Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဖိလိပ္ပိ 1:9 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

9 နင်လို့ရဲ့ ချစ်ခြင်းမေတ္တာဟ စစ်မန်သော အသိပညာနဲ့ ထိုးထွင်းသော ဉာဏ်အမျိုးမျိုးလို့နှိုက် ပိုယွေ့ပိုယွေ့ ပြေ့စုံလာကြရန် နင်လို့အတွက် ငါ ဆုတောင်းအယ်။

Faic an caibideil Dèan lethbhreac




ဖိလိပ္ပိ 1:9
19 Iomraidhean Croise  

ညီအကို မောင်နှမလို့၊ နင်လို့ဟ စဉ်းစားဆင်ခြင်မှုတွင် လူပဲ့သငယ်များလို မဖြစ်ကြနဲ့။ မတရားသောအမှုနှိုက် လူပဲ့သငယ်များလို ဖြစ်ကြလော့။ အားပေမဲ့ စဉ်းစားဆင်ခြင်မှုတွင်မူ အသက်ရွယ် ရင့်ကျက်သူများ ဖြစ်ကြလော့။


နင်လို့ဟ ယုံကြည်ခြင်း၊ ဟောပြောခြင်း၊ အသိပညာ၊ ကူညီဖို့ စိတ်အားထက်သန်မှုနဲ့ ငါလို့အတွက် နင်လို့ရဲ့ ချစ်ခြင်းဟ အရာရာနှိုက် ကြွယ်ဝပြေ့စုံကြအယ်။ အဲကျောန့် ငါလို့ဟ ချစ်ခြင်းပေးခြင်းအမှုမှာ နင်လို့ဟို ရက်ရက်ရောရော ဖြစ်စေချင်အယ်။


အေးကျောန့် မရူးမိုက်ပဲ သခင်ဘုရားရဲ့အလိုတော်ဟ စလိုအရာဖြစ်တာဟို နားလည်ကြလော့။


အဲအကျောန်းကျောန့် နင်လို့ရဲ့ သတင်းဟို ကြားရလဲ့နေ့မှစယွေ့ ငါလို့ဟ နင်လို့အတွက် အစဉ်မပြတ် ဆုတောင်းလျက် နေအယ်။ နင်လို့ဟ ဝိညာဉ်တော် ချပေးသော ဉာဏ်ပညာ၊ သိနားလည်မှု အလုံးစုံလို့နဲ့ ပြေ့စုံသဖြင့် ဘုရားသခင်ရဲ့ အလိုတော်ဟို ကောင်းစွာ သိဆိကြစေရန် ဘုရားသခင်အား ငါလို့ ဆုတောင်းကြအယ်။


လူသစ်ဟို ဝတ်ဆင်ကြလေပီ။ ဖန်ဆင်းသောသူရဲ့ ပုံသဏ္ဌာန်နဲ့အညီ မန်သော အသိပညာအားဖြင့် အသစ်ပြုပြင်လျက် နေအယ်၊ ဟေသို့ပြုခြင်းမှာ နင်လို့ဟ ကိုယ်တော်ဟို ပြေ့ဝစုံလင်စွာ သိကျွမ်းလာကြစေရန် ဖြစ်အယ်။


ငါလို့ဟ နင်လို့ဟို ချစ်သလိုမျိုး နင်လို့ဟလည်း အချင်းချင်းချစ်သော မေတ္တာနှိုက် လည်းကောင်း၊ လူအပေါင်းလို့ဟို ချစ်သော မေတ္တာနှိုက် လည်းကောင်း၊ တိုးပွားယွေ့ ကြွယ်ဝပြေ့စုံမဲ့အကျောန်း သခင်ဘုရား ပြုပါစေသော။


နောက်ဆုံးအနေနဲ့ ညီအကိုလို့၊ နင်လို့ဟ ဘုရားသခင် နှစ်သက်စေရန် နင်စလိုနေထိန်ရမယ်ဟို ငါလို့ဆေမှ သင်ယူခဲ့အယ်။ အေးစာဟ သေချာပင်း နင်နေထိန်ခဲ့တဲ့ နည်းလမ်း ဖြစ်အယ်။ အားပင်း အခုလည်း သခင် ယေရှုရဲ့ နာမတော်နှိုက် နင်လို့အား ငါလို့ တောင်းပန် တိုက်တွန်းနှိုးဆော်အယ်။


ငါ့ညီအကိုလို့၊ ငါလို့ဟ နင်လို့အတွက် ဘုရားသခင်ဟို အမြဲတမ်း ကျေးဇူးတင်ရမယ်။ အေးလို့ လုပ်ခြင်းဟလည်း မန်ကန်အယ်။ ပစာကို့ နင်လို့ရဲ့ ယုံကြည်ခြင်းဟ ရမ်းဆာ့ တိုးပွားယွေ့ အချင်းချင်းအပေါ်နှိုက် ထားသော နင်လို့တဦးချင်း ချစ်ခြင်းမေတ္တာဟလည်း ပွားများလျက် ဆိအယ်။


ခရစ်တော်အတွက် ငါလို့နှိုက်ဆိလဲ့ ကောင်းသော အရာအားလုံးလို့ဟို သိခြင်းအားဖြင့် နင့်ရဲ့ ယုံကြည်ခြင်းနဲ့ဆိုင်သော မိတ်သဟာယ ဖွဲ့ခြင်းဟ ထိရောက်မှုဆိသောအရာ ဖြစ်လာစေရန် ငါဆုတောင်းအယ်။


မာသောအစာဟ အရွယ်ရောက်ပင်း သူလို့အတွက် ဖြစ်အယ်၊ သူလို့ဟ လေ့ကျင့်မှုအားဖြင့် အကောင်း အဆိုးဟို ပိုင်းခြားယွေ့ သိဆိသူများ ဖြစ်ကြအယ်။


နင်လို့ဟ သမ္မာတရားဟို နားထောင်ခြင်းအားဖြင့် နင်လို့ရဲ့ စိတ်ဝိညာဉ်များဟို သန့်ဆှင်းစင်ကြယ်စေကြပင်း ဟန်ဆောင်မှု ကင်းလဲ့ ညီအကိုချင်းချစ်သော မေတ္တာဟို ရဆိကြအယ် ဖြစ်ယွေ့ ရိုးသားလဲ့ နေလုံးသားဖြင့် အချင်းချင်း ခိုင်မြဲစွာ ချစ်ကြလော့။


ငါလို့ သခင်ဘုရားနဲ့ ကယ်တင်ဆှင်ဖြစ်သော ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်နှိုက် လည်းကောင်း၊ ကိုယ်တော်ဟို သိသောဉာဏ်နှိုက် လည်းကောင်း ကြီးထွားကြလော့။ အခုမှစပင်း ထာဝရ နေ့ရက်ကာလတိုင်အောန် ကိုယ်တော်နှိုက် ဘုန်းအသရေ ဆိပါစေသော။ အာမင်။


Lean sinn:

Sanasan


Sanasan