Biblia Todo Logo
Bìoball air-loidhne

- Sanasan -




မာကု 7:4 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

4 ဆေးမှ ဝယ်လာလဲ့အရာဟို အရင်မဆေးကြောရင် သူလို့ဟ ပစာအရာဟိုမျှ မစားကြ။ ပီးတော့ သင့်တော်သော နည်းလမ်းများဖြင့် အိုးများ၊ မုတ်များ၊ ကြေးဖလားများနဲ့ အိပ်ယာများဟို ဆေးကြောခြင်းနဲ့ ပတ်သက်ယွေ့၊ သူလို့ဟ ၎င်းလို့ရဆိထားသော အခြား စည်းမျဉ်းများစွာဟို လိုက်နာကြအယ်။

Faic an caibideil Dèan lethbhreac




မာကု 7:4
15 Iomraidhean Croise  

“သူတော်ကောင်းဟန်ဆောင်သူ ကျမ်းတတ်ဆရာနဲ့ ဖာရိရှဲလို့၊ နင်လို့ဟ အမင်္ဂလာဆိကြအယ်။ အကျောန်းမှာ နင်လို့ဟ ပန်းကန်ခွက်များရဲ့ အပြင်ဟို သန့်ဆှင်းအောင် ဆေးကြောကြသော်လည်း နင်လို့ရဲ့ စိတ်အတွင်းမှာဟ လောဘလွန်ကျူးမှုနဲ့ အကြမ်းဖက်မှုလို့ဖြင့် ပြည့်လျက်ဆိနေကြအယ်။


မျက်စေ့မမျော်သော ဖာရိရှဲလို့၊ မုတ်များအား အတွင်းဖက်ဟို ဦးစွာ ဆေးကြောကြလော့၊ အဲလို့လုပ်ရင် ပြင်ပဟလည်း သန့်ဆှင်းခြင်း ဆိလာလိမ့်မယ်။


ပိလတ်မင်းဟ စလိုအကျိုးမှ မဆိဘဲ ရုန်းရင်းဆန်ခတ်ဖြစ်မယ့် အရိပ်အရောင်ဟိုသာ သိမျော်လာသဖြင့် လူထုဆေ့တွင် ယေဟို ယူယွေ့ “ဟေသူရဲ့ အသွေးနဲ့ ငါဟ ကင်းဆှင်းအယ်။ နင်လို့ရဲ့ တာဝန်သာ ဖြစ်အယ်” ဟု ဆိုကာ မိမိရဲ့လက်ဟို ဆေးအယ်။


“နင်လို့ဟ ဘုရားသခင်ရဲ့ ပညတ်တော်ဟို ပယ်ယွေ့ လူလို့ရဲ့ စလေ့ထုံးတမ်းများဟို လိုက်နာအယ်” ဟု သူလို့ဟို ပြန်ပြောအယ်။


ယုဒအမျိုးသားလို့ရဲ့ ထုံးတမ်းစဉ်လာစလေ့အရ သန့်စင်မှုဟို ပြုရန် ရည်ရွယ်ချက်ဖြင့် ကျောက်အိုးကြီး ခြောက်လုံးဟို ထားအယ်၊ အဲယေအိုးတလုံးစီဟ ဂါလံနေဆယ်နဲ့ သုံးဆယ်ခန့်လောက် ဆန့်အယ်။


ယောဟန်ရဲ့ တဘဲ့အချို့လို့ဟ ထုံးတမ်းစဉ်လာစလေ့အရ သန့်ဆှင်းခြင်းအကျောန်းနဲ့ ပတ်သက်ယွေ့ ယုဒအမျိုးသားတယောက်နဲ့ စတင် အငြင်းပွားကြအယ်။


အဲအရာလို့ဟ စားစရာ၊ သောက်စရာနဲ့ ဆေးကြောသန့်စင်ခြင်း ဝတ်များနဲ့ဆိုင်အယ်။ ဟေဟာဟ ပြင်ပနဲ့ ဆိုင်လဲ့ စည်းမျဉ်းများ ဖြစ်ယွေ့ ခပ်သိမ်းသောအရာလို့ဟို ဘုရားသခင် အသစ်ပြုပြင်မဲ့ ကာလတိုင်အောန်သာ တည်ဆိနေကြအယ်။


ဘုရားသခင်ဆေဟို ချဉ်းကပ်ကြလော့။ အဲလိုပြုရင် ကိုယ်တော်ဟ နင်လို့ဆေ ချဉ်းကပ်လိမ့်မယ်။ အပစ်သားလို့၊ နင်လို့ လက်ဟို စင်ကြယ်စေကြလော့။ စိတ်နေခွဆိသောသူလို့၊ နင်လို့ စိတ်နေလုံးဟို သန့်ဆှင်းစေကြလော့။


အားပေမဲ့ ဘုရားသခင်ဟ အလင်းနှိုက် ဆိသလို ငါလို့ဟလည်း အလင်းနှိုက် အသက်ဆှင် ဆော့က်လှမ်းရင် ငါလို့ဟ အချင်းချင်းနှိုက် မိတ်သဟာယဖွဲ့ခြင်း ဆိယွေ့ ဘုရားသခင်ရဲ့ သားတော် ယေရှုရဲ့ အသွေးတော်ဟ ငါလို့ဟို အပစ်ဆိသမျှလို့မှ စင်ကြယ်စေအယ်။


Lean sinn:

Sanasan


Sanasan