ဆောင်သောသူဟ အာဏာပိုင်များဟို ကြောက်နေစရာ မလို၊ အဲလိုလဲ အမားလုပ်သောသူဟပဲ ကြောက်စရာလိုအယ်။ အာဏာဆိသူဟို ကြောက်ရွံ့ခြင်းမှ လွတ်မြောက်လိုသလော။ မန်သောအရာဟို လုပ်လော့၊ အေးလို့လုပ်ရင် သူဟ နင့်ဟို ချီးမွန်းလိမ့်မယ်။


အဲလိုမို့ အေးနည်းအားဖြင့် ခရစ်တော်ရဲ့ အစေဟို ခံသောသူအား ဘုရားသခင် နှစ်သက်ပင်း လူလို့တွင်လည်း အသိအမှတ်ပြုကြအယ်။


အတွင်းသဘောအားဖြင့် ယုဒလူမျိုးဖြစ်သောသူသာလျှင် ယုဒလူမျိုး အစစ်အမန်ဖြစ်ပင်း အက္ခရာတင်ထားသော တရားအားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့် ဖြစ်သော စိတ်နေလုံးရဲ့ အရေဖျားလှီးခြင်းပင် အရေဖျားလှီးခြင်း အစစ်အမန် ဖြစ်အယ်။ အေးလို့သော သူဟ လူလို့ဆေမှ မဟုတ်ဘဲ ဘုရားသခင်ဆေမှ ချီးမွန်းခြင်းဟို ခံရအယ်။


အဲလိုမို့ သခင်ဘုရား ကြွလာမမူမီ စလိုအရာဟိုမျှ အချိန်မတန်ဘဲ မစီရင်ကြနဲ့။ အဲသခင်ဟ မိုက်ထဲနှိုက် အောန်းထားသောအရာလို့ဟို အလင်းဟို ယူဆောင်လာပင်း စိတ်နေလုံး အကြံစည်လို့ဟို ထင်ဆှားစေလိမ့်မယ်။ အဲအခါ လူအသီးသီးလို့ဟ ဘုရားသခင်ဆေမှ ချီးမွန်းခြင်းဟို ခံရကြလိမ့်မယ်။


နင်လို့ဟ မကောင်းသောအမှု တစုံတခုဟိုမျှ မပြုမဲ့အကျောန်း ဘုရားသခင်ဆေ ငါလို့ ဆုတောင်းကြအယ်။ ဟေသို့ဆိုခြင်းဟ စုံစမ်းစစ်ဆေးခြင်းဟို ငါလို့ အောန်မြင်ကျောန်း ထင်ဆှားစေရန်အတွက် မဟုတ်ဘဲ ငါလို့ဟ စစ်ဆေးခြင်းနှိုက် ကျရှုံးသောသူများလို ဖြစ်ကြရင် နင်လို့ဟ ကောင်းသောအမှုဟို ပြုနိန်ရန်အတွက် ဖြစ်အယ်။


ငါလို့ဟ ချီးမြှောက်ခြင်းနဲ့ ရှုတ်ချခြင်းဟို ခံရကြအယ်၊ ကဲ့ရဲ့ခြင်းနဲ့ ချီးမွန်းခြင်းဟို ခံရကြအယ်။ ငါလို့ဟ မုသာလို ဆက်ဆံခံရသော်လည်း၊ ငါလို့ဟ အမန်တိုင်း ပြောတတ်အယ်။


ဧဝံဂေလိတရား ဟောပြောခြင်းအတွက် တိတုနဲ့အတူ အသင်းတော်အားလုံးတွင် ရမ်းဆာ့လေးစားခံရသော ညီအကိုဟို ငါလို့ စေလွှတ်လိုက်ပါအယ်။


သခင်ဘုရားရဲ့ ဆေ့နှိုက် သာမက လူလို့ရဲ့ ဆေ့နှိုက်လည်း လျောက်ပတ်မန်ကန်လဲ့အမှုဟိုသာ ပြုရန် ရည်ရွယ်ချက် ဆိကြအယ်။


