2 တနင်္ဂနွေနေ့ နက်စာအစော၊ နေထွက်ချိန်တွင်၊ သူလို့ဟ လုတ်တိုင်းသို့ သွားကြအယ်။
ဥပုသ်နေ့ပင်းနောက် တနင်္ဂနွေနေ့ မိုးလင်းခါနီး အချိန်နှိုက် မာဂဒလမြို့သူ မာရိနဲ့ တခြားမာရိလို့ဟ လုတ်တိုင်းဟို သွားကျေ့ကြအယ်။
ဥပုသ်နေ့ လွန်သွားသောအခါ၊ မာဂဒလမြို့သူ မာရိ၊ ယာကုပ်ရဲ့ အမေ မာရိနဲ့ ရှာလုံလို့ဟ ယေရှုရဲ့ အလောင်းဟို သွားယွေ့ လိမ်းရန် ဆီမွှေးများဟို ဝယ်ယူကြအယ်။
အားပင်း သူလို့ဟ “လုတ်တိုင်းဂူဝမှ ကျောက်တုံးဟို စသူ လှိမ့်ဖယ်ပေးမှာလုန်း” ဟု အချင်းချင်း ပြောဆိုကြအယ်။
တနင်္ဂနွေ နက်စာအစော မိုးလင်းစချိန်တွင် အေးမိန်းမလို့ဟ သူလို့ အသင့်ပြင်ဆင်ထားလဲ့ နံ့သာပေါင်းဟို ယူယွေ့ လုတ်တိုင်းဆေဟို သွားကြအယ်။
တနင်္ဂနွေနေ့ မိုးမလင်းခင် မိုက်နေသေးခါနှိုက် မာဂဒလမြို့သူ မာရိဟ လုတ်တိုင်းသို့ သွားယွေ့ တွင်းဝမှာပိတ်သော ကျောက်တုံးဟ ဖယ်လောထားတာဟို မျော်လေအယ်။