3 ယေရှုဟ လက်တဖက်သေသောသူအား “လူတိုင်းဆေ့တွင် မတ်တတ်ရပ်လော့” ဟု ပြောလေအယ်။
တရားဇရပ်ထဲတွင် လက်တဖက်သေသူ လူတယောက်ဆိအယ်။ လူအချို့လို့ဟ ယေရှုဟို ပစ်တင်စွပ်စွဲလိုသောကျောန့် သူလို့ဟ ကိုယ်တော်အား “ဥပုသ်နေ့နှိုက် အနာရောဂါ ပျောက်ကင်းစေခြင်းဟ ငါလို့ရဲ့ ပညတ်တရားဟို ဆန့်ကျင်သလော” ဟု မေးဆှောက်ကြအယ်။
လူအချို့လို့ဟ ယေရှုဟို ပစ်တင်စွပ်စွဲရန်အတွက် ဥပုသ်နေ့နှိုက် သူ့အား ပျောက်စေမယ် အဲဟာမဟုတ်ရင် မပျောက်စေဘူးဆိုတာ အနီးကပ် စောင့်ကျေ့နေကြအယ်။
အဲပင်းရင် ယေရှုဟ “ငါလို့ ပညတ်တရားအရ ဥပုသ်နေ့တွင် ကောင်းသောအရာ အဲဟာမဟုတ်ရင် ဆိုးသောအရာဟို ပြုသင့်သလော၊ လူ့အသက်ဟို ကယ်အပ်သလော အဲဟာမဟုတ်ရင် သတ်အပ်သလော” ဟု သူလို့အား မေးလေအယ်။ အားပင်မဲ့ သူလို့ဟ တိတ်တိတ်လေး နေကြအယ်။
ယေရှုဟ သူလို့ရဲ့ အတွေးဟို သိသောကျောန့် သူ့အား “ထလော့၊ အဆေ့မှာ လာလော့” ဟု မိန့်အယ်။ အေးသူဟ နေရာမှ ထပင်း ရပ်လေအယ်။
ငါ့ဟို စေလွှတ်သော သူရဲ့အမှုဟို နေ့အချိန်နှိုက် ဆိစဉ် ငါလို့ လုပ်ရမယ်၊ စသူမျှ မလုပ်ဆောင်နိန်သော အချိန်တည်းဟူသော ညအချိန် ရောက်လာလိမ့်မယ်။
အဲလိုမို့ ချစ်သော ညီအကို မောင်နှမလို့၊ နင်လို့ဟ သခင်ဘုရားနှိုက် နင်လို့ရဲ့ ကြိုးပမ်းအားထုတ်မှုဟ အလကားကား မဖြစ်ကျောန်း သိမှတ်ယွေ့ ရွေ့လျော့တိမ်းယိမ်းခြင်း မဆိဘဲလျက် သခင်ဘုရားရဲ့ အမှုတော်ဟို နင်လို့တတ်တိုင်း ပြေ့စုံစွာ အစဉ်အမြဲ ကြိုးစားအားထုတ်ကြလော့။
အေးလိုမို့ ကောင်းသောအမှုပြုရန် မငြီးငွေ့ပါနဲ့၊ အကျောန်းမှာ ငါလို့ အရှုံးမပေးရင်၊ ရိတ်ရသော အချိန်ရောက်လိမ့်မယ်။
ငါဟ တုတ်ချေခံနေရစဉ်တွင် ရမ်းဆာ့သော ယုံကြည်သူလို့ဟ သခင်ဘုရားဟို ပိုမို ယုံကြည်လာကြအယ်။ အဲလိုမို့ သူလို့ဟ နှုတ်ကပတ်တရားဟို မကြောက်မရွံ့ ဟောပြောရန် အချိန်တိုင်း ရဲရင့်လာစေအယ်။
ခရစ်တော်ဟ ကိုယ်ခန္ဓာနှိုက် အေးလို့ ဆင်းရဲဒုက္ခခံစားရတာ ဖြစ်ယွေ့ နင်လို့ဟလည်း အေးလို့သော သဘောထားမျိုးဟို လက်နက်အဖြစ် စွဲကိုင်ကြလော့။ ပစာကို့ ကိုယ်ကာယတွင် ဆင်းရဲဒုက္ခခံစားရသောသူဟ အပစ်နဲ့ ပြတ်စဲပီ ဖြစ်အယ်။