2 ရမ်းဆာ့သော လူလို့ဟ စုဝေးလာကြသဖြင့် အဲမှာ အခန်းလွတ်များ မကျန်တော့သာမက၊ ထင်ခါး အပြင်ဖက်မှာ နေရာပင် မဆိတော့ပေ။ ယေရှုဟ သူလို့အား တရားတော်ဟို ဟောလျက် နေလေအယ်။
အားပင်း ယေရှုဟ သူလို့ဟို သင်ကြားတာဟ၊
ယောဟန်ဟ အကျဉ်းထောင်ထဲဟို ရောက်ပင်းနောက် ယေရှုဟ ဂါလိလဲပြေသို့ ကြွလာယွေ့ ဘုရားသခင်ဆေမှ သတင်းကောင်းဟို ဟောလေအယ်။
မြို့ထဲမှ လူအားလုံးလို့ဟ နေအိုင် ဆေ့အူးတွင် စုဆုံလျက် ဆိနေကြအယ်။
သူလို့ ကိုယ်တော်ဟို တွေ့သောအခါ “လူအပေါင်းလို့ဟ ကိုယ်တော်ဟို ဆာနေကြပါအယ်” ဟု ပြောကြအယ်။
အားပင်မဲ့ သူထွက်သွားပင်း သတင်းဟို နေရာအနှံ့ဟို ပြောကြားလေအယ်။ အဲသတင်းဟ ရမ်းဆာ့ ပြန့်သွားသဖြင့် ယေရှုဟ မြို့ထဲဟို လူသိဆှင်ကြား မဝင်နိန်တော့ချေ။ ဆိတ်ကွယ်ရာအရပ်တွင် နေခဲ့ပင်း အရပ်ရပ်မှ လူအပေါင်းလို့ဟ ကိုယ်တော်ဆေဟို လာကြလေအယ်။
ရက်နဲနဲကြာသောအခါ ယေရှုဟ ကပေရနောင်မြို့ဟို လဲ့ပြန်လာပင်း၊ နေအိုင်မှာ ကိုယ်တော် ရောက်ဆိနေလဲ့ သတင်းဟ ပျံ့နှံ့သွားလေအယ်။
ယေရှုဟ ဂါလိလဲအိန်နားဟို နောက်တခါ လဲ့ပြန်လာအယ်။ လူအုပ်လို့ဟ ကိုယ်တော်ဆေဟို လာကြယွေ့ သူလို့ဟို စတင်သွန်သင်လေအယ်။
ယေရှုဟ လှေမှ တက်သောအခါ လူအုပ်ကြီးဟို မျော်ရင်၊ သူလို့ဟ သိုးထိန်း မဆိသော သိုးများနဲ့ တူသောကျောန့် သူလို့ကို သနားခြင်း ဆိအယ်။ အေးလိုမို့ ကိုယ်တော်ဟ သူလို့ဟို ရမ်းဆာ့သော အရာလို့ဟို စတင်သွန်သင်လေအယ်။
ထောင်ပေါင်းများစွာသော လူအုပ်ကြီးများလို့ဟ အတူတူစုသောကျောန့် အချင်းချင်း တက်နင်းမိကြအယ်၊ ယေရှုဟ တဘဲ့တော်လို့ဟို ပထမဦးဆုံး “ဖာရိရှဲလို့ရဲ့ တဆေးဟို သတိနဲ့ ဆောင်ကြဟု မိန့်အယ် — ဆိုလိုတာဟ သူလို့ဟ သူတော်ကောင်းယောင်ဆောင်ထားသောကျောန့် ဖြစ်အယ်။
တနေ့မှာ ယေရှုဟ သွန်သင်နေစဉ် ယေရုရှလင်မြို့မှ စပင်း ယုဒပြေ၊ ဂါလိလဲပြေ မြို့များမှ လာကြသော ဖာရိရှဲလို့နဲ့ ကျမ်းတတ်ဆရာများဟ ထိန်နေကြအယ်။ အနာရောဂါများ ပျောက်ကင်းစေဖို့ ဘုရားသခင်ရဲ့ တန်ခိုးတော်ဟ ယေရှုနဲ့အတူ ဆိအယ်။
ကာလကတစ်ကြာသော် ယေရှုဟ တမြို့ပင်း တမြို့၊ တရွာပင်း တရွာဟို လှည့်လည်ကာ ခရီးသွားလျက် ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်း သတင်းကောင်းဟို ဟောပြောအယ်။ တဘဲ့တော် တဆယ့်နေဦးလုံး ကိုယ်တော်နဲ့အတူ သွားကြအယ်၊
“အေးဥပမာရဲ့ ဆိုလိုရင်း အဓိပ္ပာယ်ဟ မျိုးစေ့ဟ ဘုရားသခင်ရဲ့ စကားဖြစ်အယ်။
သတေဖန် အသတ်ခံရမှုနဲ့ ဆက်စပ်ယွေ့ ဖြစ်ပေါ်လာသော ညှဉ်းဆဲမှုကျောန့် အရပ်ရပ်သို့ ကွဲလွင့်သွားကြသော ယုံကြည်သူအချို့လို့ဟ ဖိနိတ်ပြေ၊ ကုပရုကျွန်း၊ အန္တိအုတ်မြို့ တိုင်အောန် သွားကြအယ်။ သူလို့ဟ နှုတ်ကပတ်တရားတော်ဟို ယုဒအမျိုးသားလို့ဟိုသာ ပြောကြအယ်။
သူလို့ဟ ပေရဂေမြို့တွင် တရားတော်ဟို ဟောပြောကြပင်းနောက် အတ္တလိမြို့သို့ သွားပင်း၊
သူလို့ဟ ဖြူဂိပြေနဲ့ ဂလာတိပြေလို့ဟို ဖြတ်သွားကြသောကျောန့် သန့်ဆှင်းသော ဝိညာဉ်တော်ဟ သူလို့အား အာရှပြေနှိုက် နှုတ်ကပတ်တရားတော်ဟို ဟောပြောရန် အခွင့်ပေးတော်မမူ။
ပေတရုနဲ့ ယောဟန်လို့ဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားဟို သက်သေခံယွေ့ ဟောပြောကြပင်းနောက် ယေရုရှလင်မြို့သို့ ပြန်သွားကြအယ်။ သူလို့ အပြန်လမ်းခရီးတွင် ရမ်းဆာ့သော ရှမာရိရွာလို့နှိုက် သတင်းကောင်းဟို ဟောပြောကြအယ်။
အဲလိုလဲ အဲစာဟ စလို ဟောထားလုန်း။ “တရားတော်ဟ နင့်နဲ့ အနီးတွင် ဆိအယ်။ နင်ရဲ့ စလောင်နှိုက် လည်းကောင်း၊ နင့်ရဲ့ စိတ်နေလုံးနှိုက် လည်းကောင်း ဆိအယ်” ဟု ဆိုအယ်။ ငါဟောပြော ကြေညာလဲ့ ယုံကြည်ခြင်းတရားဟို ဆိုလိုအယ်။
နှုတ်ကပတ်တော်ဟို ဟောပြောလော့၊ အချိန်ဆိတာ ဖြစ်စေ၊ မဆိတာ ဖြစ်စေ၊ ကြိုးစားအားထုတ်လော့၊ အပစ်ဟို ဖော်ပြလော့၊ ဆုံးမခြင်းဟို ပြုလော့၊ ရမ်းဆာ့ဆှည်သောစိတ်နဲ့ ဩဝါဒမျိုးဟို ပေးယွေ့ တိုက်တွန်းနှိုးဆော်လော့။