2 ငါလို့ရဲ့ နှမ အပ္ပိ၊ ငါလို့ရဲ့ ရဲဘော်ရဲဖက် အာခိပ္ပုနဲ့ နင်ရဲ့ အိုင်နှိုက် စုဝေးသော အသင်းတော်ဆေဟို စာရေးလိုက်ပါအယ်။
ကင်ခြေမြို့ အသင်းတော်တွင် အစေခံသောသူ၊ ငါလို့ရဲ့ ညီမဖြစ်သူ ဖိဗေရဲ့ အကျောန်းဟို ငါ မိတ်ဆက် အပ်နှံလိုပါအယ်။
သူလို့ရဲ့ နေအိုင်နှိုက် တွေ့ဆုံလဲ့ အသင်းတော်ဟိုလည်း ငါနှုတ်ဆက်ပေးကြလော့။ အာရှပြေတွင် ဦးရင်ဆုံး ခရစ်တော်ဟို လက်ခံလာသူ ငါ့ရဲ့ ချစ်လှစွာသော မိတ်ဆွေ ဧပဲနပ်ဟို နှုတ်ဆက်ပေးကြလော့။
အာရှပြေ အသင်းတော်များဟ နင်လို့အား နှုတ်ဆက်ကြအယ်။ အာကုလ၊ ပြစ်ကိလနဲ့ သူလို့ နေအိုင်တွင် ဝတ်ပြုကိုးကွယ်ကြလဲ့ အသင်းဝင်များဟလည်း သခင်ဘုရားရဲ့ နာမတော်နဲ့ နှုတ်ဆက်ကြအယ်။
အဲလိုလဲ ငါ့ညီ၊ ငါရဲ့ လုပ်ဖော်ဆောင်ဖက်နဲ့ ရဲဘော်ရဲဘက် ဖြစ်လဲ့အပြင် ငါရဲ့ လိုအပ်ချက်များဟို ဖြည့်ဆည်း ဆောင်ရွက်ပေးသော နင်လို့ရဲ့ တမန် ဧပဖြောဒိတ်ဟို နင်လို့ဆေ စေလွှတ်ရန် လိုအပ်တာဟု ငါယူဆအယ်။
လောဒိကိမြို့နှိုက်ဆိသော ညီအကိုလို့ဟို လည်းကောင်း၊ နုံဖနဲ့ သူမရဲ့ နေအိုင်နှိုက် စုဝေးသော အသင်းတော်ဟိုလည်းကောင်း နှုတ်ဆက်ပေးကြလော့။
အာခိပ္ပုအား “သခင်ဘုရားနှိုက် ရဆိထားသော အမှုတော်ဆောင်ရွက်ခြင်းဟို အကုန်အစင် ဆောင်ရွက်ပါ” ဟု ပြောကြားကြလော့။