9 ချစ်ခြင်းမေတ္တာအားဖြင့် နင့်အား တောင်းပန်ခြင်းအမှုဟိုသာ လုပ်အယ်။ အေးလို့ လူအိုဖြစ်ပင်း အခုဟ ခရစ်တော် ယေရှုနဲ့ ဆိုင်သော အကျဉ်းသားလည်းဖြစ်လဲ့ ငါပေါလုဟ၊
ညီအကို မောင်နှမလို့၊ ဘုရားသခင်ရဲ့ ကရုဏာအားဖြင့် နင်လို့ဟို ငါ တိုက်တွန်း နှိုးဆော်လိုတာဟ နင်လို့ရဲ့ ကိုယ်ခန္ဓာဟို ဘုရားသခင် နှစ်သက်လဲ့ သန့်ဆှင်းယွေ့ အသက်ဆှင်သော ယဇ်အဖြစ် ပူဇော်ကြလော့။ ဟေဟာဟ ကိုယ်တော်အား နင်လို့ ပြုအပ်သော စစ်မန်သော ဝတ်ပြုကိုးကွယ်ခြင်း ဖြစ်အယ်။
အဲကျောန့် ဘုရားသခင်ဟ ငါလို့မှတဆင့် တိုက်တွန်းတာဖြစ်ယွေ့ ငါလို့ဟ ခရစ်တော်ရဲ့ သံတမန်များ ဖြစ်ကြအယ်။ အဲကျောန့် “ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်ကြလော” ဟု ခရစ်တော်ရဲ့ ကိုယ်စား ငါလို့ တောင်းပန်အယ်။
ငါလို့ဟ ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြတာနဲ့အညီ နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို အလကားကား မခံယူကြနဲ့ဟု နင်လို့အား တိုက်တွန်းနှိုးဆော်အယ်။
နင်လို့အားလုံးဟ ယုံကြည်ခြင်းအားဖြင့် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဆိသော ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။
အေးအကျောန်းကျောန့်၊ ငါဟ လူမျိုးခြားလို့အဖို့ ခရစ်တော် ယေရှုရဲ့ အကျဉ်းခံဖြစ်သော ပေါလုဟ ဘုရားသခင်ဆေနှိုက် ဆုတောင်းအယ်။
အေးကျောန့် သခင်ဘုရားအတွက် အကျဉ်းသားတဦးအနေနဲ့၊ နင်လက်ခံရဆိထားသော ခေါ်ခြင်းနဲ့ ထိုက်တန်သော အသက်တာဖြင့် နေထိန်ရန် နင်လို့ဟို ငါ တိုက်တွန်းပါအယ်။
ငါဟ ဟေကောင်းမြတ်သော သတင်းအတွက် သံကြိုးနဲ့ တုတ်ချေထားခြင်း ခံရသော သံတမန်ဖြစ်အယ်။ ဟေလို့ တုတ်ချေခံရသော်လည်း ငါဟ ဟောပြောသင့်လဲ့အတိုင်း ရဲရင့်စွာ ဟောပြောနိန်ရန် ဆုတောင်းပေးကြလော့။
ငါ့ဟို ခွန်အားနဲ့ ပြေ့စုံသော ငါလို့ သခင် ခရစ်တော် ယေရှုရဲ့ ကျေးဇူးတော်ဟို ငါ ချီးမွန်းအယ်၊ ပစာကို့ ကိုယ်တော်ဟ ငါ့ဟို အမှုတော် ဆောင်ရွက်ခြင်းအတွက် ခန့်ထားယွေ့ သစ္စာဆိသောသူအဖြစ် မှတ်ယူသောကျောန့် ဖြစ်အယ်။
အသက်ကြီးသော ယောက်ျားလို့အား သမ္မာသတိဆိရန်၊ တည်ကြည်လေးနက်ရန်၊ ဣန္ဒြေစောင့်ကြရန်နဲ့ ယုံကြည်ခြင်း၊ ချစ်ခြင်းနဲ့ သည်းခံခြင်းလို့နှိုက် မန်ကန်ပြေ့စုံမှုဆိစေရန် သွန်သင်လော့။
ငါဟ နင်လို့ဆေဟို လျင်မြန်စွာ ပြန်ရောက်နိန်မဲ့အကျောန်း ဆုတောင်းပေးရန် အထူး တိုက်တွန်းအယ်။
ချစ်သော မိတ်ဆွေလို့၊ နင်လို့ဟ ဧည့်သည်အာဂန္တုများ ဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ဟို ဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများဟို ဆှောင်ကြဉ်ကြရန် နင်လို့ဟို ငါ တိုက်တွန်းနှိုးဆော်အယ်။