Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဖိလိပ္ပိ 1:26 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

26 အဲလိုမို့ ငါဟ နင်လို့နဲ့ တဖန် နေခွင့်ရသောအခါနှိုက် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဖြစ်သူ နင်လို့ဟ ငါ့အတွက်ကျောန့် ပိုယွေ့ပင် ဂုဏ်ယူဝါကြွား နိန်ကြလိမ့်မယ်။

Faic an caibideil Dèan lethbhreac




ဖိလိပ္ပိ 1:26
14 Iomraidhean Croise  

အေးတိုင်းတိုင်း နင်လို့ဟ အခု ဝမ်းနည်းခြင်း ဆိကြသော်လည်း ငါဟ နင်လို့နဲ့ တဖန် ပြန်တွေ့မယ် ဖြစ်သောကျောန့် နင်လို့ရဲ့ စိတ်နေလုံး ဝမ်းမြောက်ခြင်းဖြင့် ပြေ့စုံကြလိမ့်မယ်၊ အေးဝမ်းမြောက်ခြင်းဟို စသူမျှ နင်လို့ဆေမှ မနုတ်ယူနိန်။


အခုတိုင်အောန် ငါရဲ့ နာမဟို အမှီပြုယွေ့ နင်လို့ဟ ပစာဆုဟိုမျှ မတောင်းကြသေး၊ နင်လို့ဟ ဝမ်းမြောက်စရာအကျောန်း စုံလင်စေခြင်းငှာ တောင်းကြလော့၊ အဲလိုတောင်းရင် ရကြလိမ့်မယ်။


ငါလို့ဟ တဖန် မိမိလို့တတ်တိုင်း နင်လို့ဆေ့နှိုက် ချီးကျူးနေကြတာ မဟုတ်၊ အားပေမဲ့ စိတ်နေလုံးနှိုက် ဆိသောအရာထက် အပြင်သဏ္ဌာန်ဟိုသာ ကျေ့ယွေ့ ဝါကြွားတတ်သော သူလို့ရဲ့ စကားဟို နင်လို့ ပြန်လည်ချေပနိန်ရန် ငါလို့နဲ့ ပတ်သက်ယွေ့ ဝါကြွားရသောအခွင့်ဟို နင်လို့အား ပေးခြင်းသာ ဖြစ်အယ်။


ငါဟ နင်လို့အကျောန်းဟို သူ့အား ဝါကြွားခဲ့သော်လည်း နင်လို့ဟ ငါ့ဟို စိတ်ပျက်စေခြင်း မဆိခဲ့။ ငါလို့ဟ နင်လို့အား မန်ကန်သောအရာဟို အစဉ်အမြဲ ပြောခဲ့လဲ့နည်းတူ တိတုဟို ငါလို့ ဝါကြွားသောအရာဟလည်း ဟုတ်မန်ကျောန်း ထင်ဆှားခဲ့ပီ။


ငါဟ နင်လို့ဟို ရမ်းဆာ့ ယုံကြည်စိတ်ချအယ်၊ နင်လို့အတွက် ရမ်းဆာ့ ဂုဏ်ယူအယ်။ ငါဟ နှစ်သိမ့်မှုဟို အပြေ့ဝ ခံစားရယွေ့ ငါလို့ခံရသော ဆင်းရဲဒုက္ခအပေါင်းလို့နှိုက် ဝမ်းမြောက်ခြင်းနဲ့ ပြေ့ဝလျက် ဆိအယ်။


အားပေမဲ့ အားငယ်သောသူလို့ဟို နှစ်သိမ့်သော ဘုရားသခင်ဟ တိတု ရောက်ဆိလာခြင်းအားဖြင့် ငါလို့ဟို နှစ်သိမ့်ပေးအယ်။


တယောက်စီတိုင်း ကိုယ့်အကျင့်စရိုက်ဟို စစ်ဆေးသင့်တယ်။ အဲပင်းရင် နင်တတ်တိုင်း လုပ်ခဲ့တဲ့အတွက် ဂုဏ်ယူနိန်ပင်း သူများလုပ်ထားတာတွေနဲ့ နှိုင်းယှဉ်စရာ လိုဝူး။


နောက်ဆုံးအနေဖြင့် ဆိုရရင်၊ ငါ့ညီအကို မောင်နှမလို့၊ သခင်ဘုရားနှိုက် ဝမ်းမြောက်ကြလော့။ နင်လို့ဆေဟို တူညီသောအကျောန်းများဟို ထပ်ယွေ့ ရေးသားခြင်းဟ ငါ့အတွက် ပင်ပန်းစရာ မဟုတ်ဘဲ နင်လို့အတွက် လုံခြုံစေရန် ဖြစ်အယ်။


ငါလို့ဟ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ဟို ကိုးကွယ်ယွေ့ ဇာတိပကတိနှိုက် ကိုးစားခြင်း မဆိဘဲ ယေရှု ခရစ်နှိုက်သာ ဝါကြွားဝမ်းမြောက်သောသူ ဖြစ်ယွေ့ မန်သော အရေဖျားလှီးခြင်းဟို ခံသောသူ ဖြစ်ကြအယ်။


ဟေမျှအချိန်ကာလ ကြာပင်းမှ နင်လို့ဟ ငါ့အား မိမိလို့ရဲ့ စေတနာစိတ်ဟို တဖန်ပြန်ယွေ့ ပြသကြလဲ့အတွက် ငါဟ သခင်ဘုရားနဲ့ တလုံးတဝတည်းဖြစ်သူ တဦးအနေဖြင့် ရမ်းဆာ့ ဝမ်းမြောက်ပါအယ်။ မခင်ဟ နင်လို့ဟ ငါရဲ့ အပေါ်တွင် စေတနာမထားဘဲ နေခဲ့ကြတာဟု ငါမဆိုလို၊ အဲစေတနာဟို ပြသနိန်ခွင့် မရခဲ့ကျောန်းဟိုသာ ဆိုလိုအယ်။


သခင်ဘုရားနှိုက် အစဉ်အမြဲ ဝမ်းမြောက်ကြလော့။ တဖန် ငါဆိုတာဟ ဝမ်းမြောက်ကြလော့။


Lean sinn:

Sanasan


Sanasan