2 လူအချို့လို့ဟ ယေရှုဟို ပစ်တင်စွပ်စွဲရန်အတွက် ဥပုသ်နေ့နှိုက် သူ့အား ပျောက်စေမယ် အဲဟာမဟုတ်ရင် မပျောက်စေဘူးဆိုတာ အနီးကပ် စောင့်ကျေ့နေကြအယ်။
တရားဇရပ်ထဲတွင် လက်တဖက်သေသူ လူတယောက်ဆိအယ်။ လူအချို့လို့ဟ ယေရှုဟို ပစ်တင်စွပ်စွဲလိုသောကျောန့် သူလို့ဟ ကိုယ်တော်အား “ဥပုသ်နေ့နှိုက် အနာရောဂါ ပျောက်ကင်းစေခြင်းဟ ငါလို့ရဲ့ ပညတ်တရားဟို ဆန့်ကျင်သလော” ဟု မေးဆှောက်ကြအယ်။
ယေရှုဟ လက်တဖက်သေသောသူအား “လူတိုင်းဆေ့တွင် မတ်တတ်ရပ်လော့” ဟု ပြောလေအယ်။
ဥပုသ်နေ့ တနေ့တွင် ယေရှုဟ အစားစာသုံးဆောင်ရန် ဖာရိရှဲ ခေါင်းဆောင်တဦး နေအိုင်ဟို ဝင်လေအယ်၊ လူလို့ဟ ယေရှုဟို စောင့်ကျေ့နေကြအယ်။
အေးလို့မို့ သူလို့ဟ အခွင့်အရေးဟို စောင့်နေကြအယ်။ သူလို့ဟ ယေရှုရဲ့ စကားအမားဟို ဆာပင်းရင် ကိုယ်တော်အား ဘုရင်ခံမင်းလက်ဟို အပ်ခွင့်ရနိန်ရန် သူတော်ကောင်းယောင်ဆောင်သော သူလျှိုများဟို သခင့်ဆေဟို စေလွှတ်ကြအယ်။
အချို့ ကျမ်းတတ်ဆရာများနဲ့ ဖာရိရှဲအချို့လို့ဟ ယေရှုဟို မားလဲ့လုပ်ရပ်အဖြစ် စွပ်စွဲဖို့ အကျောန်းပြချက် လိုချင်နေသဖြင့်၊ ကိုယ်တော်ဟ ဥပုသ်နေ့နှိုက် အေးသူရဲ့ ရောဂါဟို ငြိမ်းစေမယ် မငြိမ်းစေမယ်ဟို သူလို့ဟ စောင့်ကျေ့နေကြအယ်။
သူလို့ဟ ယေရှုဟို စွပ်စွဲနိန်ရန် အေးလို့ ထောင်ချောက်ဆင်ယွေ့ မေးကြခြင်း ဖြစ်အယ်။ အဲလိုလဲ ကိုယ်တော်ဟ ငုံ့ယွေ့ မြေပေါ်တွင် သူရဲ့လက်ညှိုးနဲ့ ရေးခြစ်လျက် နေအယ်။
ဖာရိရှဲအချို့လို့ဟ “အေးသူသည် ဥပုသ်နေ့ဟို မစောင့်ထိန်းသောကျောန့် ဘုရားသခင်ဆေမှ လာသောသူ မဟုတ်” ဟု ဆိုအယ်။ အခြားသောသူလို့ဟ “အပစ်သားဖြစ်သောသူတဦးဟ ဟေလို့သော နိမိတ်လက္ခဏာလို့ဟို စလို ပြုလုပ်နိန်မှာလဲ” ဟု ဆိုကြအယ်။ အားပင်း သူလို့ထဲတွင် ကွဲပြားခြင်း ဆိကြအယ်။