အဲလိုလဲ ဝိညာဉ်တော်ရဲ့ အသီးအပွင့်ဟ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ဆှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာဆိခြင်း၊


အေးကျောန့်၊ ငါလို့ဆိသမျှဟ တခုတည်းသော ကိုယ်အင်္ဂါဖြစ်သောကျောန့်၊ နင်လို့ဟ မုသာစကားကို ပယ်ဆှင်းယွေ့ ကိုယ်နဲ့စပ်ဆိုင်သောသူအား အမန်အတိုင်း ပြောဆိုရမယ်။


အကျောန်းမှာ အလင်းရဲ့ အသီးအပွင့်ဟ ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာတရားလို့ ဖြစ်အယ်။


အေးကျောန့် သမ္မာတရားဖြင့် နင်လို့ဟ ခါးဟိုစည်းလျက် ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာဟို ဝတ်ဆင်ကာ အသင့်နေကြလော့။


နောက်ဆုံးအနေဖြင့် ဆိုရရင်၊ ငါ့ညီအကို မောင်နှမလို့၊ သခင်ဘုရားနှိုက် ဝမ်းမြောက်ကြလော့။ နင်လို့ဆေဟို တူညီသောအကျောန်းများဟို ထပ်ယွေ့ ရေးသားခြင်းဟ ငါ့အတွက် ပင်ပန်းစရာ မဟုတ်ဘဲ နင်လို့အတွက် လုံခြုံစေရန် ဖြစ်အယ်။


နင်လို့ ရဆိလဲ့ အခွင့်ကောင်း မန်သမျှဟို အသုံးပြုကာ မယုံကြည်သောသူလို့အား ပညာသတိနဲ့ ဆက်ဆံကြလော့။


အေးနည်းလမ်းအားဖြင့် နင်လို့ဟ မယုံကြည်သူများရဲ့ လေးစားမှုဟို ရဆိမယ်ဖြစ်ပင်း နင်လိုအပ်တဲ့အရာအတွက် စသူ့ဟိုမှ အားကိုးနေစရာ မလိုဝူး။


ငါလို့ဟ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းနဲ့ တည်ကြည်လေးနက်ခြင်း အပြေ့အဝဆိလျက် အေးချမ်းတည်ငြိမ်စွာ အသက်ဆှင်နေထိန်ရန် ဖြစ်အယ်။


အဲတိုင်းတိုင်း သူလို့ရဲ့ ပေါင်အိုမလို့ဟလည်း တည်ကြည်လေးနက်သောသူများ ဖြစ်ရမယ်၊ ကုန်းချောတတ်သောသူ မဟုတ်ဘဲ သမ္မာသတိဆိသောသူ၊ ခပ်သိမ်းသောအရာလို့နှိုက် သစ္စာဆိသောသူ ဖြစ်ရမယ်။


သူဟ မိမိရဲ့ အိုင်ထောင်ဟို ကောင်းစွာ အုပ်ထိန်းနိန်လျက် လူပဲ့သူငယ်များရဲ့ နာခံလေးစားမှုဟို ရဆိသူ ဖြစ်ရမယ်။


နင်ရဲ့ အသက်အရွယ်နုပျိုခြင်းဟို စသူမျှ မထီမဲ့မြင် မပြုစေနဲ့၊ နင်ရဲ့ အပြောအဆို၊ အသက်ဆှင်နေထိန်မှု၊ ချစ်ခြင်း၊ ယုံကြည်ခြင်းနဲ့ သန့်ဆှင်းခြင်းနှိုက် ယုံကြည်သူလို့အတွက် စံနမူနာ ဖြစ်လော့။


အဲ့အပြင် ကောင်းသောအကျင့်ဟို ကျင့်ယွေ့ အသရေဆိသူ ဖြစ်ရမယ်၊ မိမိရဲ့ လူပဲ့သူငယ်များဟို ကောင်းစွာ ပြုစုစောင့်ဆှောက်သူ၊ ဧည့်ဝတ်ကျေပွန်သူ၊ သန့်ဆှင်းသူလို့အား ကူညီသူ၊ ဒုက္ခရောက်သောသူလို့အား ကူညီမစသူ၊ ကောင်းသောအမှုဆိသမျှလို့ဟို ကြိုးစားလုပ်ဆောင်ခဲ့သူ ဖြစ်ရမယ်။


