21 လူအပေါင်းလို့ဟ ကိုယ့်အကျိုးဟိုသာ ဆှာကြအယ်။ ယေရှု ခရစ်တော်ရဲ့ အကျိုးဟို မဆှာကြ။
အဲပင်းရင် ယေရှုဟ တဘဲ့တော်လို့အား “စသူမဆို ငါ့တဘဲ့ဖြစ်ချင်ရင် ကိုယ့်ကိုယ်ဟို ငြင်းပယ်ပင်း သူလို့ဟ ကိုယ့်လက်ဝါးကပ်တိုင်ဟို ထမ်းယွေ့ ငါ့နောက်ဟို လိုက်ရမယ်။
“ငါ့ဆေဟို လာသောသူလို့ဟ ငါ့ဟို ချစ်တာထက် တို့မေနဲ့ တို့ဖ၊ ပေါင်အိုမနဲ့ သားသမီး၊ ညီအကိုနဲ့ မောင်နှမနဲ့ မိမိတတ်တိုင်း ပိုယွေ့ ချစ်သောသူဟ ငါ့တဘဲ့ မဖြစ်နိန်။
ပေါလုနဲ့ အပေါင်းအဖော်များဟ ပါဖုမြို့မှ သင်္ဘောလွှင့်ယွေ့ ပမ်ဖုလိပြေ ပေရဂေမြို့သို့ ရောက်ပင်း အဲမှာ မာကုဟု ခေါ်လဲ့ ယောဟန်ဟ သူလို့နဲ့ ခွဲခွာယွေ့ ယေရုရှလင်မြို့ဟို ပြန်လေအယ်။
အဲလိုလဲ ပေါလုဟ ပမ်ဖုလိပြေတွင် သူလို့ဆေမှ ထွက်ခွာသွားသောကျောန့် အမှုတော် ထမ်းဆောင်ရာသို့ သူလို့နဲ့အတူ မလိုက်ခဲ့သောသူဟို မခေါ်သွားသင့်ဟု မှတ်ယူအယ်။
စသူမျှ ကိုယ်အကျိုးဟို မဆာကြစေနဲ့။ သူတပါးရဲ့ အကျိုးဟိုသာ ဆာစေ။
နင်လို့ဟလည်း ငါ့လို ပြုကြလော့။ ငါဟ လူလို့ ကယ်တင်ခြင်း ခံရစေရန် မိမိပြုသမျှသော အမှုလို့တွင် ကိုယ့်အကျိုးဟို ငဲ့ယွေ့ သူလို့ နှစ်သက်အောန် ပြုအယ်။
မလျောက်ပတ်စွာ မကျင့်တတ်၊ ကိုယ့်အကျိုးဟို မဆာတတ်၊ ဒေါသအမျက် မထွက်တတ်၊ အပစ်ဆိအယ်ဟု မထင်တတ်။
အကျောန်းမှာ ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခများဟ ငါလို့နှိုက် များပြားသလို၊ ခရစ်တော်အားဖြင့် ငါလို့ ခံစားရသော နှစ်သိမ့်မှုဟလည်း များပြားလအယ်။
မိမိအကျိုးဟိုသာ မကျေ့ရှုဘဲ သူတပါးရဲ့ အကျိုးဟိုလည်း ကျေ့ရှုကြလော့။
နင်သိဆိလဲ့အတိုင်း အာရှိပြေနှိုက်ဆိသော သူအားလုံးလို့ဟ ငါ့ဟို စွန့်ပယ်ကြပီ၊ အဲသူလို့တွင် ဖုဂေလုနဲ့ ဟေရမောဂင်လို့လည်း ပါအယ်။
အကျောန်းမှာ လူလို့ဟ မိမိတတ်တိုင်း ချစ်သောသူ၊ ပိတ်ဆန်ဟို တပ်မက်စွဲလန်းသောသူ၊ ဝါကြွားသောသူ၊ မာနထောင်လွှားသောသူ၊ စော်ကားပြောဆိုသောသူ၊ မိဘစကားဟို နားမထောင်သောသူ၊ ကျေးဇူးမသိသောသူနဲ့ မသန့်ဆှင်းသောသူ၊
ဒေမဟ ဟေလောကဟို စွဲလမ်းသဖြင့် ငါ့ဟို စွန့်ခွာယွေ့ သက်သာလောနိတ်မြို့ဟို ထွက်ခွာသွားလေပီ။ ကရက္ကေဟ ဂလာတိပြေ လည်းကောင်း၊ တိတုဟ ဒါလမာတိပြေဟို လည်းကောင်း သွားကြပီ။
ငါ့ရဲ့အမှုအတွက် ပထမအကြိမ် ချေပပြောဆိုရာတွင် စသူမျှ ငါ့ဘက်နှိုက် မနေဘဲ အားလုံးဟ ငါ့ဟို စွန့်ပစ်ကြအယ်။ အဲသူလို့ ဟေလိုပြုကြတာဟို အဲသူလို့ရဲ့ အပစ်အား ဘုရားသခင် မှတ်တော်မမူပါစေနဲ့၊