3 ငါလို့ဟ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ဟို ကိုးကွယ်ယွေ့ ဇာတိပကတိနှိုက် ကိုးစားခြင်း မဆိဘဲ ယေရှု ခရစ်နှိုက်သာ ဝါကြွားဝမ်းမြောက်သောသူ ဖြစ်ယွေ့ မန်သော အရေဖျားလှီးခြင်းဟို ခံသောသူ ဖြစ်ကြအယ်။
ဟေအကျောန်းအရာနဲ့ ပတ်သက်ယွေ့ ငါ့အတွက် သက်သေခံပေးသူမှာ သားတော်ရဲ့ သတင်းကောင်းဟို ဟောပြောခြင်းနှိုက် စိတ်နေလုံး အကြွင်းမဲ့ အစေခံသော ဘုရားသခင်ဟ ငါ့ရဲ့ သက်သေ ဖြစ်အယ်။
ခရစ်တော် ယေရှုအားဖြင့် တလုံးတဝတည်းဆိရင် ဘုရားသခင်ရဲ့ အစေခံခြင်းဟို ဂုဏ်ယူနိန်အယ်။
အခု ငါလို့ဟို တုတ်ချေထားလဲ့ ပညတ်တရားအရာနှိုက် သေဆုံးခဲ့ကြပင်း ပညတ်တရားမှ လွတ်မြောက်ခွင့်ရကြပီ ဖြစ်ယွေ့ အက္ခရာတင်ထားသော တရားရဲ့ နည်းလမ်းဟောင်းအားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်ရဲ့ နည်းလမ်းသစ်အားဖြင့် အစေခံလျက် ဆိကြအယ်။
နင်ရဆိသော ဝိညာဉ်တော်ဟ နင့်အား ကျွန်အဖြစ် ပစ်မထားပါ။ နင်လို့ဟ တဖန် ကြောက်တတ်သော စိတ်လည်း ဆိစေတာ မဟုတ်ဘဲ၊ နင်ရဆိထားသော ဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် နင်လို့ဟ လူပဲ့သငယ်များ ဖြစ်စေပင်း “အဗ္ဗ၊ အဖ” ဟု ငါလို့ ခေါ်ကြအယ်။
အထက်အရာ ဖြစ်စေ၊ အောက်အရာ ဖြစ်စေ၊ ဖန်ဆင်းထားသော စလိုအရာပင် ဖြစ်စေ၊ ငါလို့ သခင် ခရစ်တော် ယေရှုအားဖြင့် ခံရသော ဘုရားသခင်ရဲ့ မေတ္တာတော်နဲ့ ငါလို့ဟို မကွာစေနိန်ဟု ငါဟ အမန် သိအယ်။
ဘုရားသခင်ရဲ့ စကားဟ ပျက်သွားမှာ မဟုတ်။ အကျောန်းမှာ ဣသရေလလူမျိုး ဆက်နွယ်သော သူအားလုံးလို့ဟ ဣသရေလလူ အမန် မဟုတ်။
အားပေမဲ့ လူ့အကျောန်းပြချက် သက်သက်အတွက် ဝါကြွားသူတွေ အများကြီးဆိတာကျောန့် ငါလည်း အေးလိုဘဲ လုပ်မယ်။
ဝိညာဉ်တော်ဟ ငါလို့ဟို အသက်ပေးအယ်၊ ငါလို့ရဲ့ဖဝါ့ဟို သူလည်း ထိန်းချုပ်ရမယ်။
ဟေနည်းဥပဒေကို လိုက်နာသူတိုင်း ဘုရားသခင်ရဲ့ လူမျိုးတော်လို့နှိုက် ငြိမ်သက်ခြင်းနဲ့ ကရုဏာဟ ဆိပါစေ။
ဟေအရာအားလုံးကို ဆုတောင်းခြင်းဖြင့် ဘုရားရဲ့ အကူအညီဟို တောင်းကြလော့။ ဝိညာဉ်တော် လမ်းပြလဲ့အတိုင်း ဆုတောင်းကြလော့။ အေးအကျောန်းကျောန့် နိုးနိုးကြားကြားဆိလျက် အရှုံးမပေးပဲ ဘုရားသခင်ရဲ့ လူများအတွက် အမြဲ ဆုတောင်းကြလော့။
ခရစ်တော် ယေရှုရဲ့ အစေခံများဖြစ်လဲ့ ပေါလုနဲ့ တိမောသေလို့ဆေမှ — ဖိလိပ္ပိမြို့တွင် နေထိန်ကြသော သင်းအုပ်များနဲ့ သင်းထောက်လူကြီးများမှစယွေ့ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဖြစ်ကြသော ဘုရားသခင်ရဲ့ လူမျိုးနွယ်အပေါင်းလို့ ဆေဟို စာရေးလိုက်ပါအယ်၊
ငါဟ အဲဆုဟို ရဆိပီ အဲဟာမဟုတ်ရင် စုံလင်ခြင်းသို့ ရောက်ပီဟု ဆိုလိုတာမဟုတ်ဘဲ ခရစ်တော် ယေရှုဟ အဲဆုအတွက် ငါ့ဟို ဖမ်းကိုင်ထားတာဖြစ်ယွေ့ ငါဟလည်း အဲဆုဟို ဖမ်းကိုင်နိန်ရန် ကြိုးစားလျက် ဆိအယ်။
အဲလိုမို့ ခရစ်တော် ယေရှုအားဖြင့် အထက်အရပ်သို့ ဘုရားသခင် ခေါ်ယူယွေ့ ပေးမဲ့ဆုဟို ရဆိရန် ပန်းတိုင်သို့ ကြိုးစားယွေ့ ငါပြေးအယ်။
ကိုယ်တော်နဲ့ တလုံးတဝတည်း ဖြစ်လာကြသောအခါ နင်လို့ဟ ဇာတိသဘောမှ လွတ်မြောက်ခြင်း တည်းဟူသော အရေဖျားလှီးခြင်းဟို ခံယူကြအယ်၊ ဟေအရေဖျားလှီးခြင်းဟ ကိုယ်ကာယနဲ့ဆိုင်သော အရေဖျားလှီးခြင်း မဟုတ်၊ ခရစ်တော်ပြုလုပ်လဲ့ အရေဖျားလှီးခြင်း ဖြစ်အယ်။
အဲလိုလဲ ချစ်လှစွာသော သူလို့ နင်လို့ဟ မိမိလို့ရဲ့ ရမ်းဆာ့သန့်ဆှင်းသော ယုံကြည်ခြင်းအပေါ်နှိုက် မိမိလို့ကိုယ်ဟို တည်ဆောက်လျက် သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် ဆုတောင်းကြလော့။