8 လူမျိုးတမျိုးနဲ့ တမျိုး၊ တနိုင်ငံနဲ့ တနိုင်ငံ ရန်ဖက်ပြုကြလိမ့်မယ်။ နေရာအနှံ့အပြားတွင် မြေငလျင်လှုပ်ယွေ့ အစာငတ်မွတ် ခေါင်းပါးမှုများ ဖြစ်လိမ့်မယ်။ အဲဒါတွေဟ သားဖွားခြင်း ဝေဒနာရဲ့အစ ဖြစ်အယ်။
ဟေအမှုအားလုံးလို့ဟ လူပဲ့မွေးခြင်း ဝေဒနာရဲ့အစလိုမျိုး ဖြစ်ကြအယ်။
နင်လို့ဟ စစ်ပွဲများနဲ့ စစ်ပွဲများရဲ့ ကောလဟာလများဟို သင်ကြားရသောအခါ၊ မထိတ်လန့်ပါနဲ့။ အေးလိုမျိုးအရာများဟ ဖြစ်ပျက်လာရမယ်၊ အဲလိုလဲ အဆုံးသတ်ဖို့ လာရန် လိုသေးအယ်။
“နင်လို့တတ်တိုင်းဟလည်း သတိထားရမယ်။ နင့်ဟို ဖမ်းပင်း တရားရုံးသို့ ခေါ်သွားကြလိမ့်မယ်။ တရားဇရပ်များနှိုက် နင်အရိုက်ခံရလိမ့်မယ်၊ နင်လို့ဟာ ငါ့အတွက်ကျောန့် အာဏာပိုင်များနဲ့ ဆှင်ဘုရင်များရဲ့ ဆေ့နှိုက်ရပ်ယွေ့ သတင်းကောင်းဟို ပြောရကြလိမ့်မယ်။
အဲသူလို့အနက် အာဂဗု နာမယ်ဆိသော သူဟ ထယွေ့ ကမ္ဘာတဝှမ်းလုံးတွင် အစားအစာ ငတ်မွတ်ခေါင်းပါးခြင်း ဘေးကြီး သက်ရောက်လိမ့်မယ်ဟု ဝိညာဉ်တော်အားဖြင့် ကြိုတင် ဟောပြောလေအယ်။ အေးဘေးဟ ဧကရာဇ် ကလောဒိ လက်ထက်နှိုက် ဖြစ်ပျက်ခဲ့လေအယ်။
“ငြိမ်သက်ခြင်းနဲ့ လုံခြုံခြင်း ဆိအယ်” လို့ လူတွေပြောနေခါ ဖိုက်ကြီးသည် မိန်းမနှိုက် အောန်ငဲငယ်မွေးခြင်း ဝေဒနာရောက်လာသလိုမျိုး ပျက်စီးခြင်းဟ သူလို့အပေါ် ရုတ်တရက် ရောက်လာယွေ့ သူလို့ဟ လုံးလုံး လွတ်မြောက်နိန်လိမ့်မယ် မဟုတ်။
အဲအခါ နီရဲသော အခြား မြင်းတကောင် ထွက်လာအယ်။ အဲမြင်းပေါ်တွင် စီးသောသူဟ လူလို့အား အချင်းချင်း သတ်ဖြတ်ကြစေရန် မြေကြီးပေါ်မှ ငြိမ်းချမ်းမှုဟို ရုပ်သိမ်းရသော အခွင့်ဟို ရဆိအယ်။ ထားကြီးတလက်ဟိုလည်း သူ့အား ပေးလေအယ်။