အသက်ကြီးသော မိန်းမလို့ဟို တို့မေ့လို လည်းကောင်း၊ ငယ်ရွယ်သောမိန်းမလို့ဟို သန့်ဆှင်းသော စိတ်အပြေ့အဝဖြင့် နှမလို လည်းကောင်း မှတ်ယွေ့ တိုက်တွန်းနှိုးဆော်လော့။


ဧည့်ဝတ်ကျေပွန်သောသူ၊ ကောင်းသောအရာဟို နှစ်သက်သောသူ၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိန်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ဆှင်းသောသူနဲ့ စည်းကမ်းဆိသောသူ ဖြစ်ရမယ်။


ခရစ်တော်ဟ ငါလို့ဟို ခပ်သိမ်းသော တရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နဲ့ ကောင်းသောအမှုနှိုက် စိတ်အားထက်သန်လဲ့ မိမိပိုင်သော လူမျိုးဟို မိမိအတွက် သန့်ဆှင်းစေရန် ငါလို့အတွက် မိမိကိုယ်ကို စွန့်အယ်။


အသက်ကြီးသော ယောက်ျားလို့အား သမ္မာသတိဆိရန်၊ တည်ကြည်လေးနက်ရန်၊ ဣန္ဒြေစောင့်ကြရန်နဲ့ ယုံကြည်ခြင်း၊ ချစ်ခြင်းနဲ့ သည်းခံခြင်းလို့နှိုက် မန်ကန်ပြေ့စုံမှုဆိစေရန် သွန်သင်လော့။


အရာရာနှိုက် ကောင်းသော လုပ်ဆောင်မှုရဲ့ ပုံစံနမူနာဟို နင်တတ်တိုင်းပြလော့။ သွန်သင်ရာတွင် သမာဓိနဲ့ တည်ကြည်လေးနက်ခြင်း ဆိလျက်၊


ငါလို့ရဲ့ လူများဟလည်း အသီးမသီးသောသူ မဖြစ်မဲ့အကျောန်း အရေးတကြီး လိုအပ်သော အရာများအတွက် ကောင်းသောအမှုလို့ဟို ပါဝင်လုပ်ဆောင်ရန် သင်ယူကြရမယ်။


ယုံကြည်ခြင်းကျောန့် ဆေ့လူလို့ဟ ဘုရားသခင်ရဲ့ ချီးမွန်းခြင်းဟို ခံရကြအယ်။


ငါလို့အတွက် ဆုတောင်းပေးကြလော့။ အကျောန်းမှာ ငါလို့နှိုက် ကြည်လင်သော အသိစိတ် ဆိကြတာဟု ငါလို့ ယုံကြည်စိတ်ချလျက် အရာရာနှိုက် လျောက်ပတ်စွာ အသက်ဆှင်နေထိန်ရန် အလိုဆိကြအယ်။


ခမည်းတော် ဘုရားသခင်ဆေ့နှိုက် စင်ကြယ်ယွေ့ ညစ်ညူးခြင်း ကင်းသော ဘာသာတရား ကိုင်းရှိုင်းမှုဆိုတာဟ ဆင်းရဲဒုက္ခခံရသော မိဘမဆိလဲ့ လပဲ့သငယ်များနဲ့ မုဆိုးမလို့ဟို ကျေ့ရှုခြင်း၊ လောကီအညစ်ကြေးလို့နဲ့ ကင်းစင်စေရန် မိမိတတ်တိုင်း စောင့်ထိန်းခြင်း ဖြစ်အယ်။


အားပေမဲ့ အထက်အရပ်မှ လာလဲ့ ပညာဟ ပထမနေဖြင့် သန့်ဆှင်းစင်ကြယ်အယ်။ အဲပင်းရင် ငြိမ်းချမ်းသော သဘော၊ နူးညံ့သိမ်မွေ့မှု၊ ခင်မင်မှုလို့ဟို ပြုစုတတ်အယ်။ ၎င်းဟ ကရုဏာနဲ့ ပြေ့စုံကြွယ်ဝယွေ့ ကောင်းမြတ်လဲ့ အကျင့်များတည်းဟူသော အသီးအပွင့်လို့ဟို ဖြစ်ပွားစေတတ်အယ်။ အဲပြင် မျက်နှာမလိုက်တတ်၊ ဟန်ဆောင်မှုနဲ့ ကင်းအယ်။


နင်လို့ဟ သမ္မာတရားဟို နားထောင်ခြင်းအားဖြင့် နင်လို့ရဲ့ စိတ်ဝိညာဉ်များဟို သန့်ဆှင်းစင်ကြယ်စေကြပင်း ဟန်ဆောင်မှု ကင်းလဲ့ ညီအကိုချင်းချစ်သော မေတ္တာဟို ရဆိကြအယ် ဖြစ်ယွေ့ ရိုးသားလဲ့ နေလုံးသားဖြင့် အချင်းချင်း ခိုင်မြဲစွာ ချစ်ကြလော့။


ဘုရားဟို မသိသော သူလို့အလယ်တွင် ကောင်းစွာ အသက်ဆှင် နေထိန်ကြလော့။ အေးလို့လုပ်ရင် သူလို့ဟ နင်လို့ဟို မကောင်းမှုပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုပေမဲ့လည်း နင်လို့ရဲ့ ကောင်းသောအမှုဟို မျော်ယွေ့ ဘုရားသခင် ကြွလာသော နေ့ရက်နှိုက် ဘုန်းတော်ဟို ချီးမွန်းကြလိမ့်မယ်။


ချစ်ခြင်းမေတ္တာဟ ရမ်းဆာ့သော အပစ်လို့ဟို ဖုံးအုပ်တတ်တာ ဖြစ်ယွေ့ ခပ်သိမ်းသော အရာလို့ထက် အချင်းချင်းကြားနှိုက် ခိုင်မြဲစွာ ချစ်ခြင်းမေတ္တာနဲ့ ချစ်ကြလော့။


ချစ်လှစွာသော မိတ်ဆွေလို့၊ အခု ဟေဒုတိယစာဟို ငါ ရေးလိုက်အယ်။ ငါဟ ဟေစာ နေစောင်လုံးတွင် နင်လို့ဟို သတိပေး နှိုးဆော်ခြင်းအားဖြင့် နင်လို့ရဲ့ ဖြူစင်သော စိတ်နေလုံးဟို နိုးကြားတက်ကြွစေအယ်။


လူပဲ့သငယ်လို့၊ ငါလို့ဟ စကားနဲ့ စလောင်အားဖြင့်သာ မဟုတ်ဘဲ လုပ်ဆောင်မှုနဲ့ သမ္မာတရားလို့အားဖြင့် ချစ်ကြကုန်စို့။


ကိုယ်တော်နှိုက် အေးလို မျော်လင့်ထားသောသူတိုင်းဟ ကိုယ်တော် သန့်ဆှင်းစင်ကြယ်လဲ့အတိုင်း မိမိတတ်တိုင်း သန့်ဆှင်းစင်ကြယ် စေတတ်အယ်။


ချစ်ရသောသူလို့၊ ဝိညာဉ်တော် ခံယူရဆိတာဟု ဆိုသူတိုင်းဟို မယုံကြနဲ့။ သူလို့ ခံယူရဆိလဲ့ဆိုသော ဝိညာဉ်တော်ဟ ဘုရားသခင်ဆေမှ ဆင်းသက်လာလဲ့ ဝိညာဉ်တော် ဟုတ် မဟုတ် စစ်ဆေးကြလော့။ ပစာကို့ မိစ္ဆာပရောဖက်များဟ ဟေလောကဟို သွားကြပီ။


Lean sinn:

Sanasan


Sanasan